နီပေါနိုင်ငံ၏အခြေခံဥပဒေရေးဆွဲခြင်း (၉)နှစ်မြောက်အထိမ်းအမှတ်နှင့် အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲကျင်းပ

 

ရန်ကုန် စက်တင်ဘာ ၂၀


နီပေါနိုင်ငံ၏ အခြေခံဥပဒေရေးဆွဲ ခြင်း (၉)နှစ်မြောက်နှင့် အမျိုးသား နေ့ အထိမ်းအမှတ်ဧည့်ခံပွဲအခမ်း အနားကို   ယနေ့   ညပိုင်းတွင် ရန်ကုန်မြို့ Wyndham Grand Hotel ၌ ကျင်းပရာ အားကစား နှင့်  လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးမင်း သိန်းဇံ  တက်ရောက်သည်။


ရှေးဦးစွာ    ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သီချင်း နှင့် နီပေါနိုင်ငံတော် သီချင်းတို့ဖြင့် အခမ်းအနားကို    စတင်ဖွင့်လှစ် သည်။


ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး H.E.Mr.Harishchandra    Ghimire က နှုတ်ခွန်းဆက်စကား  ပြောကြား သည်၊၊


ယင်းနောက်     အားကစား နှင့်   လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ မြန်မာနိုင်ငံဆိုင်ရာ         နီပေါ သံအမတ်ကြီးနှင့်   တက်ရောက် လာကြသော ဧည့်သည်တော်များ က  နီပေါနိုင်ငံ၏   အခြေခံဥပဒေ ရေးဆွဲခြင်း  (၉) နှစ်မြောက်နှင့် အမျိုးသားနေ့  အထိမ်းအမှတ် ကိတ်ကို       လှီးဖြတ်ပေးကြ သည်။


ထို့နောက်   ပြည်ထောင်စု ဝန်ကြီး၊ သံအမတ်ကြီးတို့က တက် ရောက်လာကြသူများနှင့်   အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် ကြပြီး အခမ်းအနားသို့ တက်ရောက် လာကြသူများအား သံအမတ်ကြီး က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ ကာ နီပေါနိုင်ငံ၏ ရိုးရာယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေတင်ဆက် ကြသည်၊၊


အဆိုပါ      အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာနိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊   သံရုံး ယာယီတာဝန်ခံများ၊ ကုလသမဂ္ဂ ဆိုင်ရာ ဌာနေကိုယ်စားလှယ်များ နှင့် ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။      

သတင်းစဉ်