နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားမှ ဂုဏ်ယူဝမ်းမြောက်ဖွယ် မြင်ကွင်းများနှင့် ဆက်စပ်တွေးမိသော အတွေးစများ …

Type
5

 

ကိုဌေး (ကနောင်)

ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည် မင်္ဂလာတစ်ပါး


ဂုဏ်ပြုထိုက်သူကို  ဂုဏ်ပြုခြင်းသည်  မင်္ဂလာ တစ်ပါးဖြစ်သည်ဟု မြန်မာလူမျိုးတို့က ခံယူထား ကြသည်။ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုသည့် အခမ်း အနားများကို မြင်တွေ့ရတိုင်း စာရေးသူအနေဖြင့် မြန်မာလူမျိုးတစ်ဦးပီပီ ဂုဏ်ပြုသူရော ဂုဏ်ပြုခံရသူ များပါ ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ထပ်လောင်း ပြည့်စုံကြပါစေဟု  ဂုဏ်ယူဝမ်းမြောက်စွာ သာဓု ခေါ်မိသည်။ ဝမ်းသာပီတိလည်း  ဖြစ်ရပါသည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ၂၀၂၃ ခုနှစ် ဇွန်  ၁ ရက်ညက    ထုတ်လွှင့်သည့်သတင်းအား ကြည့်ရှုနေစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ္ဘောဒီးယားနိုင်ငံ၌  ကျင်းပ ခဲ့​သော (၃၂) ကြိမ်မြောက်    အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သည့် နိုင်ငံ့ ဂုဏ်ဆောင် အားကစားမောင်မယ်များအား ဂုဏ်ပြု ချီးမြှင့်သည့်အခမ်းအနားကို  တွေ့မြင်ခဲ့ရပြီး ဇွန်  ၂ ရက်နေ့ထုတ်ဝေသည့် မြန်မာ့အလင်း၊ ကြေးမုံနှင့် မြဝတီသတင်းစာတို့တွင်လည်း ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားနှင့်ပတ်သက်သည့်  သတင်းများကို ခမ်းနားပြည့်စုံစွာ      ဖတ်ရှုခဲ့ရသဖြင့်       နိုင်ငံသား တစ်ယောက်အနေဖြင့် နိုင်ငံတော်အကြီးအကဲအား လည်းကောင်း၊ နိုင်ငံ့ဂုဏ်ကို အားကစားအောင်မြင် မှုဖြင့်  မြှင့်တင်ကြိုးပမ်းခဲ့ကြသည့်   အားကစား မောင်မယ်များအားလုံးကိုလည်းကောင်း၊ ပြိုင်ပွဲကြီး တွင် အောင်မြင်မှုရရှိရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းခဲ့ကြသည့် အားကစားနှင့် လူငယ်​ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ ချုပ်အသီးသီးမှ တာဝန်ရှိသူများကို  လည်းကောင်း လေးစားဂုဏ်ပြုမိပါသည်။ အခမ်းအနားကြီးတစ်ခု လုံးကို  ခြုံကြည့်လျှင်    ကျက်သရေအပေါင်းနှင့် ခညောင်းပြည့်စုံပြီး ဂုဏ်ပြုသူများနှင့် ဂုဏ်ပြုခံရ သူများပါ ပြုံးပျော်နေကြသည့် မြင်ကွင်းကိုလည်း ကြည်နူးဂုဏ်ယူဝမ်းမြောက်ဖွယ်  မြင်ကွင်းတစ်ခု အဖြစ် တွေ့ရှိခဲ့ရသဖြင့် အပျော်များပင် ကူးစက်ခဲ့ ရသည်။ 
နိုင်ငံတော်အကြီးအကဲ ပြောကြားသည့် 
ဂုဏ်ပြုအမှာစကား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က     ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ယခုနှစ်  (၃၂)ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲတွင်   မြန်မာနိုင်ငံ အနေဖြင့် အားကစားနည်း  ၁၉ နည်း၊ အားကစား သမား  ၃၄၁ ဦး၊ အုပ်ချုပ်သူ/နည်းပြ  ၁၀၄ ဦး စုစု ပေါင်း  ၄၄၅  ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၂၁ ခု၊ ငွေတံဆိပ် ၂၅ ခု၊ ကြေးတံဆိပ် ၆၈ ခု စုစုပေါင်း ဆုတံဆိပ် ၁၁၄ ခု ရယူပေးနိုင်ခဲ့ကြောင်း၊ ငွေတံဆိပ် ရရှိခဲ့ကြသည့် အားကစားနည်းများအနေဖြင့်လည်း ပြိုင်ပွဲများတွင် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်ပြီး  ရွှေတံဆိပ်   မရရှိခဲ့ကြသော်လည်း   နိုင်ငံ အတွက် နောက်ဆုံးဗိုလ်လုပွဲအထိ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားခဲ့ကြတာ     တွေ့ရသည့် အတွက် များစွာ အားရကျေနပ်စရာကောင်းကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ 
မြန်မာအမျိုးသား/အမျိုးသမီး ဘောလုံးအသင်းများ အခြေအနေအား သုံးသပ်မှာကြား
နိုင်ငံတော်အကြီးအကဲက    ဘောလုံးပြိုင်ပွဲ၌ မိမိတို့ အမျိုးသား/အမျိုးသမီးအသင်း နှစ်သင်း လုံးသည် အကြိုဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ကြ သည်မှာ ပြည်သူတစ်ရပ်လုံးအတွက်  အားတက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာဖြစ်ကြောင်း၊   မြန်မာ အမျိုးသမီးဘောလုံးအသင်းမှာ    အုပ်စုအဆင့်၌  ပြိုင်ဘက်အသင်းကောင်းများဖြစ်သည့် ဗီယက်နမ်၊ ဖိလစ်ပိုင်၊  မလေးရှား    စသည့်အသင်းများနှင့် ယှဉ်ပြိုင်ကစားခဲ့ရပြီး အကြိုဗိုလ်လုပွဲတွင် အာဆီယံ ၌ အင်အားကြီး ထိုင်းနိုင်ငံအသင်းကို ဂုဏ်သိက္ခာရှိရှိ အနိုင်ရရှိကာ ၂၀၀၅ ခုနှစ်နောက်ပိုင်း ဗိုလ်လုပွဲကို ပြန်လည်တက်လှမ်းနိုင်ခဲ့သည့်အတွက် အားကစား ဝါသနာရှင် မိဘပြည်သူများကို အတိုင်းအတာတစ်ခု အထိ ကျေနပ်မှုပေးစွမ်းနိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။
(၃၂)ကြိမ်မြောက် SEA GAMES ပြိုင်ပွဲ၏ 
ထူးခြားချက်များအား သုံးသပ်ပြောကြား
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲ၌   မြန်မာအားကစားအဖွဲ့၏ ထူးခြားချက် အ​နေဖြင့် ၁၉၈၁ ခုနှစ်နောက်ပိုင်း အခြားအိမ်ရှင် နိုင်ငံများကို ဧည့်နိုင်ငံအဖြစ် သွားရောက်ယှဉ်ပြိုင် ခဲ့သည့် SEA GAMES ပြိုင်ပွဲများ၌  ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်အများဆုံးရယူပေးနိုင်ခဲ့သည့်   ပြိုင်ပွဲ ဖြစ်သည်ကိုတွေ့ရကြောင်း၊    ယခုနှစ်ပြိုင်ပွဲကို ပြိုင်ပွဲဝင်နိုင်ငံ  ၁၁ နိုင်ငံက ပြိုင်ပွဲဝင်ကစားသမား  ၆၂၁၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အိမ်ရှင် ကမ္ဘော ဒီးယားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ အနေ ဖြင့် အင်အား  ၈၀၀ ကျော်စီ၊ ဗီယက်နမ်နိုင်ငံအနေဖြင့် အင်အား ၇၀၀ ကျော်၊    မလေးရှားနိုင်ငံအနေနဲ့ အင်အား ၆၀၀ ကျော်၊ အင်ဒိုနီးရှား၊ လာအို၊ စင်ကာပူ နိုင်ငံတို့အနေဖြင့် အင်အား  ၅၀၀ ကျော်စီ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသော်လည်း  မြန်မာနိုင်ငံအနေဖြင့်   ၃၄၁ ဦးသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ကြောင်း။
အလားတူ အားကစားနည်းအလိုက်   ပါဝင် ယှဉ်ပြိုင်မှုအနေဖြင့်လည်း      အိမ်ရှင်နိုင်ငံက ထည့်သွင်းကျင်းပသည့် အားကစားနည်း ၃၆ နည်း တွင် အိမ်ရှင်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံ နှစ်နိုင်ငံက အားကစားနည်းအားလုံး ရာနှုန်းပြည့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး   ထိုင်းနိုင်ငံ၊   မလေးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံတို့ အနေဖြင့် အားကစားနည်း  ၃၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း၊    မြန်မာနိုင်ငံအနေဖြင့်  အားကစားနည်း  ၁၉ နည်းသာ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ခြင်းကြောင့် အားကစားနည်း ပါဝင်ယှဉ်ပြိုင်မှု ရာခိုင်နှုန်း အနေဖြင့်  ၅၂ ဒသမ ၇၈  ရာခိုင်နှုန်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အားကစားသမား ပါဝင်ယှဉ်ပြိုင် မှုအချိုးအစားကို တွက်ကြည့်လျှင်လည်း အာဆီယံ နိုင်ငံအားလုံးက      ပါဝင်ယှဉ်ပြိုင်သူအင်အား၏ ၅ ဒသမ ၅ ရာခိုင်နှုန်းသာရှိသည်ကို တွေ့ရကြောင်း နိုင်ငံတော်အကြီးအကဲက ​ပြောကြားခဲ့သည်။   
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲမှစပြီး (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအထိ မိမိနိုင်ငံကိုယ်စားပြု ပါဝင် ယှဉ်ပြိုင်သူ အားကစားသမားဦးရေနှင့် ဆုတံဆိပ် ရရှိမှု  ရာခိုင်နှုန်းတွက်ချက်မှုအရ   မြန်မာနိုင်ငံ၏  အောင်မြင်မှုရာခိုင်နှုန်းသည် (၂၇)ကြိမ်မြောက်ပြိုင်ပွဲ တွင်  ၂၈ ရာခိုင်နှုန်း၊ (၂၈)ကြိမ်မြောက်ပြိုင်ပွဲတွင်  ၁၇  ဒသမ ၈ ရာခိုင်နှုန်း၊ (၂၉)ကြိမ်မြောက်ပြိုင်ပွဲတွင် ၉ ဒသမ ၆၈ ရာခိုင်နှုန်း၊ အကြိမ်(၃၀)မြောက် ပြိုင်ပွဲ တွင်  ၇ ဒသမ  ၆၆ ရာခိုင်နှုန်း၊ (၃၁)ကြိမ်မြောက် ပြိုင်ပွဲတွင် ၂၁ ဒသမ ၅၂ ရာခိုင်နှုန်းနှင့် ယခု(၃၂)ကြိမ် မြောက်ပြိုင်ပွဲတွင် ၃၃ ဒသမ  ၄၃ ရာခိုင်နှုန်းအထိ ရရှိခဲ့သည့်အတွက် အောင်မြင်မှုရာခိုင်နှုန်း အမြင့်မား ဆုံးပြိုင်ပွဲအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။ 
ပြိုင်ပွဲတွင် အားကစားသမားများအား 
ချီးကျူးဂုဏ်ပြု မှတ်တမ်းတင်
နိုင်ငံတော်အကြီးအကဲက နိုင်ငံတကာပြိုင်ပွဲ များတွင်  နိုင်ငံတော်အတွက် ဆုတံဆိပ်များ ရယူပေး နိုင်ခြင်းသည် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင် ပေးရာရောက်သည့်အပြင် နိုင်ငံတကာအလယ်တွင်  အမိမြန်မာနိုင်ငံတော်အလံကိုလွှင့်တင်ပြီး နိုင်ငံတော် သီချင်းလွင့်ပျံ့အောင် စွမ်းဆောင်ကြိုးပမ်းခဲ့ကြသူ များဖြစ်သည့်အတွက် အုပ်ချုပ်သူနည်းပြများ အပါ အဝင် နိုင်ငံ့ဂုဏ်ဆောင် အားကစားမောင်မယ်များ အား ယခုကဲ့သို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့် ရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့် 
 နိုင်ငံတော်က   တစ်ဦးချင်းပြိုင်ပွဲများတွင်  ရွှေတံဆိပ်ရရှိခဲ့သူများအား   ကျပ်သိန်း   ၃၀၀၊ ငွေ တံဆိပ်ရရှိသူများအား ကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ် ရရှိသူများအား ကျပ်သိန်း  ၁၀၀ စီ၊ အသင်းလိုက် ပြိုင်ပွဲများတွင်  ရွှေတံဆိပ်ရရှိခဲ့ကြသည့် အသင်း သား တစ်ဦးလျှင် ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့ ကြသည့် အသင်းသား တစ်ဦးလျှင် ကျပ်သိန်း ၇၀၊ ကြေးတံဆိပ်ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးလျှင်  အားကစားနည်းမှ  ဗိုလ်မှူးကျော်ရှိန်၊     ရေကူး အားကစားနည်းမှ ဦးတင်မောင်နီနှင့် ဦးနန္ဒကျော်စွာ တို့ကဲ့သို့ အားကစားနည်းအလိုက် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အကျော်အမော်များ များစွာပေါ်ထွက် ခဲ့သည်။ 
လက်ရွေးစင် အားကစားသမားဟောင်းအချို့၏ ပြောကြားချက်အရ   ၎င်းတို့ခေတ်ကာလတွင် အောင်မြင်မှုရရှိလာသည့် အချိန်တိုင်း လက်ဖက် ရည်ဝိုင်းဖြင့် ဂုဏ်ပြုတည်ခင်းဧည့်ခံပြီး ဘောပင် တစ်ချောင်း၊ ရေဒီယိုတစ်လုံး၊ စက်ဘီးတစ်စီး၊ နာရီ တစ်လုံး စသည်ဖြင့်သာ ဂုဏ်ပြုခံခဲ့ကြရကြောင်း သိရှိခဲ့ရပြီး ၎င်းတို့အနေဖြင့် နိုင်ငံတော်က ဂုဏ်ပြု ချီးမြှင့်ပေးသည်ကို  များစွာဂုဏ်ယူဝမ်းမြောက်ခဲ့ ရကြောင်းနှင့် ဆုတံဆိပ်များရယူပြီး  နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်ရေးအတွက်သာ  အားကစားချစ်စိတ်၊ နိုင်ငံချစ်စိတ်များဖြင့်   ကြိုးပမ်းစွမ်းဆောင်ခဲ့ကြ သည်များကို   လက်ရှိနိုင်ငံ့ဂုဏ်ဆောင်အားကစားမောင်မယ်များ   အားကျအတုယူ နားလည်သင့်ပါ သည်။
နိုင်ငံ့ဂုဏ်ဆောင်  အားကစားသမားများအား လက်ရှိနိုင်ငံတော်က အားကစားသမားများ၏ဘဝ နောင်ရေးအတွက်ပါရည်ရွယ်သော ချီးမြှင့်ဂုဏ်ပြုငွေ များသည် အားကစားသမားတစ်ဦးချင်းစီအတွက် ထိုက်တန်သည့် ငွေကြေးများဖြစ်၍   အကျိုးရှိရှိ အသုံးပြုသွားရန် တိုက်တွန်းလိုပါသည်။ ရရှိခဲ့သည့် ဆုကြေးငွေများအား လူမှုရေး၊ ကျန်းမာရေး၊ ပညာ ရေးနှင့် ဘဝနောင်ရေးအဆင်ပြေစေမည့် ကိစ္စရပ် များအတွက်သာ စည်းကမ်းစနစ်တကျ အကျိုးရှိရှိ သုံးစွဲသွားကြရန်လည်း လိုအပ်သည်။ နိုင်ငံတော်မှ အားကစားသမားများ၏ အောင်မြင်မှုအပေါ် ဂုဏ်ပြု ချီးမြှင့်ခြင်းသည်   အားကစားသမားများအတွက် ဂုဏ်ယူစရာဖြစ်သလို     တန်ဖိုးထားစရာလည်း ဖြစ်သည့်အတွက် ဘဝအာမခံချက်ရှိနိုင်မည့်ကိစ္စရပ် များတွင်သာ     အကျိုးရှိရှိသုံးစွဲသွားစေရေးနှင့် ဖြုန်းတီးမှုမဖြစ်စေရေးအတွက်လည်း စေတနာမွန် ဖြင့် အကြံပြုလိုပါသည်။
အားကစားတိုးတက်ရေးအတွက် 
အဓိကဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ
မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ များစွာရှိသည့် အနက် တစ်နိုင်ငံလုံးရှိ ရပ်ကွက်/ကျေးရွာအဆင့်မှ သည် မြို့နယ်အဆင့်၊   ခရိုင်အဆင့်၊   ပြည်နယ်/တိုင်းဒေသကြီးအဆင့်နှင့် ဗဟိုရှိ အားကစားကွင်း/အားကစားရုံများ၊ ရေကူးကန်များ၊   မီတာ ၄၀၀ ပြေးလမ်းများအပါအဝင် ကောင်းမွန်ပြည့်စုံစေရေး၊ အားကစားအထောက်အကူပြုပစ္စည်းများ အဆင့်မီ ပြည့်စုံမှုရှိစေရေး၊ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲ နေသည့်  အားကစားနည်းအလိုက်   နည်းစနစ်၊ နည်းဗျူဟာများနှင့်အညီ လိုက်ပါလေ့ကျင့်နိုင်ရေး အတွက်   အားကစားနည်းအလိုက်နှင့် အားကစား နယ်ပယ်အလိုက်ပညာရှင်များ   စဉ်ဆက်မပြတ် မွေးထုတ်ပေးရေး၊   အားကစားပြိုင်ပွဲတိုင်းတွင် ခြိမ့်ခြိမ့်သဲအားပေးသည့်   ပရိသတ်များရှိစေရေး အတွက်လည်း ပြိုင်ဆိုင်မှုပြင်းထန်သည့်ပြိုင်ပွဲများ ဖြစ်ပေါ်အောင်   အားကစားဌာနနှင့်   မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ကြီးကြပ်ဆောင်ရွက်ရေး၊ အားကစားနည်းအလိုက် မျိုးဆက်သစ်များ စဉ်ဆက် မပြတ်ပေါ်ထွက်ရေးအတွက် အားကစားပြိုင်ပွဲမျိုးစုံ အား နယ်ပယ်ဒေသကဏ္ဍအစုံတွင် ကျင်းပနိုင်ရေး နှင့် အားကစားနည်းအလိုက် လူငယ်မျိုးဆက်သစ် များ ပေါ်ထွက်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်ထား သည့်  အားကစားသိပ္ပံကျောင်းများ၏    လုပ်ငန်း ဆောင်ရွက်ချက်များအပေါ် အမြဲသုံးသပ်ကြပ်မတ် ဆောင်ရွက်နေရန်လည်း လိုအပ်လှပေသည်။
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်
ယနေ့ကာလ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင်      နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်   အားကစားအဆင့်အတန်း    ပြန်လည် တိုးတက်မြင့်မားလာစေရေးအတွက် ဘက်ပေါင်းစုံမှ တွန်းအားပေးဖြည့်ဆည်းလမ်းညွှန်  ဆောင်ရွက် ပေးနေသည့်အချိန်ကာလတွင်  အားကစားဌာနမှ တာဝန်ရှိသူများ၊   ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ မြန်မာ နိုင်ငံအားကစားအဖွဲ့ချုပ်များ၊ မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများ၊ လက်ရှိ နိုင်ငံ့လက်ရွေး စင် အားကစားသမားများ၊ ဝန်ကြီးဌာနအသီးသီးနှင့် ပြည်နယ်/တိုင်းဒေသကြီးများရှိ အားကစားဆိုင်ရာ ကော်မတီများ၊ အားကစားဝါသနာရှင်များ၊ စီးပွား ရေးလုပ်ငန်းရှင်ကြီးများ၊ တစ်နိုင်ငံလုံးရှိ အားကစား ကို စိတ်ပါဝင်စားသည့်  မြို့မိမြို့ဖများ၊  မီဒီယာ လောကသားများအပါအဝင် ပြည်သူတစ်ရပ်လုံးမှ အားကစားလောက  ရွှေခေတ်ပြန်လည်ရောက်ရှိ လာစေရေးဆိုသည့်       အမျိုးသားရေးတာဝန်ကို အားကစားချစ်စိတ်၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်များဖြင့် ဦးထမ်းပဲ့ထမ်းကျရာကဏ္ဍမှ    ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြမည်ဆိုပါက    ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်  ဟူ၍သာ     ဆန္ဒပြုတိုက်တွန်းရင်း   နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအား    ဂုဏ်ပြု ချီးမြှင့်ခြင်းအခမ်းအနားမှ ဂုဏ်ယူဝမ်းမြောက်ဖွယ် မြင်ကွင်းများနှင့် ဆက်စပ်တွေးမိသော အတွေးစ များအား  ရေးသားတင်ပြလိုက်ရပါကြောင်း…။    ။