နိုင်ငံ့စီးပွားရေး မြှင့်တင်မှုကဏ္ဍတွင် စိုက်ပျိုးရေးကို အဓိကထားအခြေခံ၍ လုပ်ဆောင်ခြင်းဖြစ် ဘီလီယံ ၄၀၀ အနက် ကျန်ရှိငွေများကို အခြားလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်

 

နေပြည်တော်  ဩဂုတ်  ၁၂


စီမံကိန်းနှင့်    ဘဏ္ဍာရေးဝန်ကြီးဌာန   အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ်ဘီလီယံ ၄၀၀ ကို နိုင်ငံ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးသန့်ရန်ပုံငွေတစ်ရပ် ထူထောင် ပြီး  နိုင်ငံ့စီးပွားရေးမြှင့်တင်နိုင်ရေး အသုံးပြုနိုင်ရန် စီမံဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊   လုပ်ငန်းအကောင်အထည်ဖော်   ဆောင်ရွက်ရာတွင် ရည်ရွယ်ချက်အတိုင်း  နိုင်ငံ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ဒေသအလိုက် ပြည်သူတို့၏   လူမှုစီးပွားဘဝနှင့်   စီးပွားရေးမြင့်တက်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က  ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌     ကျင်းပပြုလုပ်သည့်    နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ   ရန်ပုံငွေလွှဲအပ်ခြင်းအခမ်းအနား၌ အမှာစကားပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။

 


အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တွဲဖက် အတွင်းရေးမှူး၊       ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊   တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများနှင့် တိုင်းတို့မှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးအတွက် 
စီမံဆောင်ရွက်


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က   နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ရန်ပုံငွေလွှဲအပ်ခြင်းနှင့်စပ်လျဉ်း၍ အမှာ စကားပြောကြားရာတွင်     နိုင်ငံ့စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးဖော်ဆောင်ရာတွင်   ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက်   ယခုအခမ်းအနားကို ပြုလုပ်ခြင်းပင်ဖြစ်ကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန   အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ်ဘီလီယံ ၄၀၀ ကို နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးသန့် ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး နိုင်ငံ့စီးပွားရေးမြှင့်တင် နိုင်ရန်  အသုံးပြုနိုင်ရန်   စီမံဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လယ်ယာစီးပွား မြှင့်တင်ရေးနှင့်      ပြည်နယ်နှင့်   တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏      စီးပွားရေး မြှင့်တင်ရေးဟူ၍   နှစ်မျိုးခွဲမြှင့်တင်ဆောင်ရွက်နိုင် ရန် စဉ်းစားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

 


ယခင်နှစ်များတွင် ရင်းနှီးမြှုပ်နှံငွေများ ထုတ်ပေးရေးအတွက် အခက်အခဲရှိခဲ့


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော် တာဝန်များကို စတင်တာဝန်ယူစဉ် အစောပိုင်းကာလ များ၌    နိုင်ငံရေးအရ    ထိုးနှက်တိုက်ခိုက်မှုများ၊ စီးပွားရေးအရ    တိုက်ခိုက်မှုများ   များစွာရှိခဲ့ပြီး ဘဏ်လုပ်ငန်းများ ပုံမှန်လည်ပတ်မှု ပျက်ယွင်းကာ နိုင်ငံ့ စီးပွားရေးပြိုလဲသွားစေလိုသည့် ရည်ရွယ်ချက် များဖြင့် လုပ်ဆောင်လျက်ရှိသည့် ပြည်တွင်း၊ ပြည်ပ မှ   အနှောင့်အယှက်မျိုးစုံကို   ရင်ဆိုင်ကြုံတွေ့ခဲ့ရ ကြောင်း၊    ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် လည်း    နိုင်ငံ့စီးပွားရေးထိခိုက်ခဲ့ရမှုရှိခဲ့ကြောင်း၊ ထို့ကြောင့် ယခင်နှစ်များက  စီးပွားရေးဆောင်ရွက် နိုင်ရန် အရင်းအနှီးထုတ်ပေးရန်အတွက် အခက် အခဲများ ရှိခဲ့ခြင်းဖြစ်ကြောင်း။

 


စီးပွားရေးနှင့် နိုင်ငံရေး


နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက်   စီးပွားရေး တိုးတက်အောင်    ကြိုးစားဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ စီးပွားရေးနှင့် နိုင်ငံရေးသည် ဆက်စပ်လျက် ရှိပြီး စီးပွားရေးကောင်းမွန်မှသာလျှင် နိုင်ငံရေးသည် လည်း တည်ငြိမ်မည်ဖြစ်ကြောင်း၊ စီးပွားရေးတွင် ကုန်ထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားခြင်းဟူ၍ရှိပြီး ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက      နှစ်စဉ်တွက်ချက်၍ စီမံကိန်းများ လျာထားချမှတ်ဆောင်ရွက်ရကြောင်း၊ မည်သည့်နိုင်ငံတွင်မဆို   စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးအတွက်    နှစ်အလိုက်   ဘတ်ဂျက်ငွေများကို လျာထားဆောင်ရွက်ကြကြောင်း၊     မိမိတို့နိုင်ငံ၏ GDP ပမာဏသည် တစ်နှစ်ထက်တစ်နှစ် တိုးပွားလာ သည်ကို တွေ့ရှိရကြောင်း၊ ငွေကြေးတန်ဖိုးပြောင်းလဲ မှုများကြောင့် ပြောင်းလဲခြင်းနှင့် ထုတ်ကုန်ပစ္စည်း volume တက်လာခြင်းကြောင့်လည်း GDP တိုးပွားလာရခြင်းမျိုးရှိနိုင်ကြောင်း၊ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်ကိုကြည့်၍ စဉ်းစားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီး ချုပ်များအနေဖြင့်   ချိန်ထိုးပြီး   ဆောင်ရွက်ကြရန် မှာကြားနေခြင်းဖြစ်ကြောင်း၊ အမှန်တကယ်တိုးတက် မှု ရှိ၊ မရှိကို စစ်ဆေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုတွင် Supply & demand မျှခြေရှိအောင်   ဆောင်ရွက်ပေးရန်  လိုအပ်မည်ဖြစ် ကြောင်း၊ သို့မဟုတ်ပါက ကုန်ဈေးနှုန်းကြီးမြင့်မှုကို ကြုံရမည်ဖြစ်ကြောင်း။

 


စီးပွားရေးတွင် အဓိကကျသည့် ကုန်ထုတ်လုပ်မှုကို မြှင့်တင်ဆောင်ရွက်


ထို့ကြောင့်   စီးပွားရေးတွင်  ကုန်ထုတ်မှုသည် အဓိကကျသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့ သည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ် လုပ်မှုကို မြှင့်တင်ရမည်ဖြစ်သဖြင့် ယခုကဲ့သို့ နိုင်ငံ့ စီးပွားရေးမြှင့်တင်ရေး  ရန်ပုံငွေအဖြစ် ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊    ထိုသို့   ဆောင်ရွက်ခဲ့ရာတွင် လျှင်မြန်စွာ  တိုးတက်အောင်မြင်နိုင်သည့်  (Quick Win)နှင့် စိုက်ပျိုးရာသီနှင့် ကိုက်ညီမှုရှိသည့် နွေစပါး နှင့် ဆောင်းသီးနှံတို့ကို ထောက်ပံ့ပေးနိုင်မည့် အခြေ အနေကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် နွေစပါးနှင့် နိုင်ငံ၏ အဓိကပြည်ပပို့ကုန်တစ်ခုဖြစ်သည့် ပဲတီစိမ်း စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်   ရန်ပုံငွေ ပေးအပ်ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ  များပြားလာမည် ဖြစ်ပြီး စိုက်ပျိုးမည့် တောင်သူများအနေဖြင့်လည်း ၎င်းတို့ရင်းနှီးမြှုပ်နှံမည့် ငွေကြေးများကို အခြားနေရာ များတွင် ရင်းနှီးသုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ အလုပ် အကိုင်အခွင့်အလမ်းရှိပါက     ဝင်ငွေရမည်ဖြစ်ပြီး ပြည်တွင်းဝယ်လိုအား      တက်လာမည်ဖြစ်ကာ ပြည်တွင်းရောင်းအားများလည်း   တက်လာမည် ဖြစ်သဖြင့်   ကောင်းမွန်သည့်   လုပ်ငန်းလည်ပတ်မှု တစ်ခုပင်ဖြစ်ကြောင်း။

 


ယခုထုတ်ပေးသည့် ရန်ပုံငွေများသည် နိုင်ငံတော် မှ ရင်းနှီးငွေပေးအပ်ထားခြင်းဖြစ်ပြီး နောင်လာမည့် ရာသီတွင်လည်း ပြန်လည်ရရှိလာမည့် ၎င်းငွေကြေး ကိုပင် ရင်းနှီးမြှုပ်နှံနိုင်ရန် ထပ်မံထုတ်ပေးနိုင်မည် ဖြစ်ကြောင်း၊   ထို့ကြောင့်  မိမိတို့အနေဖြင့်  ရင်းနှီး ဆောင်ရွက်ရာတွင် ရောင်းကုန်ပစ္စည်းများ ဖြစ်စေရေး စဉ်းစားဆောင်ရွက်ရန်   လိုအပ်မည်ဖြစ်ကြောင်း၊ ၎င်းမှတစ်ဆင့် ပြည်ပသို့တင်ပို့ရောင်းချ၍ နိုင်ငံခြားငွေ ပြန်ရှာရမည်ဖြစ်ပြီး  ရရှိလာသည့်  ငွေကြေးများကို နိုင်ငံခြားငွေအသုံးပြု၍ တင်သွင်းရသည့် စိုက်ပျိုးရေး သွင်းအားစုသွင်းကုန်များနှင့်   အခြားလိုအပ်သည့် သွင်းကုန်များကို တင်သွင်းရာတွင် အသုံးပြုသွားနိုင် မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်နယ်နှင့် တိုင်းဒေသ ကြီး အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ များအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် အောင်မြင် အောင်  အကောင်အထည်ဖော်  ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ယင်းနှင့် ဆက်စပ် ၍ ဆန်စက်၊ ဆီစက်၊ ပဲခွဲစက် အစရှိသည့် SME လုပ်ငန်းများကိုလည်း       လုပ်ငန်းလည်ပတ်မှု ကောင်းမွန်အောင်မြင်စေရန် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင် ရွက်ရာတွင် အသုံးနှင့်အဖြုန်းကို စိစစ်ဆောင်ရွက် ကြစေလိုပြီး  မလိုလားအပ်သည့်   လေလွင့်မှုများ မဖြစ်အောင် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။

 


ပြည်တွင်းခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေး


ထို့ပြင်    စီးပွားရေးလုပ်ငန်း  ဆောင်ရွက်ရာ၌ ခရီးသွားလုပ်ငန်းသည် မီးခိုးမထွက်သည့် စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ပြီး တိုင်းပြည်အတွက် အကျိုးရှိ သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ သယ်ယူပို့ဆောင် ရေး၊  တည်းခိုရေး၊  ဧည့်ခံရေး၊   ကျွေးမွေးရေးအပါ အဝင်    အခြားဆက်နွှယ်သည့်   စီးပွားရေးများစွာ ရှိသဖြင့် စနစ်ကျနမှုရှိသည့် ခရီးသွားလုပ်ငန်းအဖြစ် ဆောင်ရွက်ပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်မည် ဆိုပါက အဘက်ဘက်မှ တိုးတက်ဖွံ့ဖြိုးလာမည် ဖြစ်ကြောင်း၊    ထို့ကြောင့်   ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသည့် မိမိတို့ဒေသအတွင်းရှိ လမ်းပန်း ဆက်သွယ်မှုများ ကောင်းမွန်စေရေး၊ လုံခြုံချောမွေ့ စေရေး ဆောင်ရွက်ရန်လိုကြောင်း၊ လမ်းပန်းဆက် သွယ်မှု လုံခြုံချောမွေ့ခြင်းဖြင့် ကုန်စည်စီးဆင်းမှုများ မြန်ဆန်ကောင်းမွန်လာပြီး ဒေသ၏ စီးပွားရေးသည် လည်း ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ယနေ့ နိုင်ငံ့ စီးပွားရေးမြှင့်တင်မှု ရန်ပုံငွေပေးအပ်ခြင်းမှ ဆက်စပ် ဆောင်ရွက်နိုင်မည့်  လုပ်ငန်းများစွာရှိသဖြင့်  ယခု ရန်ပုံငွေကို အကျိုးရှိရှိ အသုံးချစေလိုကြောင်း။

 


ပြည်တွင်း အထည်လုပ်ငန်း


အလားတူ ပြည်တွင်း အထည်လုပ်ငန်းကိုလည်း အားပေးဆောင်ရွက်ကြစေလိုကြောင်း၊   ပြည်တွင်း ဝါစိုက်ပျိုးမှုပမာဏသည်    လုံလောက်မှုရှိသည် ဖြစ်သော်လည်း ဝါကို ပြည်ပပို့ပြီး ပြည်ပမှ ချည်ထည် များ တင်သွင်းမှုများစွာရှိနေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၌ အထည်လုပ်ငန်း၊ အထည် ရက်စက်မှုလုပ်ငန်း        မြှင့်တင်နိုင်ရေးအတွက် စက်ကိရိယာများ၊ ကုန်ကြမ်းများ အဆင့်မြှင့်တင်ရေး ကို       ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပြီး   ပြည်ပမှ တင်သွင်းနေရမှုများတွင်       အစားထိုးနိုင်ရမည် ဖြစ်ကြောင်း။

 


ယနေ့ပြုလုပ်သည့်   နိုင်ငံ့စီးပွားရေးမြှင့်တင်မှု ကဏ္ဍတွင်   စိုက်ပျိုးရေးကို  အဓိကထား အခြေခံ၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ဘီလီယံ ၄၀၀ အနက် ကျန်ရှိငွေများကို  အခြားလုပ်ငန်းများတွင် အသုံးပြု နိုင်ရေး ဆွေးနွေးတိုင်ပင်၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လိုအပ်ချက်ရှိသည့် ဒေသများ အနေဖြင့်လည်း သီးခြားအစီအစဉ်ဖြင့် လိုအပ်ပါက တင်ပြနိုင်ကြောင်း၊ အချို့လုပ်ငန်းများသည် မြစိမ်း ရောင်စီမံကိန်းဖြင့် ဆောင်ရွက်၍  ရနိုင်မည်ဖြစ်ပြီး ဒေသတွင်း၌   ၎င်းငွေကို  တိုးပွားအောင်  ဆက်လက် ဆောင်ရွက်နေရမည်ဖြစ်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အတွက်       မတည်ပေးခြင်းပင်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

 


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေမှ  ထောက်ပံ့ငွေကိုပေးအပ်ရာ စိုက်ပျိုး ရေး၊    မွေးမြူရေးနှင့်   ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊  သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသ ကြီး၊  မွန်ပြည်နယ်၊  ရခိုင်ပြည်နယ်၊  ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့မှ ဝန်ကြီးချုပ်များ၊ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊  ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ နှင့်  “ဝ”  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း   စီမံအုပ်ချုပ်ရေး အဖွဲ့တို့မှ   ဥက္ကဋ္ဌများက   အသီးသီးလက်ခံရယူကြ သည်။

 


ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရန်ပုံငွေထုတ်ယူသုံးစွဲမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 

 


အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် တက်ရောက်လာကြသူများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

 


ယနေ့ပြုလုပ်သည့်    နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ကျပ်ဘီလီယံ ၄၀၀ မှ ရန်ပုံငွေလွှဲအပ်မှုအနေ ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနသို့ ၁၇၀ ဘီလီယံ၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနသို့ ၆၀ ဘီလီယံ၊ မြစိမ်းရောင် စီမံကိန်းများ လွတ်လပ်စွာဆောင်ရွက်နိုင်ရန် ကယား ပြည်နယ်၊    ချင်းပြည်နယ်၊   ရခိုင်ပြည်နယ်တို့သို့ ပြည်နယ်တစ်ခုလျှင်  ၁၀  ဘီလီယံ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည် နယ်၊ ရှမ်းပြည်နယ်တို့သို့ ပြည်နယ်နှင့် တိုင်းဒေသ ကြီးတစ်ခုလျှင်   ၈  ဘီလီယံ၊  နာဂ၊  ဓနု၊  ပအိုဝ်း၊ ပလောင်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့နှင့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့သို့  ဒေသတစ်ခု လျှင် ၅ ဘီလီယံ စသည်ဖြင့် လွှဲအပ်ပေးခဲ့ပြီး စုစုပေါင်း ငွေကျပ်ဘီလီယံ  ၃၃၀   ဖြစ်ကြောင်း   သတင်းရရှိ သည်။                                          
   

သတင်းစဉ်