နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအားလုံးက ဝိုင်းဝန်းတွန်းအားပေးဆောင်ရွက်

 

နေပြည်တော်     ဩဂုတ်    ၉


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး  အစည်းအဝေးခန်းမ ၌ တွေ့ဆုံအမှာစကားပြောကြားသည်။


တက်ရောက်


တွေ့ဆုံပွဲသို့       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်     ဒုတိယဗိုလ်ချုပ်ကြီး     မိုးမြင့်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊  နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊  တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်     တိုင်းဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ထိုသို့တွေ့ဆုံစဉ်     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာ၌ နိုင်ငံတော်၏အခြေအနေအရ ထပ်မံ သက်တမ်းတိုးမြှင့်ထားသည့်ကာလအတွင်း    နိုင်ငံ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်     ဆောင်ရွက်သင့်သည်များကို ဆွေးနွေးနိုင်ရေး ယခုကဲ့သို့ တွေ့ဆုံခြင်းဖြစ်ကြောင်း၊ အစိုးရတစ်ရပ်၏တာဝန်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်ဖြစ်ပြီး လက်တွေ့ကျသည့် စီးပွားရေး လုပ်ငန်းများကို    အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန် များကို ထမ်းဆောင်ချိန်တွင် နိုင်ငံရေးသဘောထားကွဲလွဲမှုများကြောင့်   ဖြစ်ပေါ်လာသည့်   နိုင်ငံရေး ပဋိပက္ခများကို     ဥပဒေနှင့်အညီသာ    ဖြေရှင်း ဆောင်ရွက်ခဲ့ပြီး    နိုင်ငံရေးအရ   ဖြစ်ပေါ်လာသည့် အခြေအနေများကြောင့်     နိုင်ငံ့စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု နောက်ကျခဲ့ရကြောင်း။


ဗလငါးတန်နှင့်ပြည့်စုံသည့်လူငယ်များ မွေးထုတ်


ပညာရည်မြင့်မားတိုးတက်မှုသည်   နိုင်ငံဖွံ့ဖြိုး တိုးတက်မှုကို   များစွာအထောက်အကူပြုစေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့်  နိုင်ငံတော် တာဝန်ကို  စတင်ထမ်းဆောင်ချိန်မှစ၍  ပညာရည် မြင့်မားရေးကိစ္စရပ်များကို  အားပေးဆောင်ရွက်ခဲ့ ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး၌ စာသင်ကျောင်းများအားလုံး ဖွင့်လှစ်သင်ကြားနိုင်ပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များကို မွေးထုတ် ပေးနိုင်ရန်လိုကြောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ၊ အခြေခံပညာအထက်တန်းကျောင်း များ၊  အဆင့်မြင့်ပညာသင်ကျောင်းများနှင့်  ပညာ သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် စင်တာများအားလုံး၌ ကျောင်းသား၊ ကျောင်းသူများ လုံခြုံအေးချမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသား၊ မိဘနှင့် ဆရာများသာမက အုပ်ချုပ် ရေးပိုင်းဆိုင်ရာ    တာဝန်ရှိသူများအနေဖြင့်လည်း ဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုကြောင်း။


နိုင်ငံတော်မှ တတ်နိုင်သမျှဖြည့်ဆည်း


ပညာသင်ကြားရေးတွင် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍမှာ အလွန်ကျယ်ပြန့်ပြီး အဓိကကျသဖြင့် ဆရာ၊ ဆရာမများ၏   နေထိုင်စားသောက်မှုများ အဆင်ပြေစေရေးအတွက်   နိုင်ငံတော်မှ  တတ်နိုင် သမျှ    ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့နယ် များအလိုက်လည်း တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်း ဆောင်ရွက်ပေးကြစေလိုကြောင်း၊  ယခင်က ပညာ ရေးစနစ်၏    အားနည်းမှု၊   စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အားနည်းမှုများရှိခဲ့ခြင်းကြောင့်      ကျောင်းသား၊ ကျောင်းသူများ၏  ပညာရေးမှာ  အားနည်းချက်များ ရှိခဲ့ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အမှန် တကယ်စာတတ်မြောက်စေရေး ဆရာ၊ ဆရာမများ အနေဖြင့် သင်ကြားပေးရန်လိုသကဲ့သို့ အခြားလိုအပ် သော  မှန်ကန်သည့်တွေးခေါ်မှုနှင့်   အသိအမြင်များ ရရှိရေးအတွက်လည်း သင်ကြားပေးရန်လိုကြောင်း။


လူသားအရင်းအမြစ်များကိုလည်း ရရှိစေမည်


ခရိုင် ၅၀ ရှိ အခြေခံပညာအထက်တန်းကျောင်း များ၌  ထပ်မံတိုးချဲ့ဖွင့်လှစ်ထားသည့်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာ ဘာသာရပ်များကို သင်ကြားတတ်မြောက်ခဲ့သည့်     ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာသင်ကြားပြီးချိန်တွင် ၎င်းတို့၏ဘဝတိုးတက်ရေးအတွက်  ဆောင်ရွက်နိုင် မည်ဖြစ်သကဲ့သို့    နိုင်ငံ၏     ကုန်ထုတ်လုပ်မှုကို အထောက်အကူပြုစေမည့်  လူသားအရင်းအမြစ် များကိုလည်း   ရရှိစေမည်ဖြစ်ကြောင်း၊  ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။


ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍  မိမိတို့နိုင်ငံ၏ GDPမှာ အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါး လျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကဆောင်ရွက်သည့်    နိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော သေချာခိုင်မာ သည့်   ကုန်ထုတ်လုပ်မှုများကို   ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် စိုက်ပျိုးမြေများ ကို ထိရောက်စွာ   အကျိုးရှိရှိအသုံးချရန်လို ကြောင်း၊ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး လူမှုစီးပွားဘဝများ တိုးတက်အောင် ဆောင်ရွက်ပေး ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လူနည်းစု၏ အကျိုးစီးပွားထက်  လူအများစု၏  အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်သည့်  ကုန်ထုတ်လုပ်မှုလုပ်ငန်း များကို    ပိုမိုအားပေးဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်   အစိုးရများအနေဖြင့် မိမိတို့ဒေသအလိုက် စိုက်ပျိုးရေးကဏ္ဍ၊ သားငါးကဏ္ဍ နှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများ တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊    မိမိတို့ တာဝန်ထမ်းဆောင်နေချိန်ကာလအတွင်း  ပြည်သူ များ၏   လူမှုစီးပွားဘဝများ   ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း။


မြေယာအသုံးချမှုကိစ္စရပ်များနှင့်  ပတ်သက်၍ စိုက်ပျိုးမြေများ   ထိခိုက်လျော့နည်းမှု   မရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် အသုံးပြုခြင်း များမရှိစေရေး ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် အညီ  ကြပ်ကြပ်မတ်မတ်ဖြင့်   ဆောင်ရွက်သွားရန် လိုကြောင်း။


အားလုံးလည်ပတ်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်


နိုင်ငံတော်ပိုင်စီးပွားရေး လုပ်ငန်းများစနစ်တကျ လည်ပတ်ဆောင်ရွက်နေရန်လိုကြောင်း၊ သက်ဆိုင် ရာဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းများအောင်မြင် မှုရှိစေရေး       ကြပ်မတ်ကွပ်ကဲဆောင်ရွက်နေရန် လိုကြောင်း၊  တိုင်းဒေသကြီးနှင့်  ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့်လည်း       ဝိုင်းဝန်းကြပ်မတ် ဆောင်ရွက်ပေးရန်လိုပြီး နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ အားလုံးလည်ပတ်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးရန် လိုကြောင်း။


ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ထား


MSME ကုန်ထုတ်လုပ်ငန်းများ  ဆောင်ရွက်ရာ တွင် လိုအပ်သည့်ကုန်ကြမ်းအတွက်  သေချာခိုင်မာ သည့်   ဒေသတွင်းနှင့်  ပြည်တွင်းမှ    ထွက်ရှိသော ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်း များကို     အဓိကထားဆောင်ရွက်ရန်လိုကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဆိုပါက ပြည်တွင်းကုန်ထုတ်လုပ်မှုများ   တိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ   တိုးတက်လာကာ ဒေသ၏   လူမှုစီးပွားဘဝများ    တိုးတက်လာမည် ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့်  နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း၊   ထို့ကြောင့်   ဒေသအလိုက်  MSME လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးရန်လိုကြောင်း၊    အလားတူ ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့်     ခရီးသွား လုပ်ငန်းသည်လည်း    မီးခိုးမထွက်သည့်   စက်မှု လုပ်ငန်းတစ်ခုဖြစ်ပြီး ဒေသတွင်းသို့   ပြည်တွင်း၊ ပြည်ပမှ  ခရီးသွားများ  ဝင်ရောက်ခြင်းဖြင့်  ဒေသ အကျိုးစီးပွားကို ဖြစ်ပေါ်စေနိုင်မည် ဖြစ်သောကြောင့် အားပေးမြှင့်တင်    ဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့ကြောင့် ဒေသအလိုက် သန့်ရှင်းသာယာလှပမှုရှိစေ ရေး၊   တည်းခိုနေထိုင်ရေး၊  ဒေသအစားအစာများ၊ ဒေသထွက်လက်ဆောင်ပစ္စည်းများ ရောင်းချနိုင်ရေး၊ ဝန်ဆောင်မှု  အပြည့်အဝပေးနိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ထားရန်လိုကြောင်း၊ အလားတူ    အထည်ချုပ်လုပ်ငန်းများသည်လည်း အလုပ်အကိုင်အခွင့်အလမ်းများစွာကို   ဖြစ်ပေါ်စေနိုင် ကာ တစ်ဦးချင်းစီ၏ ဝင်ငွေကို တိုးတက်စေနိုင်သည် ဖြစ်သောကြောင့်      အားပေးဆောင်ရွက်သွားရန် လိုကြောင်း။ 


လုပ်သားအင်အားရှားပါးမှုများ ဖြစ်ပေါ်လျက်ရှိ


အလုပ်အကိုင်နှင့်ပတ်သက်၍   မိမိတို့နိုင်ငံတွင် ပြည်ပသို့သွားရောက်လုပ်ကိုင်မှုများ များပြားလျက် ရှိခြင်းကြောင့် နိုင်ငံအတွင်းရှိ အချို့နေရာဒေသများ တွင် လုပ်သားအင်အားရှားပါးမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း၊   ထို့ကြောင့်    ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများကို အားပေးဖော်ဆောင်ပေးနိုင်ရန် လိုကြောင်း၊ မိမိတို့နိုင်ငံသားများအား မိမိတို့၏ နိုင်ငံ တွင်း၌ပင်  နိုင်ငံတော်၏   အရိပ်အာဝါသအောက်၌ လုံခြုံစွာဖြင့် အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက် နိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဖော်ဆောင်ပေးနိုင် ရမည်ဖြစ်ကြောင်း။


လက်တွေ့ကျကျဖြင့် ဝိုင်းဝန်းကြိုးပမ်း


အခွန်ဆောင်မှုနှင့်ပတ်သက်၍ အခွန်ရှောင်မှုများ မရှိစေရေး   တာဝန်ရှိသူများအနေဖြင့်    စနစ်တကျ စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ မြေများ ဈေးကစားမှုမရှိစေရေးနှင့်     စနစ်တကျရှိစေရေး လယ်ယာမြေဥပဒေဖြင့်   ကြပ်မတ်ဆောင်ရွက်နေ ရန်လိုကြောင်း၊    နိုင်ငံ့ဝင်ငွေတိုးတက်ရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ     မြင့်မား တိုးတက်စေရေး အားလုံးဝိုင်းဝန်းဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးဆောင်ရွက် ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အားလုံးအနေဖြင့် အမှန်တကယ်အောင်မြင်မှုရှိစေ ရေး၊ နိုင်ငံတော်နှင့် ပြည်သူပြည်သားတို့၏ အကျိုး စီးပွားကို ဖော်ဆောင်ပေးနိုင်ရေး လက်တွေ့ကျကျဖြင့် ဝိုင်းဝန်းကြိုးပမ်း    ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။


ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌ များက ဒေသအလိုက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိမှု၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း များနှင့်     ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ဒေသတည်ငြိမ်အေးချမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိသည့်အခြေ အနေများကို ရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြ


ထို့နောက်   ကောင်စီဝင်    ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက    စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်   ဓာတ်မြေဩဇာများ    တင်သွင်းပေး လျက်ရှိမှုကို   ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများက  နိုင်ငံစီးပွားမြှင့်တင်ရေး အတွက်    လုပ်ငန်းများ   ဆောင်ရွက်လျက်ရှိမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ  စိုက်ပျိုး၊ မွေးမြူ ရေးလုပ်ငန်းများနှင့်  ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကူညီဆောင်ရွက်ပေးလျက် ရှိမှု၊ ရင်းနှီးမြှုပ်နှံမှုချေးငွေများ ထုတ်ချေးပေးထားမှု၊ ရော်ဘာနှင့်ဆီအုန်း       စိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်စေရေး ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေး သုတေသနလုပ်ငန်းများ    ဆောင်ရွက်လျက်ရှိမှု၊ သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်ပေးလျက် ရှိမှုနှင့်   အလုပ်အကိုင်အခွင့်အလမ်းများ   တိုးတက် ရေးဆောင်ရွက်လျက်ရှိသည့်   အခြေအနေများကို ရှင်းလင်းတင်ပြသည်။    


ဥပဒေကို ဖောက်ဖျက်ဆောင်ရွက်မှုများကို ဖော်ထုတ်အရေးသွားယူရန်လို


ရှင်းလင်းတင်ပြမှုများအပေါ်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က လိုအပ်သည်များလမ်းညွှန်မှာကြားပြီး နိဂုံးချုပ် အမှာစကား  ပြောကြားရာတွင်   ကုန်သွယ်မှုနှင့် ပတ်သက်၍ တရားမဝင်ကုန်သွယ်မှုများ တိုက်ဖျက် ရေး ဆောင်ရွက်ရန်လိုကြောင်း၊ နယ်စပ်ကုန်သွယ်မှု များ၌ တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံ့ဝင်ငွေ များကို ထိခိုက်နစ်နာစေလျက်ရှိကြောင်း၊ ပြည်ပသို့ ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် တရားဥပဒေနှင့် အညီ မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ဥပဒေကို ဖောက်ဖျက်ဆောင်ရွက်မှုများကို ဖော်ထုတ် အရေးယူသွားရန်လိုကြောင်း။


မိမိတို့နိုင်ငံ၏   ဆင်းရဲနွမ်းပါးမှုရာခိုင်နှုန်းကို လျှော့ချနိုင်ရေး      ဆောင်ရွက်ရန်လိုကြောင်း၊ ကျေးလက်ဒေသတွင် နေထိုင်သူများပြားပြီး စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက် ကြကြောင်း၊  တစ်ဦးချင်းဝင်ငွေ   များပြားမှသာ ဆင်းရဲနွမ်းပါးမှုကို  လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဒေသစီးပွားရေးတိုးတက်စေရန်အတွက်   စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ၊     ခရီးသွားလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့်      စက်မှုကုန်ထုတ် လုပ်ငန်းများကို  ဖွံ့ဖြိုးတိုးတက်အောင်  ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊    နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင်   စာရင်းဇယားများ၌ တိုးတက်ခြင်းထက် လက်တွေ့တိုးတက်မှုရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက် နိုင်ရန်အတွက်      တိုင်းဒေသကြီးနှင့်    ပြည်နယ် ဝန်ကြီးချုပ်များအားလုံးက    ဝိုင်းဝန်းတွန်းအားပေး ဆောင်ရွက်ကြရန်လိုကြောင်း။


ကျောင်းနေရာခိုင်နှုန်း မြင့်မားလာရေး   ဝိုင်းဝန်းဆောင်ရွက်


ပညာရေးနှင့်ပတ်သက်၍ ယခုပညာသင်နှစ်တွင် ကျောင်းတက်ရောက်လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအားလုံး ပညာရေးဆုံးခန်းတိုင်သည် အထိ ပညာသင်ကြားနိုင်ရေး၊ တန်းစဉ်ကူးပြောင်းမှု များ တိုးတက်စေရေး၊ ကျောင်းနေရာခိုင်နှုန်း မြင့်မား လာရေး   ဝိုင်းဝန်းဆောင်ရွက်ရန်လိုကြောင်း၊   နိုင်ငံ အတွက် လိုအပ်လျက်ရှိသည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်   စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် စက်မှုနည်းပညာ ဘာသာရပ်များကို သင်ကြားသည့် ကျောင်းသား၊  ကျောင်းသူများ   တိုးတက်လာရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊    မိမိတို့နိုင်ငံ၏ အနာဂတ်အတွက်   ဗလငါးတန်နှင့်    ပြည့်စုံသည့် လူငယ်များမွေးထုတ်ပေးနိုင်ရေး  ဆရာ၊ ဆရာမများ သာမက မိဘများနှင့်အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန် ရှိသူများအနေဖြင့်လည်း အလေးထားဆောင်ရွက် ပေးကြစေလိုကြောင်းဖြင့်      မှာကြားခဲ့ကြောင်း သတင်းရရှိသည်။                              

သတင်းစဉ်