
ငါ့သရောက် ဩဂုတ် ၁၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦး မြို့နယ် ငါ့သရောက်မြို့၌ ယနေ့နံနက် ၉ နာရီမှစတင်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပြည်သူများ လိုက်နာရမည့် စည်းကမ်းများကို လှည့်လည် အသိပေး ကြေညာခဲ့ကြောင်း သိရသည်။
အသိပညာပေး နှိုးဆော်ခြင်း ကို ငါ့သရောက်မြို့ အုပ်ချုပ် ရေးမှူး ဦးခင်မောင်ဝင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီး မှူး ဒေါ်အေးအေးမိုး၊ ငါ့သရောက် နယ်မြေစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ငါ့သရောက်နယ်မြေ မီးသတ် စခန်းမှ မီးသတ်ဝန်ထမ်းများကငါ့သရောက်မြို့လူစည်ကားရာနေရာများဖြစ်သည့် ကားဂိတ်များ၊ လမ်းဆုံလမ်းခွများ၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄) ရပ်ကွက်တို့၌ ဆောင်ရွက်ခဲ့ကြ သည်။
ကိုထိန်၊ KPD