ငပလီမြို့၌ လူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

 

သံတွဲ ဒီဇင်ဘာ ၁၀
ရခိုင်ပြည်နယ် သံတွဲခရိုင်  လူထု အခြေပြု ဗဟိုဌာန (Community Centre)    ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီက  ကြီးမှူး၍ ခရိုင်ပြန်ကြားရေးနှင့်    ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်  အခြေခံ ပညာဦးစီးဌာနတို့      ပူးပေါင်း ကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့က   ငပလီမြို့  အထက (ငပလီ)ကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ သံတွဲခရိုင်  လူထု အခြေပြုဗဟိုဌာန ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းကော်မတီ   ဒု ဥက္ကဋ္ဌ ဦးဖိုးရီအောင်က     အမှာစကား ပြောကြားပြီး        ခရိုင်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က  လူငယ်စကား ဝိုင်းကျင်းပရခြင်း           ရှင်းလင်း ပြောကြားသည်။ 
ထို့နောက်  ခြောက်ထပ်ကွမ်း လူရည်ချွန် ဒေါက်တာမြင့်နိုင်က ကျောင်းသား    ကျောင်းသူလေး များအား    စာပေနှင့်   လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး   ဆိုင်ရာများ ကို    အသိပညာပေးဟောပြော ဆွေးနွေးပြီး   လူငယ်စကားဝိုင်းကို ကျင်းပရာ    အထက  (ငပလီ)၊ အထက(ဂျိတ္တော)၊ အထက(ခွဲ)လင်းသားကျောင်းတို့မှ  ကျောင်း သား ကျောင်းသူများအား အထက် တန်းပြဆရာမ  ဒေါ်အိမ့်ဟန်နီစိုး က ဦးဆောင်၍  လူငယ်နှင့်စာပေ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ စာကြည့်တိုက်နှင့်လူငယ်  ခေါင်း စဉ်များဖြင့်  ဆွေးနွေးပြောကြား ပြီး  တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို  မေးမြန်းရာ ဦးဆောင်      ဆွေးနွေးသူများက ပြန်လည်  ရှင်းလင်းဖြေကြားပေး ကြောင်း  သိရသည်။  သတင်းစဉ်