
နေပြည်တော် ဖေဖော်ဝါရီ ၃
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် အငယ်တန်း အမှုထမ်းများ အခြေခံရုံးလုပ်ငန်း ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်း အခမ်း အနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ တက်ရောက်သင်တန်းဆင်း အမှာစကား ပြောကြားသည်။
တက်ရောက်
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက် ကြသည်။
အဆိုပါသင်တန်းကို ဇန်နဝါရီ ၉ ရက်မှ ဖေဖော်ဝါရီလ ၃ ရက်အထိ ရက်သတ္တ လေးပတ်ကြာ ဖွင့်လှစ်ပို့ချ ပေးခဲ့ခြင်းဖြစ်ပြီး အသစ်ခန့်အပ်လိုက် သည့် အငယ်တန်း အမှုထမ်းများအတွက် အခြေခံ ရုံး လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာများ၊ နိုင်ငံတကာ ရေးရာများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ ကောင်စစ် ရေးရာများ၊ ဘဏ္ဍာရေး၊ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အခြေခံဗဟုသုတများကို သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
သတင်းစဉ်