
နေပြည်တော် မတ် ၁၅
နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ညစာစားပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားတို့ကို ယနေ့ညနေပိုင်းတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနဝင်းအတွင်း၌ ကျင်းပ သည်။
တက်ရောက်
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဝန်ကြီး ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁) ပြည် ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ၊ နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး၊ ပြည်ထောင်စု ရာထူးဝန် အဖွဲ့ အဖွဲ့ဝင် ဦးကျော်မျိုးထွဋ်၊ ဖိတ်ကြားထားသူများ၊ ခေတ္တ အမြဲတမ်းအတွင်းဝန်၊ သံအမတ် ကြီးများ၊ အငြိမ်းစားသံအမတ်ကြီး များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် ဝန်ထမ်းများ တက်ရောက် ကြသည်။
အောင်မြင်မှုများတွေ့ရှိ
ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ က (၇၇) နှစ်မြောက် နှစ်ပတ်လည် နေ့အထိမ်းအမှတ် အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ တစ်နှစ်ခန့် အလို ၁၉၄၇ ခုနှစ် မတ် ၁၇ ရက် တွင် နိုင်ငံခြားရေးဌာန (Foreign Affairs Department) စတင် တည်ထောင်ခဲ့ခြင်းကို နိုင်ငံခြား ရေးဝန်ကြီးဌာန စတင်တည်ထောင် သောနေ့အဖြစ် သတ်မှတ်ခဲ့ရာ ယခုနှစ်တွင် (၇၇) နှစ်မြောက် နှစ်ပတ်လည် အခါသမယသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သက်တမ်းသည် (၇၇) နှစ်ရှိပြီဟု ဆိုသော်လည်း မြန်မာတို့၏ နိုင်ငံ တကာဆက်ဆံရေး သမိုင်းသည် နှစ်ပေါင်း (၂၀၀၀) ကျော်ရှိခဲ့ပြီဖြစ် ကြောင်း၊ မြန်မာနိုင်ငံဟု မပေါ် ပေါက်မီ ဘီစီ (၂) ရာစုက စတင် ပေါ်ပေါက်ခဲ့သော မြန်မာနိုင်ငံ၏ City States မြို့ပြနိုင်ငံငယ်လေး များသည် အိမ်နီးချင်းနိုင်ငံများသို့ သံတမန်များ စေလွှတ်ခဲ့ခြင်းများ ကို သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုး မြို့ပြနိုင်ငံငယ်လေးများ ၏သမိုင်းတွင် လေ့လာတွေ့ရှိရ ကြောင်း၊ မြန်မာနိုင်ငံအဖြစ် စုစည်းတည်ထောင်ခဲ့သည့် ပုဂံ ခေတ်မှစ၍ မြန်မာဘုရင်များ အုပ်ချုပ်ခဲ့သော ခေတ်အဆက် ဆက်တွင်လည်း အခြားနိုင်ငံများနှင့်ရင်းနှီးသော မဟာမိတ်ဆက်ဆံ ရေးထူထောင်ခြင်း၊ ကြုံတွေ့ရ သော စစ်ရေးပဋိပက္ခများကို ဖြေရှင်းရန် သံတမန်အဖွဲ့များ အပြန်အလှန် စေလွှတ်ခြင်းများရှိ ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ခေတ်သစ်သမိုင်းတွင်လည်း ဂုဏ်ယူ ရမည့် နိုင်ငံတကာဆက်ဆံရေး၊ သံတမန်ရေး အောင်မြင်မှုများကို တွေ့ရှိရပါကြောင်း။
ယနေ့ မျက်မှောက်ခေတ် ကမ္ဘာတွင် နိုင်ငံအများဆုံးကျင့်သုံး နေသော ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကို ၁၉၅၄ ခုနှစ်တွင် အိန္ဒိယ၊ တရုတ်နိုင်ငံတို့နှင့်အတူ မြန်မာနိုင်ငံက မူဝါဒစတင်ချမှတ် ခဲ့သည့်နိုင်ငံအဖြစ်လည်း အထူး ဂုဏ်ယူရပါကြောင်း၊ ထိုမူဝါဒကို အခြေခံပြီး ၁၉၅၅ ခုနှစ်တွင် ကျင်းပ ပြုလုပ်ခဲ့သော ဘန်ဒေါင်းညီလာခံ တွင် ဦးဆောင်ကျင်းပသော နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပါကြောင်း၊ ကမ္ဘာ့ ကုလသမဂ္ဂပြီးလျှင် ကမ္ဘာ့အကြီး ဆုံး နိုင်ငံတကာအဖွဲ့အစည်းတစ်ခု ဖြစ်သည့် ဘက်မလိုက်လှုပ်ရှား မှုအဖွဲ့ (NAM) ကို စတင်ဖွဲ့စည်း တည်ထောင်သော Founding member လည်း ဖြစ်ခဲ့ပါကြောင်း၊ ယခုအခါ နိုင်ငံပေါင်း ၁၂၆ နိုင်ငံ နှင့် သံတမန်အဆက်အသွယ် ထူထောင်ထားပြီး ပြည်ပနိုင်ငံများ တွင် သံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန် ချုပ်ရုံး ၅၁ ရုံးဖွင့်လှစ်ကာ နိုင်ငံ့ ဝန်ထမ်းသံတမန်များ တာဝန် ထမ်းဆောင်လျက် ရှိကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၇)နှစ် တာကာလတစ်လျှောက် စွမ်းစွမ်း တမံ ကြိုးပမ်းဆောင်ရွက်ခဲ့ကြ သည့် သားကောင်းတမန်များကို လည်း အသိအမှတ်ပြုချီးကျူး ဂုဏ်ပြုပါကြောင်း၊ အောင်မြင်သော သံတမန်များဖြစ်ရန် ရှေ့အစဉ် အဆက် တာဝန်ထမ်းဆောင်ခဲ့ကြ သောသံတမန်များ၏ ကောင်းမွန် သော အားသာချက်များကို လေ့လာ သင်ယူသကဲ့သို့ သံတမန်တစ်ဦး တွင် ရှိသင့်ရှိထိုက်သော အရည် အသွေး (Diplomatic Characte-ristic) များကို မြင့်မားအောင် ကြိုးစားကြရန်လိုကြောင်း။
လေ့လာဆည်းပူးနေရန်လို
သံတမန်တစ်ဦး၏ အရေး ကြီးဆုံးသော အရည်အသွေးသည် သစ္စာရှိမှု Loyalty ဖြစ်ပါကြောင်း၊ သံတမန်များသည် နိုင်ငံကိုယ်စား ပြု ဆောင်ရွက်ရသူများဖြစ်သဖြင့် သစ္စာဖောက်ဖျက်ပါက နိုင်ငံနှင့် လူမျိုးအတွက် ကြီးမားသောနစ်နာ ဆုံးရှုံးမှုဖြစ်ရကြောင်း၊ သစ္စာ ဖောက်ဖျက်သော သံတမန်များ အနေဖြင့်လည်း ဘဝကိုအေးချမ်း စွာဖြင့် ဂုဏ်သိက္ခာရှိရှိ ဖြတ်သန်း နိုင်မည့် အခွင့်အရေးဆုံးရှုံးလိမ့် မည်ဖြစ်ကြောင်း၊ သံတမန်များ အနေဖြင့် Communication Skill ၊ Language Skill ၊ Negotiation Skill အရည်အသွေးများကို အစဉ် လေ့ကျင့်၍ လေ့လာဆည်းပူးနေကြ ရန်လိုကြောင်း၊ အရှည်ကိုမြော်မြင် စဉ်းစားချင့်ချိန်နိုင်သော Strategic Thinking ၊ သတ္တိနှင့် ယုံကြည်မှု (Courage and Confidence) တို့ရှိရန်လည်း အရေးကြီးပါ ကြောင်း၊ သံတမန်များသည် ကြီးမားသော ပြဿနာများကို အနည်းဆုံးအင်အားဖြင့် ရင်ဆိုင် ဖြေရှင်းကြရသူများ ဖြစ်သည့် အတွက် သတ္တိနှင့် ယုံကြည်မှု မရှိလျှင် ကျဆုံးသွားနိုင်ကြောင်း၊ သစ္စာမဲ့သူ ဖြစ်သွားနိုင်ကြောင်း၊ ဂုဏ်သိက္ခာမဲ့သူအဖြစ်သို့ ရောက်ရှိ သွားနိုင်ကြောင်း။
တာဝန်သိသိဖြင့်ဆောင်ရွက်
နိဂုံးချုပ်အနေဖြင့် အစဉ်အလာ ကောင်းများရှိသော မြန်မာသံတမန် လောကတွင် နိုင်ငံတော်နှင့် နိုင်ငံ သားတို့၏ အကျိုးစီးပွားကို ဖော်ဆောင်ရန် ဝင်ရောက်တာဝန် ထမ်းဆောင်နေကြသော နိုင်ငံ့ ဝန်ထမ်း သံတမန်များအနေဖြင့် ဘိုးဘေးဘီဘင်များ စွမ်းဆောင်ခဲ့ မှုကြောင့် တည်တံ့ခိုင်မြဲနေသော နိုင်ငံတော်ကြီး ဆက်လက်တည်တံ့ ခိုင်မြဲရန်နှင့် ပိုမိုဖွံ့ဖြိုးတိုးတက် ရန် သစ္စာရှိရှိဖြင့် တာဝန်သိသိ ဆက်လက် ကြိုးပမ်းဆောင်ရွက် သွားကြပါရန် နိုင်ငံခြားရေးဝန်ကြီး ဌာန၏ (၇၇) နှစ်မြောက် နှစ်ပတ် လည်အခါသမယတွင် တိုက်တွန်း နှိုးဆော်အပ်ပါကြောင်း မှာကြား သည်။
ဆုများချီးမြှင့်
ထို့နောက် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် အထက်မြန်မာပြည် နှင့် အောက်မြန်မာပြည်တို့၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများနှင့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနတွင်း အားကစား ပြိုင်ပွဲများတွင် ပထမဆုရရှိခဲ့ကြ သည့် ဝန်ထမ်းများကို ဆုများ ချီးမြှင့်ခြင်း၊ နိုင်ငံခြားရေး ဝန်ကြီး ဌာန၏ (၇၇) နှစ်မြောက် နှစ်ပတ် လည်နေ့အထိမ်းအမှတ်ကို ဂုဏ်ပြု သည့်အနေဖြင့် ဝန်ထမ်းများ အတွက် အထူးဆုမဲ ၇၇ ဆု မဲဖောက်ခြင်းတို့ဖြင့် အခမ်းအနား ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ သည်။
သီဆိုဖျော်ဖြေ
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီး၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဝင်၊ ခေတ္တအမြဲတမ်း အတွင်းဝန်၊ သံအမတ်ကြီးများ၊ အငြိမ်းစား သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များက ဝန်ထမ်း များနှင့် အတူတကွ ညစာသုံးဆောင် ကြပြီး ညစာသုံးဆောင်နေစဉ် ဝါသနာရှင်ဝန်ထမ်းများက ယိမ်း အကများ၊ တေးသံသာများ ဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်