နီပေါလွှတ်တော်က ဝန်ကြီးချုပ်သစ်ကို အတည်ပြု

 

ခတ္တမန္ဒူ   ဇန်နဝါရီ   ၁၁ 
နီပေါဝန်ကြီးချုပ်သစ်   ပွတ်ရှ်ပါ ကာမယ် ဒါဟယ်သည် လွှတ်တော် တွင်  တရားဝင် ထောက်ခံမဲဖြင့် အနိုင်ရရှိခဲ့သည်။  ဝန်ကြီးချုပ် သစ်သည် နီပေါနိုင်ငံ၏ ကွန်မြူနစ် ပါတီကို ဦးဆောင်မည်ဖြစ်သည်။ 
ဒါဟယ်သည်   ဇန်နဝါရီ  ၁၀ ရက်က       အောက်လွှတ်တော် မဲပေးမှုတွင်      ထောက်ခံမဲများ တညီတညွတ်တည်း   ရရှိခဲ့သည်။ 
ပြီးခဲ့သော    နိုဝင်ဘာလက လွှတ်တော်ရွေးကောက်ပွဲများကို   ကျင်းပခဲ့သည်။   သို့သော်လည်း မည်သည့်ပါတီမှ    လွှတ်တော် အမတ်နေရာ အများစုမရရှိခဲ့ပေ။  ထို့ကြောင့်   ညွှန့်ပေါင်းအစိုးရ   ဖွဲ့စည်းမှုကို   ဦးတည်ဖြစ်ပေါ်စေ ခဲ့သည်။ 
အစိုးရသစ်ဖွဲ့စည်းရန် လက်ဝဲ စွန်းပါတီများက   သဘောတူညီမှု ရရှိခဲ့ပြီး   ဒါဟယ်က  ဝန်ကြီးချုပ် သစ်အဖြစ်  ကျမ်းသစ္စာ  ကျိန်ဆို ခဲ့သည်။ 
ဒါဟယ်သည်         ယခင်က ဝန်ကြီးချုပ်  နှစ်ကြိမ်   ဖြစ်ခဲ့ဖူးသူ ဖြစ်သည်။    
နီပေါနိုင်ငံသည်  တရုတ်နိုင်ငံ နှင့်သာမက  အိန္ဒိယနိုင်ငံတို့နှင့်ပါ နယ်စပ်ချင်း ထိစပ်လျက်ရှိသည်။ အင်အားကြီးနိုင်ငံများ   ဖြစ်ကြ သည့်   အိန္ဒိယနှင့်   တရုတ်နိုင်ငံ ကြား      နိုင်ငံရေးမျှခြေရှိအောင် လုပ်ဆောင်ရန်  ဝန်ကြီးချုပ်သစ် အတွက်  စိန်ခေါ်မှုတစ်ရပ် ဖြစ်လာ သည်။              အင်န်အိတ်ချ်ကေ