နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ၏ (၅/၂၀၂၃) ကြိမ်မြောက်အစည်းအဝေး ကျင်းပ

 

နေပြည်တော်    ဒီဇင်ဘာ    ၂၇


နိုင်ငံ့စီးပွားမြှင့်တင်ရေး  ရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ၏ (၅/၂၀၂၃) ကြိမ်မြောက်    အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည် တော်ရှိ   စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့  ကော်မတီ ဥက္ကဋ္ဌ     ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကော်မတီအဖွဲ့ဝင်များ     ဖြစ်ကြ သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန    ပြည် ထောင်စုဝန်ကြီး    ဦးမင်းနောင်၊ သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး   ဦးလှမိုး၊  စက်မှုဝန်ကြီး ဌာန       ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ စီးပွားရေး နှင့်         ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊    အမြဲတမ်း အတွင်းဝန်များနှင့်     ဌာနအကြီး အကဲများ တက်ရောက်ကြသည်။ 


အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ၊     ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်    ဘဏ္ဍာရေးဝန်ကြီး ဌာန      ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ် နိုဝင်ဘာ၂ ရက်တွင် ကျင်းပခဲ့သည့်     ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး အမှတ် စဉ် (၆/၂၀၂၃) ၏  သဘောတူခွင့်ပြု ချက်အရ နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေဘဏ္ဍာရေး     စည်းမျဉ်း ပြင်ဆင်ချက်ကို       စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် အမိန့် ကြော်ငြာစာအမှတ် (၇၇/၂၀၂၃) ဖြင့် ထုတ်ပြန်ခဲ့ပါကြောင်း၊ ပြင်ဆင် သည့်  ဘဏ္ဍာရေးစည်းမျဉ်းအရ “ရန်ပုံငွေစီမံခန့်ခွဲမှု   ကော်မတီ သည်     ရန်ပုံငွေရရှိမှု၊      သုံးစွဲမှု အခြေအနေများကို       နိုင်ငံတော် စီမံအုပ်ချုပ်ရေး     ကောင်စီရုံးသို့ ခြောက်လလျှင် တစ်ကြိမ် အစီရင် ခံစာတင်ပြရမည်”ဟု ဖော်ပြထား သဖြင့် ကော်မတီ၏ ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၃ ခုနှစ် စက်တင် ဘာ   ၃၀   ရက်အထိ     လုပ်ငန်း ဆောင်ရွက်မှုအစီရင်ခံစာကို နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက် တွင်     တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ အစီရင်ခံစာတွင်        နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ       ထုတ်ချေး ခြင်းဖြင့် တွေ့ရှိရသည့် အားသာ ချက်၊ အားနည်းချက်များ၊ ရရှိသည့် အကျိုးကျေးဇူးများနှင့်     သုံးသပ် တင်ပြချက်များကို  ဖော်ပြလျက် တင်ပြခဲ့ပါကြောင်း။ 


Online စနစ်ဖြင့် ပို့ချသွားမည်


ထုတ်ပြန်ထားသည့်          နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဘဏ္ဍာ ရေး လုပ်ထုံးလုပ်နည်းတွင် ဖော်ပြ ထားသည့် ငွေစာရင်းထိန်းသိမ်း ထားရှိရမည့် စာရင်းဇယားပုံစံများ ကို    စနစ်တကျမှတ်တမ်းထားရှိ နိုင်ရေးအတွက်        စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ       တိုင်း/ဒေသ ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ များရှိ သက်ဆိုင်ရာ တာဝန်ခံများ ကို   Online   စနစ်ဖြင့်  သင်တန်း နှစ်ရက်    ဖွင့်လှစ်ပို့ချသွားမည်ဖြစ် ပါကြောင်း။
၂၀၂၃ခုနှစ် နိုဝင်ဘာ ၂ ရက် တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု အစိုးရ အဖွဲ့အစည်းအဝေး အမှတ် စဉ်(၆/၂၀၂၃)၏ သဘောတူ ခွင့်ပြု ချက်ဖြင့် ကိုဗစ်-၁၉ အထူးချေးငွေ ရန်ပုံငွေစာရင်းမှ ငွေကျပ် ဘီလီယံ ၁၀၀ ကို  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေသို့   လွှဲပြောင်းထည့်ဝင်ခဲ့ ပြီး၊   ယင်းငွေကို   ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ)  စီမံကိန်း ဆောင်ရွက်ရန်အတွက်    အရင်း မပျောက် မတည်ငွေအဖြစ် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသို့       ၂၀၂၃   ခုနှစ် အောက်တိုဘာ      ၂၆   ရက်တွင် လွှဲပြောင်းပေးခဲ့ကြောင်း။


သို့ဖြစ်ရာ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေတွင် ယခင်က ငွေကျပ် ၄၅၂ ဘီလီယံရှိပြီး ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) စီမံကိန်း ဆောင်ရွက်ရန်အတွက်      စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသို့ ထပ်မံထည့်ဝင်ခဲ့ သည့် ငွေကျပ်ဘီလီယံ ၁၀၀ အပါ အဝင်    စုစုပေါင်း    ရန်ပုံငွေမှာ ငွေကျပ် ၅၅၂ ဘီလီယံရှိပြီဖြစ်ပါ ကြောင်း၊   သက်ဆိုင်ရာ   တာဝန်ရှိ သူများအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေမှ      ချေးငွေများကို လုပ်ထုံးလုပ်နည်းများ    နှင့်အညီ ထုတ်ချေးခြင်းနှင့်         ပြန်လည် ကောက်ခံခြင်းများကို   ကြပ်မတ် ဆောင်ရွက်ကြရန်       လိုအပ်ပါ ကြောင်း၊  ရန်ပုံငွေမှ ထုတ်ပေးထား သည့် အရင်းမပျောက်မတည်ငွေ များကို     နိုင်ငံ့စီးပွားမြှင့်တင်ရေး အတွက် အကျိုးရှိစွာ စနစ်တကျ အသုံးချနိုင်ရေးအတွက် စဉ်ဆက် မပြတ်   ကြိုးပမ်းဆောင်ရွက်ပေး ကြစေလိုကြောင်း။

 


ယခု      အစည်းအဝေးတွင် ချေးငွေ   ရယူထားသူများအနက် ဆိုင်ကလုန်းမုန်တိုင်း          မိုခါ တိုက်ခတ်မှုကြောင့်    နွားမွေးမြူ ရေးလုပ်ငန်းနှင့်     ငါးမွေးမြူရေး လုပ်ငန်းတို့တွင်     ပျက်စီးဆုံးရှုံးမှု များအပေါ်  ဆောင်ရွက်မည့်အစီ အမံများနှင့်    စပ်လျဉ်း၍    ရခိုင် ပြည်နယ်အစိုးရအဖွဲ့က   တင်ပြ လာမှုအပေါ်တွင်လည်း  ရန်ပုံငွေ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနှင့် အညီ ဝိုင်းဝန်းဆွေးနွေး အတည်ပြု ပေးကြရန်ဖြစ်ပါကြောင်း ဆွေးနွေး မှာကြားသည်။  

 
ဝိုင်းဝန်းအကြံပြုဆွေးနွေး


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့်   နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေ    စီမံ ခန့်ခွဲမှုကော်မတီဝင်များက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ   နွေ စပါး၊ ပဲတီစိမ်းချေးငွေထုတ်ချေး ခဲ့မှုနှင့် ပြန်လည်ကောက်ခံရရှိမှု၊ မိုးစပါးချေးငွေ ထုတ်ချေးပြီးစီးမှု၊ ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေး ချေးငွေ ထုတ်ချေးထားမှု၊     ဆောင်းသီးနှံ ချေးငွေ အချိန်မီထုတ်ချေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား မှု၊     တိုင်းဒေသကြီး    သို့မဟုတ် ပြည်နယ်        အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ က တင်ပြလာသည့် အားသာချက်၊ အားနည်းချက်များ၊       အကြံပြု တင်ပြချက်များကို     အခြေခံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေများ     ထုတ်ချေးရာတွင် တွေ့ကြုံရသည့်   အခက်အခဲများ ကို     ဖြေရှင်းဆောင်ရွက်နိုင်ရေး၊ ချေးငွေထုတ်ချေးရေးလုပ်ငန်းစဉ် များအား ကြီးကြပ်ဆောင်ရွက်ရေး နှင့် ပြန်လည်သုံးသပ်ရေးကိစ္စရပ် များကို ဝိုင်းဝန်းအကြံပြုဆွေးနွေး ကြရာ  ကော်မတီဥက္ကဋ္ဌက လိုအပ် သည်များအား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး     နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။                

သတင်းစဉ်