
နေပြည်တော် ဇန်နဝါရီ ၂၄
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံ့စီးပွားမြှင့်တင် ရေး ရန်ပုံငွေကျပ် ၄၀၀ ဘီလီယံ မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ငွေ ကျပ် ၂၃၀ ဘီလီယံ၊ ကယားပြည် နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည် နယ်တို့သို့ ငွေကျပ် ၁၀ ဘီလီယံစီ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန် ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့သို့ ငွေကျပ် ၈ ဘီလီယံစီနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့ ခြောက်ခုတို့သို့ ငွေကျပ် ၅ ဘီလီယံစီဖြင့် စုစုပေါင်း ရန်ပုံ ငွေ ငွေကျပ် ဘီလီယံ ၃၃၀ ကို မတည်ထောက်ပံ့ငွေ ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း။
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံ ငွေများအား ဒေသတစ်ခုလုံး စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့ စီးပွား ပြန်လည်မြှင့်တင်နိုင်ရေး အတွက်ရည်ရွယ်၍ ထုတ်ပေးခြင်း ဖြစ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူ များအနေဖြင့် ရန်ပုံငွေအား လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ် တကျထုတ်ပေးခြင်း၊ ပြန်လည် ကောက်ခံခြင်းတို့ကို ကြပ်မတ် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း။
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံ ငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ နှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင် တစ်ဦး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဝင်တစ်ဦး ဦးဆောင် သော ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ ကို ဖွဲ့စည်းဆောင်ရွက်ရန်၊ မတည် ထောက်ပံ့ငွေမှ ချေးငွေထုတ်ချေး နိုင်ရေး စီမံချက် ရေးဆွဲ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့တို့သို့ တင်ပြအတည်ပြုချက် ရယူရန်၊ အတည်ပြုထားသော ချေးငွေ ထုတ်ချေးရေးစီမံချက်ကို ရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြရန် လိုအပ်ကြောင်း၊ ယင်းသို့ ဆောင် ရွက်ကြရာတွင် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဆိုင်ရာ စည်းမျဉ်း၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်ကြရန်ဖြစ် ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီအနေ ဖြင့် ချေးငွေစိစစ်ရေးနှင့် ကြီးကြပ် ရေးအဖွဲ့များ ဖွဲ့စည်းပြီး ချေးငွေ ထုတ်ချေးမှု အခြေအနေများကို စိစစ်ကြီးကြပ်နိုင်ရန် တိုင်းဒေသ ကြီး၊ ပြည်နယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများသို့ စေလွှတ်သွားမည်ဖြစ်ကြောင်း။
သို့ဖြစ်ရာ ရန်ပုံငွေမှ ထုတ်ပေး ထားသည့် အရင်းမပျောက်မတည် ငွေများကို မပျောက်ပျက်စေဘဲ တိုးပွားလာစေရန် သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်က ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ပေးကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဝင်များဖြစ်ကြသော ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးနှင့် ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီးများ နှင့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်း အကြံပြုဆွေးနွေးကြရာကော်မတီ ဥက္ကဋ္ဌက ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်