နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း၌ ပြန်ပေးဆွဲခံရသည့် ကျောင်းသား ၃၀  ပြန်လည်လွတ်မြောက်

 

 

လာဂို့စ် ဇန်နဝါရီ ၁၀
နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းခပ်ဘီပြည်နယ်၌ စာသင် ကျောင်းတစ်ကျောင်း ဝင်ရောက်တိုက်ခိုက်ခံရပြီး  ကျောင်းသားများ ပြန်ပေးဆွဲခံရသည်။  ယင်းနောက်   ခြောက်လအကြာတွင် ကျောင်းသား ၃၀  ခန့်နှင့်   ဆရာတစ်ဦးတို့    ပြန်လည်လွတ်မြောက်လာပြီဟု  ဇန်နဝါရီ ၉ ရက်က သတင်းထုတ်ပြန်ခဲ့သည်။ 
၎င်းတို့မှာ ၂၀၂၁  ခုနှစ်  ဇွန်လအတွင်းက  ပြန်ပေးဆွဲခံရသူများ ဖြစ်သည်။  ကျောင်းသား ၃၀ နှင့် ဆရာတစ်ဦး လွတ်မြောက်လာခြင်းကို ခပ်ဘီပြည်နယ်အုပ်ချုပ်ရေးမှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ယဟာရာဆာကီ က အတည်ပြုပြောကြားခဲ့သည်။ ပြန်လွတ်လာသူများကို ဆေးစစ်မှု များ     ပြုလုပ်ပြီး  မိသားစုများနှင့်   ပြန်လည်ပေါင်းစည်းရာတွင် လည်း   ကူညီမှုများ     ပြုလုပ်မည်ဟု   ၎င်းက   ဆက်လက်ပြောကြား ခဲ့သည်။ 
၂၀၂၁ ခုနှစ် ဇွန် ၁၇ ရက်က အလယ်တန်းကျောင်းတစ်ကျောင်းကို လက်နက်ကိုင်အုပ်စုတစ်စုက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးသေဆုံး ခဲ့ပြီး ကျောင်းသားများနှင့် ဆရာများ ပြန်ပေးဆွဲခံရသည်။  နိုင်ဂျီးရီးယား နိုင်ငံမြောက်ပိုင်းမှာ လူဦးရေထူထပ်သည့် ဒေသဖြစ်ပြီး သေနတ်သမား များက စာသင်ကျောင်းများကို ဝင်ရောက်ပစ်ခတ်ခြင်းနှင့် ကျောင်းသား များကို ပြန်ပေးဆွဲခြင်းတို့ ဖြစ်ပွားလေ့ရှိသည်။                     ဆင်ဟွာ