
မကွေး မတ် ၃၀
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးပွားများပြား လာရေးမှာ အဓိကဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ မတ် ၂၉ ရက်က ကျင်းပသည့် အဆိုပါ အစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ရန် စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များ ကို တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာနက လိုအပ်သည်များကို ဆွေးနွေးအကြံပြုခြင်း၊ လျှောက်လွှာလက်ခံခြင်း၊ စိစစ်ပြီးအတည်ပြုခြင်းတို့ကို အနီးစပ်ဆုံး ရင်းနှီး မြှုပ်နှံမှုကော်မတီအစည်းအဝေးတွင် တင်ပြဆုံးဖြတ် ချက်ရယူခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဌာနများ၏ လုပ်ငန်းစဉ် အပေါ် ကြာမြင့်ချိန်ခန့်မှန်းသိရှိနိုင်ပါက ၎င်းတို့ အတွက် လုပ်ငန်းစဉ်ပြီးမည့်ကာလကို တွက်ချက် နိုင်ပြီး အချိန်ကုန်သက်သာစွာ ဆောင်ရွက်လာနိုင် ခြင်းဖြင့် သက်ဆိုင်ရာဌာနများအပေါ် ပိုမိုအားကိုး လာအောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။
မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ မကွေး မြို့နယ် စုပေါင်းရုံး (ဒုတိယထပ်) ပြည်တော်သာ ၁ လမ်း ပြည်တော်သာရပ်ကွက် မကွေးမြို့ ဖုန်း-၀၆၃၂၀၂၈၇၄၈ သို့ ဆက်သွယ်ဆောင်ရွက်နိုင် ကြောင်း သိရသည်။
မောင်ညီညာ