
နေပြည်တော် ဇန်နဝါရီ ၁၈
မိဘပြည်သူများ ဇာတ်သဘင် ဖျော်ဖြေတင်ဆက်မှုဖြင့် စိတ် အပန်းပြေစေရန်၊ လူငယ်လူရွယ် များ ဗုဒ္ဓဝင်ဇာတ်နိပါတ်တော်များ အကြောင်း သိရှိနားလည်ပြီး အသိ ပညာဗဟုသုတ ရရှိနိုင်ရန်နှင့် သဘင်ပညာရှင်များ၏ အနုပညာ စွမ်းရည်များ ဖော်ထုတ်ပြသနိုင် ရန် ရည်ရွယ်ချက်များဖြင့် “နိပါတ်တော်လာ ဇာတ်သဘင် မဟာ အစီအစဉ်” ဆန်းသစ် တင်ဆက်မှုကို အောက်တိုဘာ ၂၂ ရက်မှစတင်၍ အပတ်စဉ် စနေ နေ့ ညတိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသလျက် ရှိသည်။
အဆိုပါအစီအစဉ်မှ “မင်းကုသ နှင့် ပပဝတီ” ဇာတ်တော် ကို သဘင်ပညာရှင် ပတ္တမြားကေခိုင် စီစဉ်ပြီး Art Director ဆန်းမင်း ၏ အနုပညာဖန်တီးမှု၊ ရွာစား ဝါးခယ်မ စိန်မုန့်လုံး၏ တီးခတ် မှု ပဲပုပ်စိန်၊ နန်းခင်မွှေး၊ ဆန်းနေ အောင်၊ ပေါက်မဲတို့နှင့် အတူ သဘင်အနုပညာရှင်များက ပါဝင် တင်ဆက်ကြမည်ဖြစ်သည်။
ထိုသို့တင်ဆက်မှုကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၁ ရက် (စနေနေ့) ည ၉ နာရီခန့်တွင် ပြသမည် ဖြစ်ပြီး ဇန်နဝါရီ ၂၅ ရက် (ဗုဒ္ဓဟူး နေ့) ညနေ ၆ နာရီခွဲတွင်လည်း ပြန်လည် ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်