ငပုတောမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်ရှိ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်   မတ်   ၉ 


ဧရာဝတီတိုင်းဒေသကြီး ငပုတော မြို့နယ်၊     ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား    ယနေ့ တွင်    အနောက်တောင်တိုင်းစစ် ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ ကျောင်း သစ်ကျောင်းတိုက်၌      ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။


ဆေးဝါးကုသပေး


ထိုသို့  ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ခွဲစိတ်ကုမှု ဆိုင်ရာရောဂါ၊     ဆီးချိုသွေးချို ရောဂါ၊    အရိုးအကြောရောဂါ၊ မျက်စိရောဂါ၊   သွားနှင့်  ခံတွင်း ရောဂါ၊ ကလေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ သံဃာ တော် သုံးပါးနှင့် ဒေသခံပြည်သူ ၃၇၅ ဦးတို့ကို လိုအပ်သည့်ဆေးဝါး ကုသခြင်းများ   ဆောင်ရွက်ပေး သည်။ ယင်းသို့ ဆောင်ရွက်နေမှု များကို    တိုင်းမှူး   ဗိုလ်မှူးချုပ် ဝေလင်းနှင့်   တာဝန်ရှိသူများက သွားရောက်ကြည့်ရှု  အားပေးပြီး ကျောင်းသစ်ကျောင်းတိုက်ဆရာ တော် ဘဒ္ဒန္တ ဇနကအား ဖူးမြော် ကြည်ညိုကာ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ    ဆက်ကပ် လှူဒါန်းသည်။ 


အလားတူ    မန္တလေးတိုင်း ဒေသကြီး     အောင်မြေသာစံ မြို့နယ်   ဥပုသ်တော်ရပ်ကွက် စန္ဒရံသီ   သီလရှင်စာသင်တိုက်မှ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား   ယနေ့ နံနက်ပိုင်းတွင်       အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်     နယ်မြေခံ ဆေးကုသရေးအဖွဲ့က    အဆိုပါ စာသင်တိုက်၌      ကျန်းမာရေး စောင့်ရှောက်မှု    လုပ်ငန်းများ ဆောင်ရွက်ပေးသည်။


ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က    ဖျားနာ ရောဂါ၊    အရိုးအကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊   သားဖွား မီးယပ်ရောဂါ၊    ကလေးရောဂါ၊ မျက်စိရောဂါ၊ အထွေထွေရောဂါ တို့နှင့်   ပတ်သက်၍   သာသနာ့ နွယ်ဝင်သီလရှင်   ၁၃၄   ပါးနှင့် ဒေသခံပြည်သူ ၂၂ ဦးတို့ကို လိုအပ် သည့် ကျန်းမာရေးစစ်ဆေးကုသ ပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ECG    စက်ဖြင့်   နှလုံးစမ်းသပ် စစ်ဆေးပေးခြင်း၊ ဓာတ်မှန်ရိုက်ကူး ၍     ရောဂါရှာဖွေပေးခြင်းများ ဆောင်ရွက်ပေးပြီး        ဆေးရုံ တက်ရောက်ကုသရန်  လိုအပ်သူ များအား   နယ်မြေခံတပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင် ရေး စီစဉ်ဆောင်ရွက်ပေးသည်။


ကြည့်ရှုအားပေး


ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို      တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက    သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သတင်း ရရှိသည်။                  

 သတင်းစဉ်