
ပင်လယ်ပြာ(ငါးဦးစီး)
နိုင်ငံ၏ သဘာဝငါးသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်း မဟုတ်သည့်ငါးမျိုးများ မွေးမြူမှုကို တားမြစ်ထားသည့်အတွက် သိရှိ နိုင်စေရန် ဖော်ပြပေးလိုက်ပါသည်။
အာဖရိကငါးခူ
သိပ္ပံအမည် - Clarias gariepinus
အင်္ဂလိပ်အမည် - African catfish
မြန်မာအမည် - အာဖရိကငါးခူ
တွေ့ရှိရာဒေသ - တောင်အာဖရိကတိုက် အရင်းအမြစ်
အသားစားကြူးသည့် အာဖရိကငါးခူ (Clarias gariepinus) သည် သဘာဝသယံဇာတများကို ပျက်စီးစေကြောင်း၊ ဒေသခံငါးမျိုးများကို ပြုန်းတီးစေကြောင်း ငါးလုပ်ငန်းဦးစီးဌာနက တွေ့ရှိရသဖြင့် လက်ရှိ သားဖောက်ထုတ်လုပ်နေသည့် အာဖရိကငါးခူများကို ဆက်လက် သားဖောက်ထုတ်လုပ်ခြင်း၊ မွေးမြူခြင်း၊ ပြန့်ပွားစေခြင်း၊ သယ်ယူခြင်း၊ သိုလှောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း စသည်တို့ကို မပြုလုပ်ကြ ရန် တားမြစ်ထားပါသည်။
ငါးအရှင်များ၊ ရေတွင်ပေါက်ပွားသည့် အပင်များနှင့် မျိုးစေ့များကို တင်သွင်း၊ တင်ပို့ရာတွင် ငါးလုပ်ငန်းဦးစီးဌာန၏ ကြိုတင်ခွင့်ပြုချက် ရရှိရန် လိုအပ်ခြင်းမှာ နိုင်ငံအတွင်းရှိ ရေနေသတ္တဝါများ၊ ဒေသရင်းငါးမျိုး များ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ရေနေဂေဟစနစ်များအပေါ် လွှမ်းမိုးခြင်း၊ ပြုန်းတီးစေခြင်းစသည်များကို ကာကွယ်ရန်အတွက် လိုအပ်ခြင်းကြောင့် ဖြစ်ပါသည်။ တားမြစ်ချက်များကို ဖောက်ဖျက်ကြောင်း စစ်ဆေးတွေ့ရှိရ ပါက ငါးမွေးမြူခြင်းဆိုင်ရာဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ပါသည်။
ပြည်ပငါးရံ့
သိပ္ပံအမည် - Channa micropeltes
အင်္ဂလိပ်အမည် - Toman Giant Snakehead
မြန်မာအမည် - ပြည်ပငါးရံ့
တွေ့ရှိရာဒေသ - အရှေ့တောင်အာရှနိုင်ငံများ၊ မဲခေါင်မြစ်ဝှမ်း တစ်လျှောက်အနောက်ပိုင်း
မျိုးရင်း Channidae တွင် အကြီးဆုံးမျိုးစိတ်ဖြစ်ပြီး အရှည် ၁ ဒသမ ၅ မီတာ (၄ ဒသမ ၉ ပေ) နှင့် အလေးချိန် ၂၀ ကီလိုဂရမ် ရှိပါသည်။ ပြည်ပငါးရံ့သည် အသားစားကြူးခြင်းကြောင့် သဘာဝမြစ်ချောင်း၊ ကန်များတွင် မွေးမြူထားသော ငါးများကို စားသုံးနိုင်ခြင်း၊ ရှင်သန်ရာ ဘဝစက်ဝန်းအဆင့်ဆင့်တွင် အခြားသောငါးများထက် ပို၍စားသုံးနိုင် ခြင်းတို့သည် ငါးမွေးမြူရေးလုပ်ငန်းကို ထိခိုက်စေနိုင်ပါသည်။ ငါးလုပ်ငန်းဦးစီးဌာန၏ ခွင့်ပြုချက်မပါဘဲ မည်သူမျှ ပြည်တွင်းရှိ ငါးသယံ ဇာတများကို ပျက်စီးစေပြီး ဒေသခံတိုင်းရင်းငါးမျိုးများကို ပြုန်းတီးစေ သည့် ပြည်ပငါးရံ့မျိုးများကို ပြည်ပမှ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်တွင်း၌သားဖောက်ထုတ်လုပ်ခြင်း၊ မွေးမြူခြင်း၊ ပြန့်ပွားစေခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းဝယ်ခြင်းနှင့် သဘာဝ (မြစ်၊ ချောင်း၊ အင်းအိုင်) များသို့ လွှတ်ခြင်းစသည်တို့ မပြုလုပ်ကြရန် တားမြစ်ထားပါသည်။ တားမြစ်ချက်များကို ဖောက်ဖျက်ကြောင်း စစ်ဆေးတွေ့ရှိရပါက ငါးမွေးမြူခြင်းဆိုင်ရာဥပဒေအရ အရေးယူခြင်း ခံရမည် ဖြစ်ပါသည်။
ပြည်ပမျိုးစိတ် အလှမွေးငါး(ပီးကော့)
သိပ္ပံအမည် - Cichla ocellaris
အင်္ဂလိပ်အမည် - Peacock bass
မြန်မာအမည် - ပီးကော့
တွေ့ရှိရာဒေသ - တောင်အမေရိက
ပီးကော့ငါး၏အရှည်မှာ ၇၄ စင်တီမီတာ (၂၉ လက်မ) အထိရှိပြီး အခြားသော Cichla မျိုးကွဲများနှင့် မျိုးစပ်နိုင်ပါသည်။ အသားစား ငါးမျိုးဖြစ်ပြီး ကြီးမားသောပါးစပ်ဖြင့် အစာကို လျင်မြန်စွာစားသုံးနိုင် ခြင်း၊ အခြားသော ငါး/ ပုစွန်ငယ်များအား အလွယ်တကူစားနိုင်ခြင်းနှင့် ၎င်းငါးမျိုးစိတ်များသည် မျိုးရိုးဗီဇကြောင့်သော်လည်းကောင်း၊ အစာ စားပုံ အလေ့အထကြောင့်သော်လည်းကောင်း အချိန်တိုအတွင်း အလျင်အမြန်ကြီးထွားနိုင်ခြင်းကြောင့် ပြည်တွင်းရှိ ငါးသယံဇာတများကို ပျက်စီးစေပြီး ဒေသခံတိုင်ရင်းငါးမျိုးများကို ပြုန်းတီးစေသည့်အတွက် ပြည်ပမှ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်တွင်း၌ သားဖောက် ထုတ်လုပ်ခြင်း၊ မွေးမြူခြင်း၊ ပြန့်ပွားစေခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းဝယ်ခြင်းနှင့် သဘာဝ (မြစ်၊ ချောင်း၊ အင်းအိုင်) များသို့လွှတ်ခြင်းစသည်တို့ မပြုလုပ်ကြရန် တားမြစ်ထားပါသည်။ တားမြစ်ချက်များကို ဖောက်ဖျက်ကြောင်း စစ်ဆေးတွေ့ရှိရပါက ငါးမွေးမြူခြင်းဆိုင်ရာဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ပါသည်။
စုပ်ခွက်ငါး
သိပ္ပံအမည် - Hypostomus plecostomus
အင်္ဂလိပ်အမည် - Suckermouth catfish
မြန်မာအမည် - စုပ်ခွက်ငါး (သို့) လေယာဉ်ပျံငါး
တွေ့ရှိရာဒေသ - တောင်အမေရိက
အရှည်ဆုံးအလျား ၁၉ လက်မနှင့် အလေးချိန် ၂၀ ကျပ်သားအထိ ကြီးထွားနိုင်ပါသည်။ အလှမွေးငါးအဖြစ်မွေးမြူရန်နှင့် အလှမွေး ငါးကန်များတွင် ရေညှိရေမှော်များ ရှင်းလင်းရန်အတွက် ပြည်ပမှ တင်သွင်းလာသည့် စုပ်ခွက်ငါးများသည် ယခုအခါ မြန်မာနိုင်ငံ၏ မြစ်ချောင်းများတွင် ပျံ့နှံ့ရုံသာမက ငါးမွေးမြူရေးကန်များအတွင်း ဝင်ရောက်မှုကြောင့် လုပ်ငန်းရှင်များ အရှုံးပေါ်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်း၊ ဒေသတွင်း တိုင်းရင်းငါးမျိုးစိတ်များ၏ မျိုးပြန့်ပွားမှုကို အဟန့်အတားဖြစ်စေခြင်းများကို တွေ့ရှိနေရသည်။
ထို့ကြောင့် အလှမွေး စုပ်ခွက်ငါးများကို မွေးမြူရာတွင် ပြင်ပသို့ လွတ်ထွက်စေခြင်း မရှိစေရေးနှင့် စုပ်ခွက်ငါးများကို သဘာဝရေပြင် တွင် တွေ့ရှိပါက ရေသတ္တဝါအစာ အစားထိုးကုန်ကြမ်းအဖြစ် အသုံးပြု ကြရန်/ သင့်လျော်သောနည်းလမ်းဖြင့် ဖယ်ရှားဖျက်ဆီးကြပါရန် ပညာ ပေးနှိုးဆော်စာများ ထုတ်ပြန်ထားရှိသည်။ သားဖောက်ထုတ်လုပ်ခြင်း၊ မွေးမြူခြင်း၊ ပြန့်ပွားစေခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းဝယ်ခြင်းနှင့် သဘာဝ (မြစ်၊ ချောင်း၊ အင်းအိုင်) များသို့လွှတ်ခြင်း စသည်တို့မပြုလုပ်ကြရန် တားမြစ်ထားပြီး တားမြစ်ချက်များကို ဖောက်ဖျက်ကြောင်း စစ်ဆေးတွေ့ရှိရပါက ငါးမွေးမြူခြင်းဆိုင်ရာ ဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ပါသည်။ ။