ငါးများကို ရေပေါ်လှောင်အိမ်စနစ်ဖြင့် စမ်းသပ် သရုပ်ပြမွေးမြူ

နေပြည်တော်  စက်တင်ဘာ  ၁၉


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်ချက်အရ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်သည် တာဝန်ရှိသူများလိုက်ပါလျက် လယ်ဝေးမြို့နယ် ချောင်းမငယ်ရေလှောင်တမံသို့ ယနေ့နံနက် ၈ နာရီတွင် ရောက်ရှိပြီး ရေပေါ်    ငါးမွေးလှောင်အိမ်ဖြင့်   တစ်ပိုင်တစ်နိုင်ငါးမွေးမြူခြင်းကို သရုပ်ပြမွေးမြူခြင်း ဆောင်ရွက်နိုင်ရန်အတွက် သဘာဝနှင့် ကိုက်ညီ သည့်      ငါးသားပေါက်များအား      ရေပေါ်လှောင်အိမ်အတွင်းသို့  မျိုးစိုက်ထည့်ပေးခဲ့သည်။


နေပြည်တော်ကောင်စီနယ်မြေတွင်  ငါးမွေးမြူရေးလုပ်ငန်းရပ်တစ်ခုအဖြစ် ပေါ်ပေါက်လာစေရန်၊  ဒေသတွင်းငါးထုတ်လုပ်မှုတိုးတက် ပြီး ငါးဈေးနှုန်းများတည်ငြိမ်စေရန်၊ ကျေးလက်နေပြည်သူများ ဝင်ငွေ တိုးစေရန်၊ ဈေးနှုန်းသက်သာပြီး အရသာကောင်းမွန်သောငါးများကို လူတိုင်းလုံလောက်စွာ စားသုံးလာနိုင်ကြစေရန်၊ ရေလှောင်ကန်များ၊ ရေကန်ကြီးများအတွင်းတွင် ပိုက်လှောင်အိမ်စနစ်ဖြင့် ငါးမွေးရာတွင် မြေကန်တူးမွေးခြင်းကိစ္စများကဲ့သို့     ကုန်ကျစရိတ်ကြီးမားစွာဖြင့် ဆောင်ရွက်ရန် မလိုအပ်ဘဲ စရိတ်သက်သာစွာဖြင့် ငါးမွေးမြူထုတ်လုပ် လာနိုင်စေရန်နှင့် ရေအရည်အသွေးကောင်းမွန်သော ရေပြင်ကျယ်များမှ နေရာကျဉ်းကျဉ်းဖြင့်       ငါးရိက္ခာ       ပိုမိုထုတ်လုပ်လာနိုင်ကြစေရန် ရည်ရွယ်၍    ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့်  ငါးမွေးမြူဖြစ်ထွန်းမှု နည်းပညာများကို ဒေသခံများအား ပညာပေးဖြန့်ဝေခြင်းနှင့် လုပ်ငန်းရှင် များ   ဖိတ်ခေါ်၍  ရင်းနှီးမြှုပ်နှံနိုင်ရေး   စည်းရုံးဖိတ်ခေါ်သွားမည်ဖြစ် ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်ထံမှ သိရသည်။
သတင်းစဉ်