နိုင်ငံ့ဂုဏ်မြှင့်တင်ဆောင်ရွက်ခဲ့ကြသည့် မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများ၏ ဘဝနောင်ရေးအာမခံချက်ရရှိရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်  စက်တင်ဘာ   ၁


နိုင်ငံ့ဂုဏ်မြှင့်တင်ဆောင်ရွက်ခဲ့ကြသည့် မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများ၏ ဘဝနောင်ရေး အာမခံချက်ရရှိရေး  အစီအမံများ  ညှိနှိုင်းအစည်းအဝေးကို  ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အထူးအလေးပေးဆောင်ရွက်
အစည်းအဝေးတွင်      ပြည် ထောင်စုဝန်ကြီး       ဦးမင်းသိန်းဇံ က နိုင်ငံ့ဂုဏ်ဆောင်အားကစား သမားဟောင်းများ ဘဝနောင်ရေး အာမခံချက်  ရရှိစေရေးအတွက် နိုင်ငံတော်မှ   အထူးအလေးပေး ဆောင်ရွက်ရန် မူဝါဒချမှတ်ထား ပါကြောင်း၊   အားကစားသမား တစ်ယောက်သည်     နိုင်ငံ့ဂုဏ် ဆောင် အားကစားသမားဖြစ်ရန် ဘဝသက်တမ်းတစ်လျှောက်လုံး အားကစားတွင် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး ကြိုးစားဆောင်ရွက် ခဲ့ကြသူများ ဖြစ်ပါကြောင်း၊ ယခု အခါ   အားကစားသမားဟောင်း များသည် အနားယူပြီး မကစားနိုင် ချိန်တွင် အများစုမှာ အထောက် အကူမဲ့    ချို့တဲ့စွာ   နေထိုင်နေရ ပါကြောင်း၊    အားကစားသမား ဟောင်းများအား နိုင်ငံတော်အနေ ဖြင့် တစ်စိတ်တစ်ပိုင်း အထောက် အကူ     အသိအမှတ်ပြု    ဆောင် ရွက်ပေးမည်ဆိုပါက     လက်ရှိ အားကစားသမားများ  အနေဖြင့် နိုင်ငံတော်အတွက်   ကြိုးစားရာ တွင် တစ်ချိန်မိမိတို့အား နိုင်ငံတော် မှ ပြန်လည်ကြည့်ရှု၍ နောင်ရေး စီမံ   ဆောင်ရွက်ပေးထားသည် ဟူသော   အသိရှိလာပါက  ယခင် ထက်     ပိုမိုယုံကြည်ချက်မြင့်မား ပြီး  နိုင်ငံတော်အတွက်   ကြိုးစား ဆောင်ရွက်လာမည်        ဖြစ်ပါ ကြောင်း ပြောကြားသည်။
ဆွေးနွေးတင်ပြ
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က    နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအား နိုင်ငံ တကာမှ ထောက်ပံ့ထားရှိမှုအခြေ အနေများကို       လည်းကောင်း၊ လက်ရှိမြန်မာနိုင်ငံ Asian Game၊ SEA  Games   ဆုရရှိသူများအား ထောက်ပံ့နေမှု     အခြေအနေများ ကို      လည်းကောင်း     ဆွေးနွေး တင်ပြသည်။
ကြိုတင်စီမံထောက်ပံ့
ထို့နောက် ညွှန်ကြားရေးမှူး ချုပ်    ဦးထွန်းမြင့်ဦးက    လက်ရှိ နိုင်ငံ့လက်ရွေးစင်   ကစားသမား  များအား    အလုပ်အကိုင်      အခွင့် အလမ်းရရှိရေး   စီစဉ်ဆောင်ရွက် ပေးနေမှု၊ နည်းပြအဖြစ် ခန့်အပ် ထားရှိမှုအခြေအနေ၊ အားကစား သမားဟောင်းများအား   ပင်စင် အဖြစ်   ဆုတံဆိပ်   ရရှိမှုအပေါ် မူတည်ပြီး လစဉ်ပေးအပ်နိုင်ရေး ဘတ်ဂျက် ရေးဆွဲဆောင်ရွက်ထား ရှိမှု၊ အားကစားသမားများ စာရင်း ကောက်ယူရရှိမှု     အခြေအနေ များကို   လည်းကောင်း၊     နိုင်ငံ့ လက်ရွေးစင်        အားကစားသမား ဟောင်းများအသင်းဥက္ကဋ္ဌ  ဦးနန္ဒ ကျော်စွာက       အားကစားသမား များ၏ စွန့်လွှတ်စွန့်စားမှုကို အသိ အမှတ်ပြုသောအားဖြင့်      နိုင်ငံ တကာဆုရရှိမှုအပေါ်တွင် လည်း ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်  အသိ အမှတ်ပြုချီးမြှင့်စေလိုမှု    အခြေ အနေကိုလည်းကောင်း၊    နိုင်ငံ တကာလက်ရွေးစင်    အားကစား သမားဟောင်းများအသင်း အတွင်း ရေးမှူး      ဦးစိုးဝင်းက      လက်ရှိ နိုင်ငံ့      အားကစားသမားဟောင်း များအား    ထောက်ပံ့ပေးမှု    အစီ အစဉ်များဖြင့်  လက်ရှိအားကစား သမားများ ဘဝနောင်ရေးအတွက် ကြိုတင်စီမံ    ထောက်ပံ့နိုင်ရေး အစီအစဉ်များကို လည်းကောင်း တင်ပြဆွေးနွေးကြသည်။
ဝိုင်းဝန်းဆွေးနွေး
ဆက်လက်၍  အခမ်းအနား တက်ရောက်လာကြ    သူများက မသန်စွမ်း အားကစားသမားများ အား ဖြည့်စွက်ထောက်ပံ့ပေးနိုင် ရေး  အစီအစဉ်များ၊ အားကစား သမားဟောင်းများတွင်   ကျန်းမာ ရေး  အာမခံချက်ထားရှိ    ဆောင် ရွက်နိုင်ရေး   အစီအစဉ်များနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးကြ ပြီး  ပြည်ထောင်စုဝန်ကြီးက နိဂုံး ချုပ်စကား  ပြောကြားခဲ့ကြောင်း သိရသည်။                

သတင်းစဉ်