နိုင်ငံ့အကျိုးပြုစေရေး အရည်အသွေးပြည့်မီသော သက်မွေးပညာရှင်များ မွေးထုတ်ပေး

 

နေပြည်တော်   ဇူလိုင်   ၄


သိပ္ပံနှင့်   နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး       ဒေါက်တာ အောင်ဇေယျသည်     တာဝန်ရှိ သူများနှင့်အတူ   ဇူလိုင်   ၂  ရက် မွန်းလွဲပိုင်းက အင်းစိန်မြို့နယ်ရှိ    နည်းပညာ၊   သက်မွေးပညာနှင့်     လေ့ကျင့်ရေးဦးစီးဌာန  ဂျပန် - မြန်မာ အောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်း     ကွပ်ကဲမှု အောက်ရှိ     ရတနာဂဟေဆက် နည်းပညာ သင်တန်းကျောင်းကို သွားရောက်  ကြည့်ရှုစစ်ဆေးသည်။


ကြည့်ရှုစစ်ဆေးစဉ် သင်တန်း ကျောင်းတာဝန်ခံက     ကျောင်း ဆိုင်ရာ   အချက်အလက်များကို ရှင်းလင်းတင်ပြပြီး    ကွန်ပျူတာ အခြေပြု   Welding  Simulator များ အသုံးပြု၍ လေ့ကျင့်သင်ကြား ပေးနေမှုများ၊   အလုပ်ရုံများတွင် Arc Welding Training Course ၊ Gas Metal  Arc Welding Train-ing Course နှင့် Pipe  Welding Training Course များကို လေ့ကျင့် သင်ကြားပေးနေမှုများနှင့် အခြား လက်တွေ့ သင်ကြားပေးနေမှုများ ကို ရှင်းလင်းတင်ပြသည်။


တင်ပြချက်များအပေါ် ဒုတိယ ဝန်ကြီးက အသေးစား၊ အငယ်စား နှင့် အလတ်စား စီပွားရေးလုပ်ငန်း (MSME)  များဆိုင်ရာ    စက်မှု လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူပြုမည့် သင်တန်းများ   ဖွင့်လှစ်ဆောင် ရွက်သွားရန်၊ လူငယ်များ အလုပ် အကိုင် အခွင့်အလမ်းရရှိရေးနှင့် လူတစ်ဦးချင်းဝင်ငွေ မြင့်မားရေး အတွက် အခရာကျသည့် သက်မွေး ပညာရပ်ဖြစ်သဖြင့် လုပ်ငန်းခွင် နှင့်   ကိုက်ညီသည့်  သင်ရိုးညွှန်း တမ်းဖြစ်ရန်နှင့် သတ်မှတ်စံနှုန်း များအတိုင်း ကျွမ်းကျင်မှု စစ်ဆေး ခြင်းများကို တိတိကျကျ လိုက်နာ ဆောင်ရွက်သွားရန်၊      အရည် အသွေး       တိုးမြှင့်ခြင်းဆိုင်ရာ သင်တန်းများကို     ပုံမှန်ဖွင့်လှစ် ဆောင်ရွက်သွားရန်၊    သင်တန်း ဆင်းများကို   NSSA  (National Skill   Standard    Authority) လက်မှတ်ရရှိရေးနှင့် On The Job Training      တက်ရောက်ရေး ဆောင်ရွက်ပေးသွားရန်၊  လုပ်ငန်း ခွင်ဘေးအန္တရာယ် ကင်းရှင်းရေး နှင့် မလိုလားအပ်သော ထိခိုက်မှု များ မဖြစ်ပေါ်စေရေး သတ်မှတ် Guidelines  များအတိုင်း  အစဉ် တစိုက်   ဆောင်ရွက်သွားရန်နှင့် အလုပ်ရုံများနှင့်  သင်ထောက်ကူ ပစ္စည်းများကို   ထပ်မံဖြည့်ဆည်း ဆောင်ရွက်သွားရန်   မှာကြားခဲ့ သည်။  

                
   သတင်းစဉ်