နီပေါနိုင်ငံတွင် လူ ၂၂ ဦး လိုက်ပါလာသော ပြည်တွင်းလေယာဉ်တစ်စင်း ပျောက်ဆုံးနေ

 

ခေတ္တမန္ဒူ     မေ    ၂၉


နီပေါနိုင်ငံ        ပိုခါရာလေဆိပ်မှ မူစတန်ခရိုင် ဂျွန်ဆမ်လေဆိပ်သို့ ပျံသန်းသော    ခရီးသည်   ၂၂  ဦး လိုက်ပါသည့်       ခရီးသည်တင် လေယာဉ်တစ်စင်းသည်   မေ    ၂၉ ရက် နံနက်ပိုင်းတွင် ပျောက်ဆုံး သွားခဲ့ကြောင်း   ဒေသန္တရအစိုးရ အရာရှိတစ်ဦးက ပြောသည်။ 

 


Tara Air လေကြောင်းလိုင်း  ပိုင်ဆိုင်သော   အဆိုပါခရီးသည် တင်   လေယာဉ်  ပျောက်ဆုံးနေ ကြောင်း လက်ထောက်ခရိုင်မှူး ရှီဗာပါရာဆတ် ရီဂျဲလ်က ဆင်ဟွာ သို့     ပြောကြားသည်။    အဆိုပါ လေယာဉ်တွင် ခရီးသည် ၁၉ ဦး နှင့်   လေယာဉ်အမှုထမ်း   သုံးဦး ပါရှိကြောင်း သိရသည်။ 

 


အဆိုပါ       လေယာဉ်သည် ပိုခါရာလေဆိပ်မှ ဒေသစံတော်ချိန် နံနက်   ၉  နာရီ  ၅၅  မိနစ်တွင် ပျံသန်းသွားကြောင်း၊ ဂျွန်ဆမ် လေဆိပ်သို့  နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် ပြန်လည်ဆင်းသက်ရ မည်ဖြစ်သော်လည်း   လေယာဉ် ပျံတက်ပြီး      မိနစ်အနည်းငယ် အကြာတွင် လေကြောင်းထိန်းသိမ်း ရေး  မျှော်စင်နှင့် အဆက်အသွယ် ပြတ်တောက်        သွားခဲ့ကြောင်း ရီဂျဲလ်က ပြောသည်။      

                                                                                                 
ဆင်ဟွာ