
ဆန်းဝင်း(ငါးဦးစီး)
ငါးမြင်းဟာ ကျွန်တော်တို့နိုင်ငံမှာ လူကြိုက်အများဆုံးငါး ဖြစ်ပါတယ်။ အသားစားငါးဖြစ်ပြီး မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနိုင်ငံတွေမှာ နေထိုင် ကြ ပါတယ်၊ ငါးမြင်းဟာ ရေချို၊ ရေငန်စပ် မြစ်ဝများမှာနေထိုင်တဲ့ ငါးမျိုးဖြစ်ပြီး ရေချိုကော ရေငန်နှစ်မျိုးစလုံးမှာ နေတဲ့ Anadromous မျိုးဖြစ်ပါတယ်။ ရေရဲ့အပူချိန်နဲ့ ရေအငန်နှုန်းပေါ်မူတည်ပြီး နေရာပြောင်းရွှေ့တတ်ကြတဲ့ ငါးမြင်းတွေဟာ ခရီးဝေးရွှေ့ပြောင်းသွားလာတတ်တဲ့ အဖြူရောင်ငါးတွေဖြစ်ပြီး ကီလိုမီတာ ၁၀၀ ကျော်အထိ ရွှေ့ပြောင်းသွားလာတတ်ပါတယ်။
ငါးမြင်းဟာ ရာသီအလိုက်သားပေါက်လေ့ရှိပြီး မိုးရာသီ ဇွန်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလတွေ မှာ ရေချိုမြစ်တွေရဲ့ အထက်ပိုင်းတွေမှာ တက်ရောက် ဥချသားပေါက်လေ့ ရှိပါတယ်။ သားပေါက်လက်မ ဝက်အရွယ်လောက်မှာ အကောင်မျှောလှေး (zooplankton) ကို စားသောက်ကြပါတယ်။ တစ်လက်မအရွယ်လောက်မှာတော့ အခွံမာ ရေသတ္တဝါတွေ၊ ငါးကြင်းမျိုးနွယ်တွေရဲ့ ငါးမှုန်လေး တွေကို စားသောက်ပါတယ်။ လေးလက်မခန့် ငါးဖြန်းအရွယ်မှာတော့ ငါး၊ ပုစွန်၊ ကဏန်း၊ ခရု၊ ဂုံးနဲ့ အင်းဆက်တွေကို ဖမ်းယူစားသောက်ကြပါတယ်။ အရွယ်ရောက် ငါးတွေမှာတော့ ငါးသလောက်ကို အဓိက ဖမ်းယူစားသောက်ကြပါတယ်။
လက်ရှိအချိန်မှာတော့ ကမ္ဘာကြီးပူနွေးမှုကြောင့် ရာသီဥတုပြောင်းလဲခြင်း၊ လူတို့ အလွန်အကျွံ ဖမ်းဆီးခြင်း၊ ၎င်းတို့နေထိုင်ရာနေရာတွေ ပျက်စီး ခြင်း၊ ရေထုညစ်ညမ်းခြင်း စတာတွေကြောင့် ငါးမြင်းဟာ အလွန်ရှားပါးလာပြီဖြစ်ပါတယ်။ ငါးမြင်း ကို သားဖောက်မွေးမြူနိုင်သေးခြင်းမရှိဘဲ သဘာဝ ကရတဲ့ ငါးကိုသာ မှီခိုစားသောက်နေရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ သားဖောက်နိုင်ရေးအတွက် နည်းပညာရယူခြင်း၊ ငါးအထီးအမ Breeders များ ပြုစုနေပြီဖြစ်ပြီး သဘာဝမှာရှိတဲ့ ငါးမြင်းများ မျိုးသုဉ်းပျောက်ကွယ်မှုမရှိစေရေး ထိန်းသိမ်းဖို့ အထူးလိုအပ်သောအချိန်ဖြစ်ပါတယ်။
ငါးလုပ်ငန်းဦးစီးဌာနက ငါးသလောက်မျိုး ထိန်းသိမ်းရေးနှင့် စျေးကွက်မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ၁၁-၁-၂၀၂၂ ရက်နေ့တွင် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ် (၁၅) ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါးသလောက် သည့်နေရာများကို ထိန်းသိမ်းကာကွယ် ရန်အတွက် တစ်နှစ်ပတ်လုံး ငါးဖမ်းဆီးခြင်း မပြု သည့် ဘေးမဲ့ဧရိယာသတ်မှတ်ရန်နှင့် မျိုးဆောင် ငါးသလောက်များ ရွှေ့ပြောင်းသွားလာရာမြစ်ကြောင်း လေးကြောင်းကို ရာသီအလိုက် ငါးဖမ်းဆီးခြင်းမပြု သည့် ကာလသတ်မှတ်ရန် ဆုံးဖြတ်ခဲ့သည်။
ဘေးမဲ့ဇုန် ၁၁ ခု သတ်မှတ်ထား
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ (၂၂-၃-၂၀၂၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆/၂၀၂၂) ဖြင့် ငါးသလောက်သားပေါက်များရှင်သန်ကြီးထွားစေရန် ဧရိယာ ၁၁ နေရာကို ဘေးမဲ့ဇုန်အဖြစ် သတ်မှတ်ပြီး မည်သည့်ငါးမျိုးမျှဖမ်းဆီးခြင်း မပြု ရန်တားမြစ်ထားသည်။ ၎င်းတို့မှာ ဟင်္သာတ မြို့နယ်ရှိ ဖောင်ဆိပ်သောင်၊ ဇလွန်မြို့နယ်ရှိ နန်းတော် ကျွန်းသောင်၊ ဓနုဖြူမြို့နယ်ရှိ စကာကြီးသောင်၊ ညောင်တုန်းမြို့နယ်ရှိ ဝဲကြီးသောင်၊ ပန်းတနော် မြို့နယ်ရှိ ကဇင်းတောသောင်၊ မအူပင်မြို့နယ်ရှိ ငါးဖယ်အိုသောင်၊ တလုပ်လတ်အရှေ့သောင်၊ ပန်းလှိုင် ချောင်းဝ စသည့်ဘေးမဲ့ဇုန် ၁၁ ခု သတ်မှတ်ထားပြီး ဖြစ်ပါသည်။
ဘေးမဲ့ဇုန် ၁၁ ခုမှာ သောင်များကို သတ်မှတ်ထား ခြင်းဖြစ်ပြီး သောင်များသည် မြစ်အတွင်း မြစ်ညှာ ပိုင်းမှသယ်ဆောင်လာသော နုန်းအနယ်အနှစ်များ သည် မြစ်ရေစီးနှေးသည့်နေရာများတွင် ပို့ချခြင်း ဖြစ်ပြီး တဖြည်းဖြည်း ပိုမိုကြီးထွားလာကာ သောင် များ ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ သောင်များသည် တည်မြဲသည့် ကုန်းမြေမဟုတ်သဖြင့် ပုံသဏ္ဌာန် အမျိုးမျိုး ရှိကြပါသည်။ သောင်များဖြစ်ပေါ်လာချိန် တွင် မူလကုန်းမြေနှင့် သောင်ကြားတွင် ဂ ပုံသဏ္ဌာန် ရေအိုင်အရပ်အခေါ်ချောင်းများလည်း ဖြစ်ပေါ်လာပါ သည်။ သောင်များသည် အာဟာရပြည့်ဝသည့် နုန်း အနယ်အနှစ်များဖြစ်သဖြင့် ငါးတို့၏အစာကွင်းဆက် Food web ၏ အခြေခံဖြစ်သော အပင်မျှောလှေး ပေါက်ရောက်ရန် ဖော့စဖောရပ်နှင့် နိုက်ထရိုက် ပေါကြွယ်ဝသဖြင့် အပင်မျှောလှေးနှင့် အကောင် မျှောလှေး (Phytoplankton @Zooplankton) ပေါများသည့်နေရာဖြစ်၍ ငါးသားပေါက်များနှင့် ငါးငယ်များ လာရောက်ကျက်စားကြပြီး အသားစား ငါးများပါ လာရောက်ကျက်စားကြသည့် နေရာဖြစ် ပါသည်။ ထို့ပြင် သောင်၏နောက်ဘက်ရှိ ချောင်း သည် ရေကြည်ခြင်း၊ ရေတိမ်ခြင်း အစာပေါများ ခြင်းကြောင့် ငါးသားပေါက်များ ကျက်စားလေ့ရှိပါ သည်။
သောင်များတွင် ငါးဖမ်းသည့်ကိရိယာမှာ သောင်ဆွဲပိုက်ဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း ၂၀ ခန့် က အဓိကဖမ်းသည့်ငါးမျိုးစိတ်မှာ ငါးတန်ဖြစ်သဖြင့် ပိုက်ကွက်အကြီးဖြင့် ဖမ်းဆီးရပါသည်။ သို့ရာတွင် လွန်ခဲ့သောဆယ်စုနှစ်တစ်ခု အတွင်း ငါးတန်ရှားပါး သွားသဖြင့် အရွယ်တစ်လက်မခန့်သာရှိသော ငါးဖြူ လေးကို အဓိကထား ဖမ်းဆီးရသဖြင့် ပိုက်ကွက် အရွယ်အစားမှာ လွန်စွာသေးငယ်ပါသည်။ ဥပမာ လက်လံ ၁၀၀ ရှိသည့် သောင်ဆွဲ ပိုက်တွင် ၅ လက်မ ပိုက်ကွက် ၃၀ ရာခိုင်နှုန်း၊ ၁ ဒသမ ၅ လက်မ ပိုက်ကွက် ၃၀ ရာခိုင်နှုန်း၊ ၁ လက်မ ပိုက်ကွက် ၂၀ ရာခိုင်နှုန်း၊ ၀ ဒသမ ၅ လက်မ ပိုက်ကွက် ၁၀ ရာခိုင်နှုန်းနှင့် ပိုက်အိတ်မှာ ဇာပြာ ၁၀ ရာခိုင်နှုန်း ပါဝင်သဖြင့် အလွန်သေးငယ်သည့် ပိုက်ကွက်ဖြစ် သဖြင့် ၎င်းတို့ အဓိကဖမ်းဆီးသည့် ငါးဖြူလေး အပါအဝင် ငါးသလောက်၊ ငါးမြင်း၊ ငါးတန်၊ ငါးထွေ သားပေါက်များပါ ဖမ်းဆီးရမိလေ့ရှိပါသည်။
၂၁-၁၂-၂၀၂၁ ရက်တွင် မအူပင်မြို့နယ် ပန်းလှိုင်ချောင်းဝ၌ ၃၅ လံရှိသည့် ဆွဲပိုက်ဖြင့် စမ်းသပ်ရာ ဆွဲပိုက်တစ်ချက်တွင် ငါးသလေက် ၁ ဒသမ ၅ လက်မအရွယ် ၆၇၉ ကောင်နှင့် ငါးမြင်း နှစ်လက်မအရွယ် ၆၉ ကောင်တို့ကို ဖမ်းဆီးရမိ ခဲ့ပါသည်။ ၂-၁-၂၀၂၂ ရက်တွင် ဓနုဖြူမြို့နယ် စကာကြီးသောင်၌လေ့လာရာ ဆွဲပိုက်တစ်ချက်တွင် ငါးသလောက် ၁ ဒသမ ၅ လက်မ အရွယ် ၁၀၈ ကောင်၊ ငါးမြင်း နှစ်လက်မအရွယ် ၁၀ ကောင်၊ ငါးတန် သုံးလက်မအရွယ် ၁၅ ကောင်၊ ငါးထွေ နှစ်လက်မ အရွယ် ၄၁ ကောင်တို့ကို ဖမ်းဆီးရမိခဲ့သဖြင့် သောင်ဆွဲပိုက်များသည် တန်ဖိုးကြီး ငါးသလောက်၊ ငါးမြင်း၊ ငါးတန်၊ ငါးထွေသားပေါက်များကို ဖမ်းဆီး နေသည့်ငါးဖမ်းကိရိယာ ဖြစ်ပါသည်။
ကြီးမားသည့် အောင်မြင်မှုတစ်ခု
ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါးမဖမ်းရ ဧရိယာ ၁၁ နေရာသတ်မှတ်ပြီး ဖြစ်သော်လည်း မအူပင်ခရိုင်အတွင်း
တင်ဒါရောင်းချနေသော သောင်တင်ဒါချက် ၁၁ နေရာမှာ ဆက်လက်လုပ်ကိုင် နေဆဲဖြစ်ပါသည်။ ၁-၂-၂၀၂၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ်အား ငါးသလောက်မျိုး ထိန်းသိမ်းရေးအတွက် ဘေးမဲ့ဧရိယာသတ်မှတ်ရန်နှင့် ရာသီအလိုက် ငါးဖမ်းခွင့်ပိတ်ပင်နိုင်ရေးအတွက် တိုင်းဒေသကြီး ဦးစီးမှူးနှင့် လိုက်ပါ၍ သွားရောက်တင်ပြရာတွင် ကျန်ရှိနေသေးသော သောင်တင်ဒါချက်များကို ဆက်လက်မရောင်းချရန် တင်ပြခဲ့ရာ ဝန်ကြီးချုပ် က သဘောတူသဖြင့် မအူပင်မြို့နယ်ရှိ အလန်း အပြင်ထုံးသောင်၊ လယ်ကိုင်းထုံးသောင်၊ ရတနာ ထွန်းသောင်၊ မီးသွေးချောင်းသောင်၊ ဓနုဖြူမြို့နယ်ရှိ ရှမ်းစုသောင်၊ လက်ဆွဲချောင်းသောင်၊ စကာကြီး တစ်ဖက်ကမ်းသောင်၊ စံကင်းတစ်ဖက်ကမ်းသောင်၊ ညောင်တုန်းမြို့နယ်ရှိ ဝဲကြီးသောင်၊ ရွာသာညွန့် ရေလယ်/ဘေးကပ်သောင် စသည့်သောင်များကို ၂၀၂၂-၂၀၂၃ ခုနှစ်မှ စတင်ပိတ် သိမ်းခဲ့သဖြင့် သောင်ဆွဲပိုက်အားလုံး ပိတ်သိမ်းနိုင်ခြင်းမှာ ငါးကဏ္ဍအတွက် ကြီးမားသည့် အောင်မြင်မှု တစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံအတွက် ဂုဏ်ယူစရာ တိုင်းရင်းငါးမျိုးစိတ်များဖြစ်သော တန်ဖိုးကြီးသည့် ငါးသလောက် (Tenualosa ilisha)၊ ငါးမြင်း (Silonia silondia)၊ ငါးတန် (Pangasius pangasius)၊ ငါးထွေ(Rita rita) စသည့်ငါးမျိုးစိတ် များရေရှည်တည်တံ့ရေးအတွက် ဝိုင်းဝန်းကူညီကြ ပါရန် အထူးတိုက်တွန်းရေးသားအပ်ပါသည်။ ။
- Log in to post comments