နေပြည်တော် မေ ၁၇
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော ၂၀၂၂ ခုနှစ်၊ အစိုးရနိကာယ်စာမေးပွဲကို ၁၃၈၄ ခုနှစ်၊ နယုန်လဆန်း ၉ ရက်မှ ၁၃ ရက်အထိ (၂၀၂၂ ခုနှစ်၊ ဇွန် ၇ ရက်မှ ၁၁ ရက်အထိ) ငါးရက်တိုင်တိုင် သတ်မှတ်ထားသည့် စာဖြေ ဌာနများ၌ တစ်ပြိုင်နက်တည်း ကျင်းပသွားမည်ဖြစ်ပါသဖြင့် ဖြေဆို ရမည့် ကျမ်းစာအလိုက် သတ်မှတ်ထားသော ရက်အတိုင်း နေ့စဉ် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ဖြေဆိုခွင့်ပြုမည်ဖြစ်သည်။
စာမေးပွဲအချိန်စာရင်းများကို သက်ဆိုင်ရာ မြို့နယ်သံဃနာယက အဖွဲ့ရုံးများသို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း သာသနာရေး ဦးစီးဌာနမှ သိရသည်။
သတင်းစဉ်



