
ငဖဲ ဩဂုတ် ၁၀
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် တွင် ရင်းရှည်ရေလှောင်တမံနှင့် မန်းချောင်းရေလှောင် တမံရှိသည့် အနက် မန်းချောင်းရေလှောင်တမံ သည် ဩဂုတ် ၉ ရက်တွင် ဆည် ရေပြည့်အမှတ် (R.l 625.00)ရှိရာ မှ ဩဂုတ် ၁၀ ရက်တွင် (R.L 625.5)သို့ရောက်ရှိပြီး ပင်မရေပိုလွှဲ မှ (0.05)ပေအမြင့်အဖြစ် စတင် ရေကျော်လျက်ရှိ၍ တမံ၊ရေထုတ် ပြွန်နှင့် ဆက်စပ်အဆောက်အအုံ များအားလုံး ကြံ့ခိုင်ကောင်းမွန် ကြောင်းနှင့် ၂၄ နာရီ ရေကင်း တာဝန်ချထားပြီး အနီးကပ် ကြီးကြပ်လျက်ရှိကြောင်း ငဖဲ မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီး မှူး ဦးအောင်ကိုဦးထံမှ သိရ သည်။
ယခုလက်ရှိတွင် မန်းချောင်းရေလှောင်တမံအတွင်းရေပြည့်မှတ်ကျော်လွန်၍ ရေပိုလွှဲမှရေကျော်မှု များရှိနေသော်လည်း မြို့နယ် အတွင်းရှိ ပြည်သူများသိရှိနိုင်ရန် အရေးပေါ် အခြေအနေကြိုတင် စီမံခန့်ခွဲမှု အဆင့်(၁)အဖြစ် သတ် မှတ်ပြီး တမံရေပိုလွှဲ၊ ရေထုတ်ပြွန် နှင့် ရှင်းလင်းဆောင်နေရာများ တွင်လည်းကောင်း၊ မန်းချောင်းဘေးရှိကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများနှင့် ကျေးရွာခွဲများတွင် လည်းကောင်း အစိမ်းရောင်အလံ များ စိုက်ထူ၍ အသိပေးနှိုးဆော် ဆောင်ရွက်ထားရှိသည်။
မယု(ငဖဲ)