နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုလုပ်ငန်းကော်မတီ ဆဋ္ဌမအကြိမ်အစည်းအဝေး ကျင်းပ

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုလုပ်ငန်းကော်မတီ ဆဋ္ဌမအကြိမ်အစည်းအဝေး ကျင်းပ

=======================================================================

 

နေပြည်တော် ဇန်နဝါရီ ၁၂

 

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုလုပ်ငန်းကော်မတီ၏ ဆဌမအကြိမ်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပသည်။

 

(၆)ကြိမ်မြောက်

 

အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မြန်မာ့ကမ်းရိုးတန်းသယံဇာတများ ရေရှည် တည်တံ့စေရန်နှင့် ကမ်းရိုးတန်းဒေသများ တွင်ဖြစ်ပေါ်နေသည့် ဒီရေတောနှင့် ကမ်းရိုး တန်း သယံဇာတထုတ်ယူသုံးစွဲမှုပြဿနာ၊ ပဋိပက္ခများကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံ အဆင့်/ဗဟိုအဆင့်မှ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်အဆင့်အထိ ပင်လယ် ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင် မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီများ ကို အဆင့်ဆင့်ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအချိန်အထိ ဗဟိုကော်မတီအစည်းအဝေး ကို (၇)ကြိမ်တိုင်တိုင် ကျင်းပနိုင်ခဲ့ပြီး အစည်း အဝေး ဆုံးဖြတ်ချက်ပေါင်း(၅၄)ချက် ချမှတ် ကာ ကမ်းရိုးတန်းဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးအတွက် သက်ဆိုင်ရာနယ်မြေဒေသများ နှင့် အခန်းကဏ္ဍအသီးသီး၏ ပူးပေါင်းပါဝင် ဆုံးဖြတ်ဆောင်ရွက်မှုများကို မြှင့်တင်ပေးနိုင် ခဲ့ပါကြောင်း၊ ဗဟိုကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်များကို လက်တွေ့မြေပြင် တွင် အကောင်အထည်ဖော်ဆောင်နိုင်ရန် လုပ်ငန်းကော်မတီ အစည်းအဝေးများ ကျင်းပခဲ့ရာ ယနေ့ဆိုလျှင် (၆)ကြိမ်မြောက် ဖြစ်ပါကြောင်း။

 

ဦးတည်ဆွေးနွေးခဲ့

 

မြန်မာ့ကမ်းရိုးတန်းသယံဇာတ တည်ရှိမှု အခြေအနေများ၊ လူမှုစီးပွားရေးနှင့် နိုင်ငံ့ စီးပွားရေးအပေါ် အထောက်အပံ့ပြုမှု အခြေ အနေများနှင့် ပင်လယ်ကမ်းရိုးတန်း သယံ ဇာတများ ရေရှည်တည်တံ့ရေးအတွက် ကျင်းပ ပြီးစီးခဲ့သည့် လုပ်ငန်းကော်မတီအစည်းအဝေး (၅) ကြိမ်တွင် ကမ်းရိုးတန်းသယံဇာတများ ဘက်စုံပူးပေါင်းစီမံအုပ်ချုပ်ခြင်း “Integrated Coastal Management(ICM)” အစီအမံများ ဖွံ့ဖြိုးရေးကို တစိုက်မတ်မတ် ဦးတည်ဆွေးနွေး ခဲ့ကြပါကြောင်း။

 

မြန်မာနိုင်ငံတွင် ICM စနစ်ကို ချမှတ် ကျင့်သုံးနိုင်ရေးအတွက် ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်ကြီး (၁၀)ရပ်အနက် တာဝန် တစ်ရပ်အနေဖြင့် အစီအမံများ ချမှတ်ဆောင် ရွက်နေသည်ကို ကော်မတီဝင်များအားလုံး သိရှိပြီးဖြစ်ပါကြောင်း၊ Integrated Coastal Management Programme (မူကြမ်း)ကို လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး မဏ္ဏိုင်ကြီး (၃)ရပ်လုံး ဟန်ချက် ညီညီ စီမံအုပ်ချုပ်ရန်နှင့် ဒေသစုံ၊ ကဏ္ဍစုံ၊ ဌာနစုံ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ပြီး ရေရှည်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိထိ ရောက်ရောက်ဆောင်ရွက်နိုင်ရန် သစ်တော ဦးစီးဌာနမှ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အနေ ဖြင့် ကမ်းရိုးတန်းဒေသရှိ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီများ၊ ခရိုင်ကော်မတီများ၊ နည်းပညာအကြံပေး ကော်မတီဝင်များနှင့် ဒေသအဖွဲ့အစည်းများ၏ အကြံဉာဏ်များရယူကာ IUCN အဖွဲ့၏ အကူအညီဖြင့် ရေးဆွဲလျက်ရှိပါကြောင်း၊ ICM ၏ အခြေခံကျသည့် လုပ်ငန်းတစ်ရပ်အနေဖြင့် မြန်မာ့ကမ်းရိုးတန်းဒေသ နယ်နိမိတ်သတ်မှတ် နိုင်ရေးအတွက် ICM ဇုန်နယ်မြေ (မူကြမ်း)ကို ရေးဆွဲဖော်ထုတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ICM အစီအမံများ ရေးဆွဲရာတွင် ကမ်းရိုးတန်းဒေသ တွင်ရှိသည့် ဂေဟစနစ်များ၊ သယံဇာတများ နှင့် အဏ္ဏဝါဒေသရှိ ဂေဟစနစ်များနှင့် သယံဇာတများကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းအသုံးချနိုင်ရန် ဦးတည်ချက်ထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

 

ကမ်းရိုးတန်းဂေဟစနစ်များ၊ သယံဇာတ များ ပျက်စီးဆုံးရှုံးမှုနှင့် ထိန်းသိမ်းကာကွယ် ရန် လိုအပ်ချက်များသည် ထင်သာမြင်သာ ရှိသော်လည်း အဏ္ဏဝါဒေသရှိ ဂေဟစနစ် များနှင့် သယံဇာတများ ပျက်စီးဆုံးရှုံးနေမှု အပေါ် အထူးဂရုစိုက်ပြီး ထိန်းသိမ်းရန် လိုအပ် မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အဏ္ဏဝါ ညစ်ညမ်းမှု အခြေအနေများသည် အဓိက အားဖြင့် ကုန်းတွင်းပိုင်းမှ စွန့်ပစ်ပစ္စည်းများ ဖြစ်သည့် မိလ္လာစွန့်ပစ်မှုများ၊ စိုက်ပျိုးရေးနှင့် ငါးမွေးမြူရေးလုပ်ငန်းများမှ ဓာတုစွန့်ပစ် ပစ္စည်းများ၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ ကြောင့် ညစ်ညမ်းနေရကြောင်းကို နော်ဝေ နိုင်ငံရေးသုတေသနအဖွဲ့ (NIVA)၏ ၂၀၁၁ ခုနှစ် အစီရင်ခံစာက ဖော်ပြထားရှိပြီး ကမ်းရိုး တန်းဒေသ အမှိုက်နှင့်အညစ်အကြေး စွန့်ပစ် စနစ်များကို ထိထိရောက်ရောက် စီမံအုပ်ချုပ် နိုင်ပါက မြန်မာ့အဏ္ဏဝါညစ်ညမ်းမှုကို အထိုက် အလျောက် လျှော့ချနိုင်ခြေရှိကြောင်းကို ဖော်ပြ ထားပါကြောင်း။

 

ပွင့်ပွင့်လင်းလင်းဆွေးနွေး

 

မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးရေး ရည်မှန်း ချက် ပန်းတိုင်များနှင့် လိုက်လျောညီထွေ ဖြစ်စေသည့် နိုင်ငံ့ကမ်းရိုးတန်းသယံဇာတ များ ဘက်စုံစီမံအုပ်ချုပ်ခြင်း အစီအမံများ ဖွံ့ဖြိုးစေရေးအတွက် ရေရှည်မျှော်မှန်းချက် များချမှတ်ပြီး ဆောင်ရွက်လျက်ရှိသကဲ့သို့ ယခုကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါ အလွန် ပြန်လည်တည်ထောင်ရေးနှင့် အသက် မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးကိုလည်း ကမ်းရိုးတန်းဒေသများ၌ ထိရောက်သည့် စီမံချက်များ ချမှတ်ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း၊ ကျန်ရှိနေသေး သည့် ဆောင်ရွက်ဆဲကိစ္စရပ်များကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် ပေးကြရန်နှင့် ယနေ့အစည်းအဝေးတွင် မိမိတို့ ကဏ္ဍအလိုက် ဆောင်ရွက်နေမှုများ၊ တွေ့ကြုံ ရသည့် အခက်အခဲများနှင့် ရှေ့ဆက်ဆောင် ရွက်သင့်သည့်လုပ်ငန်းများကို ကော်မတီဝင် များအားလုံး ပွင့်ပွင့်လင်းလင်းဆွေးနွေးကြ ရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

 

တင်ပြဆွေးနွေးသွားမည်

 

ယနေ့အစည်းအဝေးမှရရှိသည့် ဆွေးနွေး တင်ပြချက်နှင့် အစည်းအဝေးဆုံးဖြတ်ချက် များကို ရှေ့လာမည့် အဋ္ဌမအကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေးတွင် မပျက် မကွက် တင်ပြဆွေးနွေးသွားမည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ကော်မတီဝင်အားလုံး အနေဖြင့် ကမ်းရိုးတန်းသယံဇာတများ ဘက်စုံစီမံအုပ်ချုပ်နိုင်ရေးအတွက် ရေရှည် ရည်မှန်းချက် ချမှတ်ဆောင်ရွက်ရမည့် အစီအမံများ၊ ကိုဗစ်-၁၉ ကာလအလွန် ပြန်လည်တည်ထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆောင်ရွက်မည့် အစီအမံများအပေါ် မိမိတို့ ဒေသနှင့် ကဏ္ဍအခြေအနေများအလိုက် အကြံပြုဆွေးနွေးပေးကြရန်နှင့် ကမ်းရိုးတန်း သယံဇာတများ ရေရှည်ထုတ်ယူသုံးစွဲနိုင်ရန် တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြသည့်အပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

 

ဆက်လက်၍ လုပ်ငန်းကော်မတီ အတွင်း ရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုလုပ်ငန်းကော်မတီ၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက် မှုများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး နှင့် ပြည်နယ် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီအဖွဲ့ဝင် များ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင် စစ်ဦးစီး ဗိုလ်မှူးချုပ်(ရေ)၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများက မိမိတို့ ကော်မတီများအလိုက် ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ လုပ်ငန်း ကော်မတီအဖွဲ့ဝင် စစ်ဦးစီး ဗိုလ်မှူးချုပ်(ရေ)၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး များက Virtual စနစ်ဖြင့် တက်ရောက်ကြ သည်။

သတင်းစဉ်