နိုင်ဂျီးရီးယားနိုင်ငံ၌ သင်္ဘောတိမ်းမှောက် ၁၄ ဦးသေဆုံးပြီး ခြောက်ဦးပျောက်ဆုံး  

 

အဘူဂျာ  ဇန်နဝါရီ  ၇
နိုင်ဂျီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းတွင် ယခုသီတင်းပတ်အတွင်း သင်္ဘောတိမ်းမှောက်မှုကြောင့် ၁၄ ဦးထက် မနည်းသေဆုံးပြီး ခြောက်ဦး ပျောက်ဆုံးလျက်ရှိသည်ဟု နိုင်ဂျီးရီးယားသတင်းအေဂျင်စီက ဇန်နဝါရီ ၇ ရက်တွင် ပြောသည်။ 
အဆိုပါ သင်္ဘောပေါ်တွင် လယ်သမား ၁၀၀ ခန့် လိုက်ပါလာပြီး ၈၀ ခန့်ကို အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။ ဇန်နဝါရီ ၃ ရက် က ခပ်ဘီပြည်နယ်မြစ်တစ်စင်းအတွင်း သင်္ဘောတိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဝမ်းနည်းကြောင်း နိုင်ဂျီးရီးယားသမ္မတ  မူဟာမက်ဒူဘူဟာရီက  ဇန်နဝါရီ ၆  ရက်က သတင်းထုတ်ပြန်ခဲ့သည်။ ပျောက်ဆုံးနေသူများကို ကယ်ဆယ်နိုင်ရေးကြိုးစားရှာဖွေခဲ့ကြသည့်  ကယ်ဆယ်ရေးသမားများကိုလည်း   အသိ အမှတ်ပြုကြောင်း   ပြောကြားခဲ့သည်။   ကျေးလက်ဒေသများတွင် ရေကြောင်းခရီးသွားလာရာ၌  ပိုမိုအဆင်ပြေစေမည့်နည်းလမ်းများကို ရှာဖွေရန်  ဒေသခံအကြီးအကဲများကို သမ္မတကပြောကြားခဲ့သည်။ နိုင်ဂျီးရီးယားနိုင်ငံ၌ ဝန်ပိုတင်ဆောင်မှုကြောင့် သင်္ဘောတိမ်းမှောက်မှု များ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိသည်။                    ဆင်ဟွာ