နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် လုပ်ကိုင်နေသည့် မင်္ဂလာဒုံမြို့မှ C Max လူသုံးကုန်ပစ္စည်း

 

တွေ့ဆုံမေးမြန်း- သိန်းထွန်းအောင်၊ ဓာတ်ပုံ- ဌေးလင်း

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME လုပ်ငန်းကဏ္ဍသည် အရေးပါလျက်ရှိရာ နိုင်ငံတော်က MSME လုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်သည် စက်မှုဇုန်နယ်မြေဖြစ်သည့် အားလျော်စွာ စက်ရုံ၊ အလုပ်ရုံများဖြင့် စက်မှုလက်မှုကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ထိုသို့ လုပ်ကိုင်ခြင်းကြောင့် အလုပ်အကိုင်များ ရရှိစေခြင်းနှင့် ပြည်ပလူသုံးကုန် ပစ္စည်းများကို အစားထိုးနိုင်သည့် ကုန်ပစ္စည်းများကို ပြည်တွင်း၌ပင် စျေးသက်သာစွာဖြင့် ဝယ်ယူနိုင်အောင် ထုတ်လုပ်ပေးနိုင်သည့် လုပ်ငန်း ရှင်များ ပေါ်ထွက်လာသည်။ စက်မှုအတတ်ပညာဖြင့် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းဖြစ်သော C Max လူသုံးကုန်ပစ္စည်းများ   ထုတ်လုပ် လျက်ရှိသည့် မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက်ရှိ လုပ်ငန်းရှင် ဦးသီဟဘော်ဇံနှင့် တွေ့ဆုံမေးမြန်းမှုများကို ရေးသားဖော်ပြလိုက်ပါသည်-

မေး    ။    ။    လူသုံးကုန်ပစ္စည်းလုပ်ငန်းကို   ဘယ်အချိန်က  စတင်             လုပ်ကိုင်လာခဲ့တယ်ဆိုတာ သိချင်ပါတယ်။
ဖြေ    ။      ။     C Max   လူသုံးကုန်ပစ္စည်းလုပ်ငန်းကို   ၂၀၂၂   ခုနှစ်             အောက်တိုဘာလက စတင်ခဲ့တာဆိုတော့ တစ်နှစ်ကျော် ရှိပါပြီ။   ကျွန်တော်က   အဓိကလုပ်တာ   စျေးကွက်ရှာဖွေရေးနဲ့ ကုန်ပစ္စည်းဖြန့်ချိရေး၊ ရောင်းချ​ရေး Marketing   ပေါ့။   လက်ရှိ ကုန်ပစ္စည်းထုတ်လုပ်ရေးကိုတော့ ကျွန်တော့်ဇနီး ဒေါ်တင်မိုးဝေကပဲ သူ့ရဲ့ကိုယ်ပိုင်ဖော်မြူလာနဲ့ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။
မေး    ။     ။    လုပ်ငန်းအတွက်  ကုန်ကြမ်းပစ္စည်းတွေကို   ဘယ်မှာ             ဝယ်ယူရပါသလဲ။
ဖြေ    ။     ။     ကုန်ကြမ်းပစ္စည်းတွေရရှိဖို့အတွက်        ထိုင်းနိုင်ငံက             ထုတ်လုပ်တဲ့   ဓာတုကုန်ကြမ်းကို   မှာယူပြီးတော့ တိုက်ရိုက်တင်သွင်းတဲ့စနစ်နဲ့ ဝယ်ယူရပါတယ်။ ဒါပေမယ့် ဘူး၊ပန့်၊ Logo တံဆိပ်စတဲ့ အခြားသော ကုန်ကြမ်းပစ္စည်းတွေကတော့ တရုတ် နိုင်ငံက ထုတ်တာတွေကို ဝယ်ယူရပါတယ်။
မေး    ။     ။     လက်ရှိစျေးကွက် အနေအထားက ဘယ်လိုရှိပါသလဲ။
ဖြေ    ။     ။     လက်ရှိစျေးကွက် အနေအထားအရဆိုလို့ရှိရင် စတင်            ပြီးလုပ်တဲ့အချိန်တုန်းကထက်တော့ ကောင်းမွန်လာတဲ့ စျေးကွက်အနေအထားမှာရှိပါတယ်။ ဒီမှာဘာသွားတွေ့လဲဆိုတော့ ပြည်ပကဝင်လာတဲ့ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊  မျက်နှာသစ် ဆပ်ပြာတွေက စျေးအဆမတန်များနေတဲ့အခါ အခြေခံလူတန်းစား၊ လူလတ်တန်းစားတွေအတွက် သိပ်လက်လှမ်းမမီချင်တော့တဲ့ အနေ အထားဖြစ်လာတယ်။ အဲဒီတော့  ကျွန်တော်တို့    ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ မျက်နှာသစ် ဆပ်ပြာတွေ၊ အထူးသဖြင့် အဝတ်လျှော် ဆပ်ပြာဆီ၊   ပန်းကန်ဆေးဆပ်ပြာဆီတွေကို    စျေးကွက်အတွင်း ရောင်းအားလည်း ပိုရလာတာတွေ့ရပါတယ်။
မေး    ။    ။    လက်ရှိကုန်ပစ္စည်း ဘယ်နှမျိုးထုတ်လုပ်ပြီး လုပ်ကိုင်             ဆောင်ရွက်နေပါသလဲ။ 
ဖြေ    ။         ။    C Max   လူသုံးကုန်ပစ္စည်းလုပ်ငန်းမှ လုပ်ကိုင်နေတာက              ရေချိုးဆပ်ပြာငါးမျိုး၊ မျက်နှာသစ် ဆပ်ပြာ သုံးမျိုး၊ ဆန်ခေါင်းလျှော်ရည်၊ ပန်းကန်ဆေးဆပ်ပြာဆီ၊ အထည်ပျော့ အဝတ် လျှော်ဆပ်ပြာဆီမွှေးတွေဆိုတော့ လက်ရှိမှာ ဆပ်ပြာအမျိုးအစားပေါင်း ၁၁ မျိုး ထုတ်လုပ်ထားပြီးပါပြီ။
မေး    ။    ။    ရေချိုးဆပ်ပြာနဲ့ မျက်နှာသစ်ဆပ်ပြာတွေကို  ဘယ်လို             ထုတ်လုပ်ထားပါသလဲ။
ဖြေ    ။     ။     ရေချိုးဆပ်ပြာတွေထဲမှာ   အသားအရေကို စိုပြည်လှပ             စေတဲ့  Collagen ပါတာကတော့   ပန်းသီးစိမ်းရနံ့ ရေချိုးဆပ်ပြာနဲ့ စံပယ်ရနံ့ရေချိုးဆပ်ပြာဖြစ်ပြီးတော့ ပုံမှန်ရေချိုး ဆပ်ပြာအနေနဲ့ လာဗင်ဒါပန်းရနံ့  ရေချိုးဆပ်ပြာ၊   အပြာရောင် ဘယ်ရီသီးရနံ့ ရေချိုးဆပ်ပြာ၊ ချယ်ရီပန်းရနံ့ ရေချိုးဆပ်ပြာတွေက Collagen မပါပေမယ့်လည်း အသားအရေချောမွေ့စေတဲ့ Vitaman-E၊ အသားပပ်မှုမှ   ကာကွယ်ပေးတဲ့  သံလွင်ဆီပါပြီး ဆပ်ပြာ Cream ငါးမျိုးလုံးမှာသုံးတဲ့ မွှေးရနံ့တွေကတော့ အကောင်းဆုံး ရေမွှေးတွေကို  အသုံးပြုထားပါတယ်။ မျက်နှာသစ်ဆပ်ပြာအနေနဲ့ကတော့    ပျားရည် နနွင်း  မျက်နှာသစ်ဆပ်ပြာ၊  ရွှေရှားစောင်း  မျက်နှာသစ်ဆပ်ပြာ၊ သခွားမွှေးမျက်နှာသစ်ဆပ်ပြာတွေကို  ထုတ်လုပ်ထားပါတယ်။ ဒီမှာ ပျားရည် နနွင်းကတော့ မျက်နှာမှာ မှဲ့ခြောက်၊ တင်းတိပ်၊ နေလောင်ပြီး အမည်းကွက်ဖြစ်တဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။  ရွှေရှားစောင်း ကတော့ ရွှေပါဝင်တဲ့အတွက် မျက်နှာက ဆဲလ်သေတွေကို ဖယ်ထုတ် ပေးတာ အလွန်ကောင်းပါတယ်။ ရှားစောင်းကတော့ လူ့အရေပြားကို ရေဓာတ်ဖြည့်ပေးတဲ့အတွက်   မျက်နှာအရေပြားကို   တင်းရင်းစေ ပါတယ်။ ရွှေရဲ့ထူးခြားချက်က အိုမင်းမှုကို  နှေးကွေးစေပါတယ်။ သခွားမွှေးမျက်နှာသစ်ဆပ်ပြာကတော့   သဘာဝ   Collagen  ဖြစ်တဲ့  ကင်းပုံရွက်ရဲ့ အဆီပါဝင်တဲ့အတွက် မျက်နှာမှာဖြစ်ပေါ်နေတဲ့ အရေး အကြောင်းနဲ့ အရေပြားတွန့်တာတွေကို  သိသိသာသာ ပျောက်ကင်း စေတယ်။ မျက်နှာက ဆဲလ်သေတွေကို လျော့နည်းစေတဲ့အတွက် အိုမင်းမှုကို အတိုင်းအတာတစ်ခုအထိ လျော့ကျစေတယ်။ မျက်နှာသစ်ဆပ်ပြာသုံးမျိုးစလုံးကို သဘာဝပစ္စည်းတွေပဲ   အဓိကသုံးထား ပါတယ်။
မေး။     ။     ခေါင်းလျှော်ရည်နဲ့ဆပ်ပြာဆီတွေကို ဘယ်လိုထုတ်လုပ်             ထားပါသလဲ။
ဖြေ    ။     ။    ဆန်ခေါင်းလျှော်ရည်ကတော့ ဆန်ကို အဓိကထားပြီး             ထုတ်လုပ်ထားတယ်။ ဆန်ရဲ့ဂုဏ်သတ္တိကတော့ ဆံပင် ကျွတ်တာ အလွန်နည်းသွားမယ်၊ ဗောက်သေမယ်၊ ဗောက်ပျောက်မယ်။ ပြီးတော့ ဆံပင်အမြီးနှစ်ခွဖြစ်တာ၊ ဆံပင် ထပ်ကာတလဲလဲ ဆေးဆိုးရ သူတွေ၊ မွေးရာပါဆံသားပါးပြီး ဆံပင်ကြဲသူတွေအတွက် ကောင်းမွန်တဲ့ သဘာဝထုတ်ကုန်ပစ္စည်း ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ကုန်ပစ္စည်းက တော့ စျေးကြီးပေးဝယ်ရတဲ့ နိုင်ငံခြားကတင်သွင်းတဲ့ အခြားသော ဆန်ခေါင်းလျှော်ရည်တွေနဲ့ အာနိသင်ပိုင်းအရရော အရည်အသွေးပိုင်း အရပါ  မွှေးရနံ့ပိုင်းဆိုင်ရာ ယှဉ်လို့ရပါတယ်။ ပန်းကန်ဆေးဆပ်ပြာ ဆီကတော့ ဓာတုပစ္စည်းမပါဝင်တဲ့အတွက် လူကိုအန္တရာယ်ဖြစ်စေမှာ စိတ်မပူရဘူး။ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေလည်း ဆေးကြော လို့ရတယ်။ စျေးကွက်ထဲပေါက်ရောက်နေတဲ့ နာမည်ကြီး   brand တွေနဲ့ယှဉ်ရင် စျေးနှုန်းအရ အများကြီးသက်သာမယ်။ စတီး၊ ကြွေသား တို့ကို ဆေးကြောရာမှာလည်း အကြွင်းအကျန် မရှိသည်အထိ ဆေးကြော နိုင်တယ်။ နောက်ဆုံးထုတ်ထားတဲ့ အထည်ပျော့ အဝတ်လျှော်ဆပ်ပြာ ကတော့ 3 in 1 ဖြစ်တဲ့အတွက် ဒီအဝတ်လျှော်ဆပ်ပြာကို သုံးပြီးတာနဲ့ အမွှေးဆီရော အထည်မွှေးဆေးပါ သုံးစရာမလိုတော့ဘူး။ ကြေးချွတ် အား အထူးကောင်းတယ်။ အမွှေးရနံ့ကလည်း လျှော်ဖွပ်ပြီး  မီးပူ တိုက်ပြီးတဲ့အထိ ကျန်ရစ်နေမယ်။ အမြှုပ်ထွက်အားလည်း ကောင်းတယ်။ ကျွန်တော်တို့လုပ်ငန်းကထုတ်တဲ့ ဆပ်ပြာအားလုံး ရေအမျိုးအစား မရွေးပါဘူး။
မေး    ။     ။    လူသုံးကုန်ပစ္စည်းတွေ ဖြန့်ချိမှုအခြေအနေကို ပြောပြ             ပေးပါ။
ဖြေ    ။     ။     ရန်ကုန်မှာဆိုရင်  မင်္ဂလာဒုံစက်မှုဇုန်၊ ကုန်းတလဘောင်၊             ထောက်ကြန့်၊ သာကေတ၊ ရွှေပေါက်ကံတွေမှာ ကိုယ်စား လှယ်ရှိတယ်။ နယ်ဝေးအနေနဲ့ နေပြည်တော်၊ မြစ်ကြီးနားဘက်မှာ လည်း ကိုယ်စားလှယ်တွေထားပြီး ဖြန့်ချိနေပါတယ်။ အွန်လိုင်းမှာ ဆိုလို့ရှိရင် City  Mall Online ကလည်း တစ်ပတ်လုံး ပိတ်ရက်မရှိ Door to Door စနစ်နဲ့ ပို့ဆောင်ပေးနေပါတယ်။ ဒါ့အပြင် Shop.com ရယ်၊ ကျွန်တော်တို့ ကိုယ်ပိုင်လူမှုကွန်ရက် facebook ရယ်၊ C Max လူသုံးကုန်ပစ္စည်းလုပ်ငန်း Page ကနေလည်း  ဖြန့်ချိဆောင်ရွက်နေ ပါတယ်။
မေး    ။     ။    ဒီလုပ်ငန်းထဲမှာ   အလုပ်သမားတွေ   ရပ်ကွက်ထဲက             ပါသလား။
ဖြေ    ။     ။     ဟုတ်ကဲ့...ပါပါတယ်။ ဒီအလုပ်ထဲမှာ ကျွန်တော်ရယ်၊             ဇနီးရယ်၊ ရပ်ကွက်ထဲက ဒေသခံနှစ်ယောက်ဆိုတော့ လက်ရှိ အလုပ်သမားလေးယောက်နဲ့ ပုံမှန်လည်ပတ်အောင် လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါတယ်။
မေး    ။     ။     ဒီလုပ်ငန်းက ဒေသခံတွေအတွက် အကျိုးသက်ရောက်             မှု ဘယ်လိုရှိပါသလဲ။
ဖြေ    ။     ။    ဒေသခံတွေအတွက်တော့ C Max လုပ်ငန်းက ထုတ်လုပ်             တဲ့ ပစ္စည်းတွေကို သင့်တင့်တဲ့စျေးနှုန်းနဲ့  ရောင်းချပေးတဲ့ အတွက်   စျေးနှုန်းသက်သာစွာနဲ့ ဝယ်ယူသုံးစွဲနိုင်တယ်။ အလုပ်သမား တွေကလည်း ခရီးစရိတ်၊ ထမင်းစရိတ်မကုန်ဘဲ   ကိုယ့်ရပ်ကိုယ့်ဒေသမှာ အလုပ်အကိုင်အခွင့်အလမ်း ရရှိကြတယ်။ မိသားစုစားဝတ်နေရေး ကိုလည်း အထောက်အပံ့ ဖြစ်စေပါတယ်။ ပြီးတော့ အခါအားလျော်စွာ သင်တန်းတွေ ဖွင့်လှစ်ပေးပါတယ်။ လုပ်ငန်းခွင်အန္တရာယ် မဖြစ်ပေါ် အောင် အသိပညာဗဟုသုတတွေ မျှဝေပေးပါတယ်။
မေး    ။     ။     အကျိုးအမြတ်အခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ    ။     ။     အခုလက်ရှိလုပ်ကိုင်နေတဲ့  ပစ္စည်းတွေအတိုင်းဆိုရင်             တော့ နှစ်စဉ်စာရင်းတွက်ချက်မှုအရ အရှုံးပေါ်တာတော့ မရှိပါဘူး။ သင့်တင့်တဲ့အမြတ်ကို ရရှိပါတယ်။   ကိုယ့်အိတ်ထဲကနေ ထပ်မံစိုက်ထုတ်စရာမလိုဘဲ ကနဦးရင်းနှီးမတည်ငွေနဲ့   လုပ်ငန်း ပုံမှန်လည်ပတ်နိုင်တယ်။ အခုဆိုရင်  တစ်နှစ်ခွဲကျော်ကာလ ရှိလာ ပါပြီ။
မေး    ။     ။    လုပ်ငန်းလုပ်ကိုင်တဲ့အခါ အခက်အခဲတွေရှိရင်လည်း             ပြောပြပေးပါ။
ဖြေ    ။     ။     ဒီလုပ်ငန်းမှာ လုပ်ကိုင်ရတဲ့အခါ ကြုံရတာက   ဒေသ             ထုတ်ကုန်တွေကို ဝယ်ယူသုံးစွဲသူတွေအနေနဲ့ ယုံကြည်မှု အားနည်းတာတွေတော့ ရှိပါတယ်။ တစ်ဖက်မှာ စျေးဝယ်စင်တာ တွေပေါ် တင်ရောင်းချနိုင်တဲ့ အခွင့်အလမ်းမရရှိသေးဘူး။ ဒါတွေကို လည်း တဖြည်းဖြည်းနဲ့ ကျော်ဖြတ်နိုင်တဲ့အထိ ကြိုးစားဆောင်ရွက် သွားမှာပါ။
မေး    ။    ။     ဒီလုပ်ငန်းအပေါ်မှာ   ရှေ့ဆက်လုပ်ဆောင်ဖို့အတွက်             ဘယ်အထိ မျှော်မှန်းချက်ထားရှိပါသလဲ။
ဖြေ    ။     ။     အခုလုပ်နေတာကတော့     မိသားစု    တစ်ပိုင်တစ်နိုင်             လုပ်ငန်းပဲရှိပါသေးတယ်။   ဒီလုပ်ငန်းကို   သားစဉ် မြေးဆက် လက်ဆင့်ကမ်းသယ်ယူလုပ်ကိုင်သွားနိုင်ဖို့ ရည်ရွယ်ပါ တယ်။ အခု တစ်ပိုင်တစ်နိုင်လုပ်ငန်းကို တိုးချဲ့ပြီး လုပ်ကိုင်နိုင်အောင် လည်း  ရှေ့ဆက်လုပ်ဆောင်မယ့်  ကုန်ပစ္စည်းတွေ  ဓာတ်ခွဲလုပ်တာ အောင်မြင်ရင်တော့ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အကျိုးပြုနိုင်တဲ့  စက်မှုကုန်ထုတ်လုပ်ငန်း   ဖြစ်လာအောင်   မျှော်မှန်းပြီး   ဆက်လက် ကြိုးစားသွားဖို့ရှိပါတယ်။          ။