
ယဉ်လာဒ်
ပင်လယ်ကမ်းခြေ တွေထဲမှာ အလှဆုံးလို့ဆိုရသလို နာမည်ကျော်ကမ်းခြေတစ်ခုဖြစ်တဲ့ ငပလီ ကမ်းခြေမှာတည်ရှိပြီး သဘာဝနဲ့ထိတွေ့နိုင်တဲ့ ကွမ်းသီးပင်ဥယျာဉ်ထဲက The Villager Lodge ကို ဒီတစ်ပတ်ရဲ့ ခရီးသွားချစ်သူတို့အတွက် တည်းခိုအပန်းဖြေနိုင်တဲ့ နေရာတစ်ခုအဖြစ် လမ်းညွှန်ဖော်ပြ ပေးချင်ပါတယ်။
ငပလီကမ်းခြေရဲ့ ဇီးဖြူကုန်းရပ်ကွက်ထဲမှာ တည်ရှိပြီး စရိတ်သက်သာတဲ့ ဟိုတယ်လေးလည်း ဖြစ်တာမို့ ချွေတာချင်တဲ့ ခရီးသွားဧည့်သည်တွေ အတွက် အသင့်တော်ဆုံးဖြစ်စေနိုင်ပါတယ်။
သဘာဝဆန်တဲ့ ကွမ်းသီးပင်တော
ခရီးသွားတဲ့အခါမှာ တည်းခိုနေထိုင်ရေးက လည်း အဓိကကျလှပါတယ်။ ဒါကြောင့် ငပလီ ကမ်းခြေကို လာရောက်လည်ပတ်ကြမယ့် ကမ်းခြေ ချစ်သူတွေအနေနဲ့ The Villager Lodge ဟာ စျေးသက်သာပြီး သဘာဝဥယျာဉ်ထဲမှာ တည်းခိုရ တဲ့ခံစားမှုကိုလည်း ရရှိစေမယ့်အပြင် ရက်ကြာကြာ နေပြီး ကုန်ကျစရိတ်ကို ချွေတာချင်တဲ့ ခရီးသွား တွေအတွက်လည်း စိတ်ကျေနပ်စေမယ့် နေရာလေး ဖြစ်ပါတယ်။ နာမည်ကျော် ငပလီကမ်းခြေက သဘာဝဆန်တဲ့ ကွမ်းသီးပင်တောလေးထဲမှာ နံနက်စာစားပြီး အေးအေးလူလူ အပန်းဖြေချင်တဲ့ ခရီးသွားတွေအတွက် The Villager Lodge Ngapali က အသင့်တော်ဆုံးနေရာလို့ ဆိုရပါမယ်။
ပြန်လည်ဖွင့်လှစ်ထားတာ မကြာသေးတာမို့ ခရီးသွားကမ်းခြေချစ်သူတို့အတွက် အထူးစျေးနှုန်း တွေ စီစဉ်ထားတယ်လို့ သိရပါတယ်။ ခရီးသွား ဧည့်သည်တစ်ဦး တစ်ညတည်းခိုခ ကျပ် ၄၉၀၀၀ ဖြစ်ပြီး မနက်စာ နေ့လယ်စာ ညစာအပါအဝင် နေ့ခင်း Tea Time အတွက်ပါ ထပ်မံဝန်ဆောင်မှု ပေးထားပါသေးတယ်။ အနီးအနား လျှောက်လည် နိုင်ဖို့ စက်ဘီးတွေပါ အခမဲ့ ထားပေးထားပါတယ်။ ကမ်းခြေကိုမြင်ရတဲ့နေရာ (SeaView) မဟုတ်ပေ မယ့် သုံးမိနစ်ခန့် လမ်းလျှောက်လိုက်ရုံနဲ့ ကမ်းခြေ ကို ရောက်ရှိမှာဖြစ်ပါတယ်။
ကုန်ကျစရိတ်သက်သာအောင် စီစဉ်ပေးထား
“ဒီဇင်ဘာပိတ်ရက်မတိုင်ခင် ၂၂ ရက်အထိကို ဒီစျေးလေးနဲ့ထားပေးထားပါတယ်။ အေးအေးလူလူ ရက်ကြာကြာနားချင်တဲ့ ခရီးသွားဧည့်သည်တွေ အတွက် စိတ်ကျေနပ်မှုရရှိစေမှာပါ’’လို့ The Villager Lodge ရဲ့ပိုင်ရှင်က စာရေးသူကို ပြောပြပါတယ်။
ဒါ့အပြင် ငပလီကမ်းခြေကို အလည်အပတ် သွားချင်သူတွေအတွက်လည်း ကုန်ကျစရိတ် ကျပ်တစ်သိန်းမကျော်ဘဲနဲ့ နှစ်ညအိပ်အပန်းဖြေ ခရီးကို သွားရောက်နိုင်အောင် စီစဉ်ပေးထားတယ် လို့ Let’s Travel Easily Tour ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။
ငပလီကမ်းခြေရဲ့ နာမည်ကျော် ခရီးသွားနေရာတွေ
ငပလီကမ်းခြေကို လာရောက်လည်ပတ်ကြသူ တွေအနေနဲ့ ကမ်းခြေရဲ့ နာမည်ကျော် ခရီးသွား နေရာတွေဖြစ်တဲ့ Blue Lagoon၊ ဆာဖာရီကမ်းခြေ snorkeling place၊ ရေပေါ်တံတား၊ ပါရာဒိုက်စ် ကမ်းခြေ၊ တံငါရွာ၊ သဲဖြူကျွန်း၊ မီးပြတိုက်နဲ့ ပုလဲ ကျွန်းတို့ကို သွားရောက်လည်ပတ်လေ့လာသင့်ပါ တယ်။ ဒါ့အပြင် အသစ်အသစ်တွေကို စိတ်ဝင်စားတဲ့သူတွေအတွက်ဆိုရင်တော့ သိပ်မကြာသေးခင် ကမှ ဖွင့်လှစ်ထားတဲ့ အဘဲရွာက Camping Site ထဲကိုလည်း နေ့ချင်းပြန် သွားရောက်လည်ပတ်နိုင် ပါသေးတယ်။
လက်ရှိမှာတော့ ငပလီကမ်းခြေကိုအမှီပြုပြီး ရင်းနှီးမြှုပ်နှံထားတဲ့ ဟိုတယ်၊ တည်းခိုခန်း အလုံးရေ ၅၀ ဝန်းကျင်ရှိနေပြီး ထပ်မံရင်းနှီးမြှုပ်နှံလာကြတဲ့ လုပ်ငန်းရှင်တွေလည်း ရှိလာနေပါတယ်။
သဘာဝကိုချစ်မြတ်နိုးသူတွေအတွက် ပင်လယ် ကမ်းခြေရဲ့ သဘာဝအလှအပတွေ၊ နူးညံ့တဲ့ သဲသောင်ပြင် အထိအတွေ့တွေက ပင်ပန်းနွမ်းနယ် မှုတွေကို ပြေပျောက်စေပြီး စိတ်ခွန်အားတွေကို ရရှိစေနိုင်ပါတယ်။ ငပလီကမ်းခြေဟာ မရိုးနိုင်တဲ့ အလှတွေနဲ့ ဝင့်ဝင့်ထည်ထည် တည်ငြိမ်စွာ လှပနေ တဲ့ ကမ်းခြေဖြစ်ပါတယ်။
ဒါကြောင့်မို့ ပိတ်ရက်တွေမှာ အေးအေးဆေးဆေး အနားယူချင်တဲ့ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ချစ်သူစုံတွဲတွေအနေနဲ့ ငပလီကမ်းခြေခရီးစဉ်ကို လာရောက်မယ်ဆိုရင် သဘာဝဆန်တဲ့ ကွမ်းသီးပင် တောလေးထဲက The Villager Lodge Ngapali ဟိုတယ်ဟာလည်း အပန်းဖြေတည်းခိုစရာနေရာ လေးတစ်ခုအဖြစ် ဖော်ပြလမ်းညွှန်ပေးလိုက်ရပါ တယ်။ ။