
နေပြည်တော် ဇန်နဝါရီ ၅
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြု သောအားဖြင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်၊ ဇီးကုန်းမြို့နယ်နှင့် သယာဝတီမြို့နယ်တို့မှ နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်းသီးနှံ ပဲတီ စိမ်း စိုက်ပျိုးသည့်တောင်သူများအတွက် စိုက်ပျိုးရေး သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားများကို ယနေ့ နံနက်ပိုင်းက ကျင်းပရာ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး ဦးစီးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပဲတီစိမ်း စိုက်တောင်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် တောင်တွင်းကြီးမြို့နယ် သမဝါယမဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံကာ နိုင်ငံတော်က အလေး ထားဆောင်ရွက်နေသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှု လုပ်ငန်းများ အောင်မြင်ရေးအတွက် မိမိတို့ကျရာ ကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး၊ ကျေးလက် နေပြည်သူများ လူမှုစီးပွားဘဝ မြင့်မားရေးအတွက် လာမည့်ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည့် သက်တံရောင်သမဝါယမစီမံကိန်း လုပ်ငန်းများ အောင်မြင်ရေး ကြိုးပမ်းဆောင်ရွက်ကြ ရန် မှာကြားသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူး တိုင်းဒေသကြီး ပြည်မြို့နယ် ဇီးအုပ်တောင်သူ နည်းပညာပြန့်ပွားရေးခန်မသို့ ရောက်ရှိပြီး ပဲတီစိမ်း စိုက် တောင်သူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ဒုတိယဝန်ကြီး ဦးမြင့်စိုးက နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲတီစိမ်းစိုက် တောင်သူများအတွက် တစ်ဧကလျှင် ငွေကျပ် ၁ ဒသမ ၂ သိန်းနှုန်းနှင့် ညီမျှသော ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးများ ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ အဓိကရည်ရွယ်ချက်မှာ တောင်သူလယ်သမားများ၏ ပန်းတိုင်အထွက်နှုန်းတိုးရေးနှင့် လူမှုစီးပွားဘဝမြင့်မားပြီး ကြွေးမြီ ကင်းရှင်းသော မိသားစုဘဝများ ပိုင်ဆိုင်စေလို၍ ဖြစ်ကြောင်း၊ လာမည့် နွေစပါးစိုက်ရာသီတွင် ၁၂၆၄၅ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက် ရှိပြီး အားသွန်ခွန်စိုက် ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သော ပြည်တွင်းစားသုံးဆီ ဖူလုံရေးနှင့် ပြည်ပမှ ဝယ်ယူတင်သွင်းမှုလျှော့ချနိုင်ရေးအတွက် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းများနှင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးလုပ်ငန်းများဖြစ်သော ပဲတီစိမ်းနှင့် နွေစပါးစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင် များအသင်း နှင့် လုပ်ငန်းအစုအဖွဲ့များက ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြား သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူ များက ပြည်မြို့နယ်အတွင်း ပဲတီစိမ်းစိုက်ဧက ၇၂၁ ဧကအတွက် စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ ပေးအပ်ခဲ့ကြပြီး ပဲတီစိမ်းစိုက် တောင်သူများကိုယ်စား ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇီးကုန်း မြို့ မြို့နယ်ခန်းမ၌ ပဲတီစိမ်းစိုက် တောင်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည် များ မှာကြားပြီး ဇီးကုန်းမြို့နယ်အတွင်း ပဲတီစိမ်း စိုက်ဧက ၇၀၀၉ ဧကအတွက် စိုက်ပျိုးရေးသွင်းအားစု များ ထောက်ပံ့ပေးအပ်ခဲ့ကြရာ (ဝဲပုံ) ဒေသခံ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ ဇီးကုန်းမြို့နယ်အနေဖြင့် နွေစပါး ၄၉၈၃ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက် ရှိသည်။
အလားတူ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သာယာ ဝတီမြို့နယ် ဆရာစံခန်းမ၌ ပဲတီစိမ်းစိုက် တောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ ၍ လိုအပ်သည်များ မှာကြားခဲ့ပြီး သာယာဝတီ မြို့နယ်အတွင်း ပဲတီစိမ်းစိုက်ဧက ၁၇၂ ဧကအတွက် စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြ သည်။ သာယာဝတီမြို့နယ်အနေဖြင့် နွေစပါး ၂၇၀၈၆ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်