
ဆိုးလ် အောက်တိုဘာ ၂၂
လွန်ခဲ့သည့် နှစ်နှစ်ကျော်က ကိုရီး ယားနှစ်နိုင်ငံအကြား ရေပိုင်နက် အနီးရှိ ရေပြင်တွင် ရေလုပ်သား အရာရှိတစ်ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီး ဟောင်းတစ်ဦးနှင့် ကမ်းခြေစောင့် တပ် အကြီးအကဲဟောင်း တစ်ဦး ကို တောင်ကိုရီးယား အစိုးရရှေ့နေ များက ဖမ်းဆီးလိုက်ကြောင်း အင်န်အိတ်ချ်ကေသတင်းတစ်ရပ် ၏ ဖော်ပြချက်အရ သိရသည်။
ကိုရီးယား ကျွန်းဆွယ် အနောက်ဘက် ပင်လယ်ဝါတွင် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၌ တောင်ကိုရီးယားရေကြောင်း နှင့် ငါးဖမ်းလုပ်ငန်းဝန်ကြီးဌာန သင်္ဘောတစ်စင်းမှ သင်္ဘောသား တစ်ဦး အသေပစ်သတ်ခံခဲ့ရ ခြင်းဖြစ်ကြောင်း သိရသည်။ အာဏာအလွဲသုံးစားလုပ်ကြောင်း သံသယရှိမှုနှင့် ဖြစ်ရပ်အမှန်ကို ဖုံးကွယ်ရာတွင် ပါဝင်မှုနှင့် ပတ် သက်ပြီး အစိုးရရှေ့နေများ က ကာကွယ်ရေးဝန်ကြီးဟောင်း ဆူဝုခ်နှင့် ကမ်းခြေစောင့် တပ် ကော်မရှင်နာဟောင်းကင်ဟွန်ဟီး ကို အောက်တိုဘာ ၂၂ ရက် က ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။
သမ္မတ ယွန်ဆက်ယိုးလ် အစိုးရက ၂၀၂၀ ပြည့်နှစ်တွင် သင်္ဘောသားတစ်ဦး အသတ်ခံရမှု နှင့်ပတ်သက်ပြီး ထပ်မံစုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် အဆိုပါ ဖမ်းဆီးခံရမှုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။အဆို ပါဖြစ်ရပ်နှင့်ပတ်သက်ပြီး ယခင် မွန်ဂျေအင်းဦးဆောင်သည့် အစိုးရ အနေဖြင့် မြောက်ကိုရီးယား နှင့် ဆက်ဆံရေးယိုယွင်းလာမှုကို ရှောင်ရှားရန်အတွက် အဆိုပါ ဖြစ်ရပ်ကို ဖုံးကွယ်ထားကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။
ယခင်အစိုးရမှ အမျိုးသား လုံခြုံရေးအကြံပေးဟောင်း ဆုခ် ဟွန်းနှင့် အမျိုးသားထောက်လှမ်း ရေး အကြီးအကဲ ပတ်ခ်ဂျီဝန်းအပါ အဝင် လုံခြုံရေးဆိုင်ရာထိပ်ပိုင်းအရာရှိများလည်း စွဲချက်တင်ခံ ရနိုင်ကြောင်း တောင်ကိုရီးယား သတင်းဌာနများတွင် ဖော်ပြထားသည်။
အင်န်အိတ်ချ်ကေ