နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ကချင်ပြည်နယ်အတွက် မတည်ပေးသည့် ငွေကျပ် ၈ ဘီလီယံအား ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး

 

မြစ်ကြီးနား    သြဂုတ်    ၁၃


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး ရန်ပုံငွေမှ ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက်   လွှဲပြောင်း မတည်ပေးအပ်ခဲ့သည့်        ငွေကျပ်   ၈ ဘီလီယံကို ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက်   ဆောင်ရွက် ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ များနှင့်      လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို     ယနေ့  မွန်းလွဲ ၁ နာရီက  ပြည်နယ်အစိုးရအဖွဲ့ရုံး  မလိခ ခန်းမ၌ ကျင်းပသည်။

 


ငွေကျပ် ၈ ဘီလီယံ ရရှိခဲ့


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ် ဝန်ကြီးချုပ်   ဦးခက်ထိန်နန်က  နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်က စီမံကိန်းနှင့်    ဘဏ္ဍာရေးဝန်ကြီးဌာန၊   အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ငွေကျပ်ဘီလီယံ ၄၀၀ ကို    နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက် ရေးအတွက်  သီးသန့်ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး နိုင်ငံ့စီးပွားရေးမြှင့်တင်နိုင်ရန်       လယ်ယာစီးပွား မြှင့်တင်ရေးနှင့်     တိုင်းဒေသကြီးနှင့်    ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ စီးပွားရေးမြှင့်တင် ရေးအတွက် စီမံဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မိမိတို့ ကချင်ပြည်နယ်အတွက် နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး ရန်ပုံငွေမှ    ငွေကျပ် ၈ ဘီလီယံကို    ရရှိခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍  ရရှိသည့်    ရန်ပုံငွေများကို    နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လျင်မြန်စွာ တိုးတက်အောင်မြင်နိုင်သည့်  လုပ်ငန်းများဖြစ်စေ ရေး၊ အကျိုးရှိထိရောက်အောင်မြင်မည့် လုပ်ငန်းများ ဖြစ်စေရေးနှင့်   စည်းမျဉ်းစည်းကမ်းများနှင့်အညီ သုံးစွဲနိုင်ရေး    ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

 


အကြံပြုဆွေးနွေးတင်ပြ


ထို့နောက် ပြည်နယ်ဝန်ကြီးများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာနနှင့်    သမ ဝါယမနှင့်    ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနများ၏   ကွပ်ကဲမှုအောက်ရှိ    ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက စိုက်ပျိုးမွေးမြူရေးကဏ္ဍများ တွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားမည့် လုပ်ငန်းများ၊ ကျေးလက်နေပြည်သူများ     ဝင်ငွေတိုးရေး၊   ရင်းနှီး မတည်ပေးနိုင်ရေးအတွက် ကျေးရွာများတွင်  အရင်း မပျောက်  မတည်ငွေ  မြစိမ်းရောင်စီမံကိန်းပုံစံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်း များအပါအဝင် ပြည်နယ်၏ စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက်      စိုက်ပျိုးမွေးမြူရေးကို    အခြေခံသည့် လုပ်ငန်းစဉ်များ သတ်မှတ်၍ လုပ်ငန်းများအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး အသီးသီးသုံးသပ် အကြံပြုဆွေးနွေးတင်ပြကြသည်။

 


 ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး


တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီး ချုပ်က    မတည်ပေးသည့်ရန်ပုံငွေများ   စည်းမျဉ်း စည်းကမ်းများနှင့်အညီ သုံးစွဲရေး၊ ၎င်းငွေတိုးပွားလာ စေရေးတို့အတွက်       ပြည်နယ်စီးပွားမြှင့်တင်ရေး ဦးဆောင်ကော်မတီနှင့်   ခရိုင်၊  မြို့နယ်များအလိုက် ကော်မတီများ     ဖွဲ့စည်းပြီး     လျင်မြန်စွာတိုးတက် အောင်မြင်စေမည့် လုပ်ငန်းများ အကောင်အထည် ဖော်   ဆောင်ရွက်နိုင်ရေး   ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)