
ငပုတော ဩဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူ များသည် ယနေ့နံနက်ပိုင်းက ငပုတောမြို့ ခုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ကာကွယ် ကုသရေးလုပ်ငန်းများ တွင် အသုံးပြုနိုင်ရန်အတွက် ဆေးဝါးများနှင့် အထောက်အကူ ပြုပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် မြို့နယ် ခုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံရှေ့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အတွက် အိမ်သုံးအောက်ဆီဂျင် စက် လေးလုံး၊ အောက်ဆီဂျင် လီတာ ၄၀ ဆံ့ အိုး ၂၀၊ တစ်ကိုယ် ရေသုံးကာကွယ်ရေးဝတ်စုံ အစုံ ၁၀၀၊ ဆေးဝါးများ၊ ကျန်းမာရေး ဝန်ထမ်းများအတွက် ထောက်ပံ့ ငွေကျပ် ငါးသိန်းတို့ကို ပေးအပ် လှူဒါန်းရာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်မြင့် တို့က လက်ခံရယူခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် မွန်းလွဲပိုင်းတွင် ပုသိမ် မြို့နယ် ရွှေမြင်တင်ကျေးရွာအုပ်စု ရွာသာယာကျေးရွာသို့ သွားရောက် ကာ ဥစားကြက် မွေးမြူရေးခြံကို လှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ် ခရိုင် သာပေါင်းမြို့ ပြည်သူ့ဆေးရုံ သို့ ရောက်ရှိပြီး Oxygen Concentrator 10 L နှစ်လုံး၊ Oxygen-40 L လေးလုံး၊ KN95 အခု ၂၀၀၊ Favipiravir 400 mg အခု ၁၀၀၊ Enoxaparin ၁၀ ခု၊ တစ်ကိုယ်ရေသုံး ကာကွယ်ရေး ဝတ်စုံ အစုံ ၁၀၀ နှင့် ဆေးရုံ ဝန်ထမ်းများအတွက် ထောက်ပံ့ ငွေကျပ် ငါးသိန်းတို့ကို ထောက်ပံ့ ပေးအပ်ခဲ့ရာ တာဝန်ရှိသူများ က လက်ခံရယူခဲ့ကြောင်း သိရ သည်။ (အပေါ်ပုံ)
မြို့နယ်(ပြန်/ဆက်)