
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့
(၁၂) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့်
ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးများသို့တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ထွက်ခွာ
နေပြည်တော် ဇူလိုင် ၁၅
လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆလုံး ဆေးကိုမာဆစ်နှင့် ထိုင်းဘုရင့်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီး မစ္စတာဒွန်ပရာမွတ်(ဒ်) ဝီနိုင်းတို့၏ တရားဝင်ဖိတ်ကြားချက် အရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် (၁၂) ကြိမ်မြောက် မဲခေါင် - ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးနှင့် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်း အဝေးများသို့ တက်ရောက်ရန် ယနေ့တွင် ထိုင်းနိုင်ငံသို့ ထွက်ခွာ သွားကြသည်။
အဆိုပါ မြန်မာကိုယ်စား လှယ်အဖွဲ့အား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြ သည်။
သတင်းစဉ်