နီပေါနိုင်ငံက ကျင်းပသည့် ပန်းချီပြိုင်ပွဲတွင် မြန်မာပန်းချီပညာရှင်နှစ်ဦးက ရွှေတံဆိပ်ဆုအပါအဝင် ဆုနှစ်ဆုရရှိ

 

ရန်ကုန်   နိုဝင်ဘာ  ၁၃


နီပေါနိုင်ငံ Artsmate International In Association with  N.B. Gurung Art Studio,  Nepal Presents က ကြီးမှူး ကျင်းပသည့် Truly Watercolor ရေဆေး ပန်းချီပြိုင်ပွဲတွင်    မြန်မာနိုင်ငံမှ   ပန်းချီ ပညာရှင်  သိန်းရွှေကြည်က ရွှေတံဆိပ်ဆု နှင့်   ပန်းချီပညာရှင်   မြင့်နိုင်က   Best watercolor Medium Award ဆုရရှိကြသည်။ 

 


အဆိုပါပြိုင်ပွဲသည်    မိမိကြိုက်နှစ် သက်ရာ  အကြောင်းအရာကို  ရေဆေး ဖြင့် ရေးဆွဲ၍ အွန်လိုင်းမှ ပေးပို့ယှဉ်ပြိုင် ရခြင်းဖြစ်ပြီး ပန်းချီပြိုင်ပွဲနှင့်အတူ ပန်းချီ ပြပွဲအား  ဒီဇင်ဘာ ၁၀ ရက်မှ  ၃၀ ရက် အထိ နီပေါနိုင်ငံ N.B.Gurung Art Studio ၌ ခင်းကျင်းပြသသွားမည်ဖြစ်သည်။

 


ဆုကြေးငွေမှာ  ရွှေတံဆိပ်ဆု  အမေရိကန်ဒေါ်လာ ၄၀၀၊ China Hong Excellence Award ဆု  အမေ ရိကန် ဒေါ်လာ ၃၀၀၊  Baalla  International  Award     အမေရိကန်ဒေါ်လာ ၂၅၀၊ China Hong Merit Award အမေရိကန်ဒေါ်လာ ၂၀၀၊ TOPIA Honor Award အမေရိကန်ဒေါ်လာ ၁၀၀၊ CANFIELD Youth Award အမေရိကန်ဒေါ်လာ ၅၀၊ Best Watercolor Medium Award အမေရိကန်ဒေါ်လာ ၅၀ နှင့်  အခြားဆုများ ချီးမြှင့်ပေးအပ်မည်ဖြစ်သည်။

 


မြန်မာနိုင်ငံမှ ပန်းချီပညာရှင် သိန်းရွှေကြည်၏ ရွှေတံဆိပ်ဆုရရှိသော  ပန်းချီကားမှာ   အညာဒေသ လယ်ရိတ်သိမ်းချိန်   အမျိုးသမီးများ   ထမင်းစား နားနေချိန်ပုံဖြစ်ပြီး မြန်မာ့ဓလေ့ကို ပေါ်လွင်စေသည့် ပန်းချီကား တစ်ကားဖြစ်သည်။    ထို့အတူ   ပန်းချီ ပညာရှင် မြင့်နိုင်၏    ပန်းချီကားမှာ   ရန်ကုန်မြစ် ဆိပ်ကမ်းအလှကို    အသေးစိတ်ရေးဆွဲထားခြင်း ဖြစ်သည်။     ဆုရရှိသူများအား    www.facebook. Myint Naing  အကောင့်တွင် ဝင်ရောက်ကြည့်ရှုနိုင် သည်။                      

အောင်ကျော်ထွန်း(ပုသိမ်ကြီး)