
နေပြည်တော် ဇန်နဝါရီ ၁၁
မိဘပြည်သူများ ဇာတ်သဘင်ဖျော်ဖြေတင်ဆက်မှုဖြင့် စိတ်အပန်းပြေစေ ရန်၊ လူငယ်လူရွယ်များ ဗုဒ္ဓဝင်ဇာတ်နိပါတ်တော်များအကြောင်း သိရှိ နားလည်ပြီး အသိပညာဗဟုသုတရရှိနိုင်ရန်နှင့် သဘင်ပညာရှင်များ၏ အနုပညာစွမ်းရည်များ ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်ချက်များဖြင့် “နိပါတ်တော်လာ ဇာတ်သဘင် မဟာအစီအစဉ်” ဆန်းသစ်တင်ဆက်မှုကို အောက်တိုဘာ ၂၂ ရက်မှ စတင်၍ အပတ်စဉ်(စနေနေ့)ညတိုင်း မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသလျက် ရှိသည်။
အဆိုပါ အစီအစဉ်မှ “ရေသည်ပြဇာတ်”ကို သဘင်ပညာရှင်ပတ္တမြား ကေခိုင် စီစဉ်ပြီး Art Director ဆန်းမင်း၏ အနုပညာဖန်တီးမှု၊ ရွာစား ဝါးခယ်မ စိန်မုန့်လုံး၏ တီးခတ်မှု ဘွန်း၊ ဆန်းနေအောင်၊ ချမ်းချမ်းမိုး၊ ဦးဝါဝင်း၊ ဦးစံငွေတို့နှင့်အတူ သဘင်အနုပညာရှင်များက ပါဝင် တင်ဆက်ကြမည်ဖြစ်သည်။
ထိုသို့တင်ဆက်မှုကို ဇန်နဝါရီ ၁၄ ရက် (စနေနေ့) ည ၉ နာရီခန့် တွင် ပြသမည်ဖြစ်ပြီး ဇန်နဝါရီ ၁၈ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၆ နာရီခွဲတွင် လည်း ပြန်လည်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်