နီပေါနိုင်ငံ၏ သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်း

 

ခတ္တမန္ဒူ  ဖေဖော်ဝါရီ   ၂၅


နီပေါကွန်ဂရက်ပါတီ  ခေါင်းဆောင်   ရမ်ချန်ဒရာပူဒယ်နှင့်   နီပေါ ကွန်မြူနစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဆူဘတ်ချန်ဒရာ နမ်ဘန်းတို့သည် မတ် ၉ ရက်တွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲအတွက် ဖေဖော်ဝါရီ ၂၅ ရက်က အမည်စာရင်းတင်သွင်းခဲ့သည်။


သမ္မတရွေးကောက်ပွဲယှဉ်ပြိုင်မည့်သူ နှစ်ဦးဖြစ်သည့် ရမ်ချန်ဒရာ ပူဒယ်နှင့် ဆူဘတ်ချန်ဒရာနမ်ဘန်းတို့၏ ကိုယ်စားလှယ်လောင်း အမည် စာရင်းကို လက်ခံရရှိထားကြောင်း နီပေါနိုင်ငံ ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ရှာလီဂရမ် ရှာမာ ပေါ်ဒယ်က  အတည်ပြုပြောကြား သည်။


နီပေါကွန်ဂရက်ပါတီမှ ပူဒယ်သည် နီပေါကွန်မြူနစ်ပါတီ(မော်စီတုန်းစင်တာ) နှင့် နီပေါကွန်မြူနစ်ပါတီ (ဆိုရှယ်လစ်တပ်ပေါင်းစု) အပါ အဝင် အခြားနိုင်ငံရေးပါတီခုနစ်ခု၏ ထောက်ခံမှုရရှိထားသည်။ နီပေါ ကွန်ဂရက်ပါတီ အမတ်လောင်းကို နိုင်ငံ၏တတိယမြောက် သမ္မတ နေရာအတွက်   အရွေးခံရန်  ပါတီရှစ်ခုက ဖေဖော်ဝါရီ ၂၄ ရက်တွင် သဘောတူညီခဲ့သည်။


ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် ခုနစ်ခုတို့က သမ္မတသစ်ကို မတ် ၉ ရက်တွင် မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။


ဆင်ဟွာ