
နေပြည်တော် ဖေဖော်ဝါရီ ၂၉
ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ ဦးဆောင် ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဈေးနှုန်းသက်သာအောင် ကြီးကြပ်ဆောင်ရွက်
ဦးစွာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးက စိုက်ပျိုးရေးလုပ်ငန်း အများစု မှာ စပါးစိုက်ပျိုးကြပြီး မိုးစပါး စိုက်ဧက ၁၅ သန်းခန့် ရှိကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုးစပါးစီမံကိန်းတွင် စိုက်ဧက ခုနစ်သိန်းခန့်ရှိပြီး လိုအပ်သော သွင်းအားစုများ ရာသီအချိန်မီရရှိရေးကို သက်ဆိုင်ရာဌာနများက ကြိုတင်ကြီးကြပ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မြေဩဇာအသင်းအနေဖြင့် အသင်းဝင်ကုမ္ပဏီများ က သွင်းကုန်လိုင်စင်ရရှိပြီး လိုင်စင်ကိုင်ထားခြင်း၊ ပြန်လည်ရောင်းချခြင်း၊ ဈေးကစားခြင်းများ မရှိစေ ရေး၊ လိုင်စင်ဖောင်းပွမှုများ မရှိစေရေးတို့အတွက် ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သွင်းအားစု များ အချိန်မီရရှိရန်၊ အရည်အသွေးပြည့်မီရန်၊ ဈေးနှုန်းသက်သာအောင် ကြီးကြပ်ဆောင်ရွက်ရန်၊ မိုးစပါးရာသီအတွက် သွင်းအားစုများ အချိန်မီရရှိ အောင် ယခုကတည်းက ကြိုတင်ပြင်ဆင်ဆောင်ရွက် ရန်နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ဆောင်ရွက် မည့် “မူ”ဝါဒများနှင့်အညီ စိစစ်ဆောင်ရွက်ပေးကြရန် မှာကြားသည်။
ဆက်လက်၍ ဦးဆောင်ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားမှုများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် သွင်းအားစုများ တင်သွင်းထုတ်လုပ်ဖြန့်ဖြူးခြင်းဆိုင်ရာ မူဝါဒများကို လည်းကောင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း ကိုယ်စား လှယ်က လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်း ကောင်း ရှင်းလင်းတင်ပြကြသည်။
လိုအပ်သည်များဖြည့်စွက်ရှင်းလင်း
ထို့နောက် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့က လုပ်ငန်းဆောင်ရွက် နေမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်း ဆွေးနွေးကြသည်။
ယင်းနောက် ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးစီး ဌာနကိုယ်စားလှယ်များက ဝိုင်းဝန်း အကြံပြုရှင်းလင်း ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ လုပ်ငန်း လိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
မဒန်းဆည်ရေအသုံးပြုကာ စိုက်ပျိုးသွားမည်
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့နယ် ကြောင်ရေကျေးရွာတွင် သမဝါယမ ဦးစီးဌာနနှင့် လယ်ယာသုံးစက်ကိရိယာများ ရောင်းချ နေသည့်ကုမ္ပဏီများ အကျိုးတူ ပူးပေါင်းဆောင်ရွက် သည့် သမဝါယမလယ်ယာဝန်ဆောင်မှုသရုပ်ပြပွဲသို့ တက်ရောက်ပြီး (အပေါ်ယာပုံ) ကြောင်ရေကျေးရွာရှိ ကြောင်ရေစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းသား ၃၀ ၏ လယ်မြေ ၂၃၉ ဧကအနက် ၁၂၅ ဧကမှာ နွေစပါးစိုက်ပျိုးနိုင်ရေး ကုမ္ပဏီပိုင် ထွန်စက်များ၊ သမဝါယမအသင်းပိုင်၊ အသင်းသားပိုင် ထွန်စက်များဖြင့် စနစ်တကျလယ်ယာမြေ ဖော်ထုတ် ထွန်ယက်ပေးပြီး ထိုင်းနှံကောက်စပါးမျိုးများ ကို မဒန်းဆည်ရေအသုံးပြုကာ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း၊ အချိန်မီစုပေါင်းထွန်ယက်၊ အချိန်မီ စုပေါင်းစိုက်ပျိုး၊ အချိန်မီစုပေါင်းရိတ်သိမ်းခြင်းဖြင့် ပန်းတိုင်အထွက်တိုးနှုန်း ပြည့်မီအောင် ဆောင်ရွက် နိုင်မည်ဖြစ်ပြီး အကျိုးအမြတ် ပိုမိုရရှိကာ စုပေါင်း ရောင်းချခြင်းကိုလည်း အတူတကွ လုပ်ဆောင်ကြရန် မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကောင်စီအတွင်း ဆောင်ရွက်နေသည့် သမဝါယမစနစ် စိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်ရေး လိုက်နာဆောင်ရွက် ရမည့်လုပ်ငန်းများ၊ ပူးပေါင်းချိတ်ဆက်ရမည့် လုပ်ငန်းများနှင့် တောင်သူများ ပန်းတိုင်အထွက်နှုန်း ရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးအောင်သူရက သမဝါယမလယ်ယာ ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း၊ ကုမ္ပဏီများမှ တာဝန်ရှိသူများက စက်ကိရိယာများအကြောင်းကို လည်းကောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦး က အရစ်ကျစနစ်ဖြင့် ဝယ်ယူခြင်းဆိုင်ရာ လုပ်ငန်းစဉ် များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီး အသင်းသားတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များက လယ်ထွန်စက်များဖြင့် သမဝါယမလယ်ယာ ဝန်ဆောင်မှု ထွန်ယက်သရုပ်ပြသနေမှုကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်