
နေပြည်တော် ဇွန် ၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါး လုပ်ငန်းဦးစီးဌာနတွင် တာဝန် ထမ်းဆောင်လျက်ရှိသော အလုပ် သင် (နေ့စား) ဝန်ထမ်းများ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ် စဉ် (၁/၂၀၂၂) သင်တန်းဆင်း အခမ်းအနားကို ငါးလုပ်ငန်းဦးစီး ဌာန(ရုံးချုပ်)နှင့် တိုင်းဒေသကြီး/ ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး ရုံးများတွင် ဇွန် ၁၀ ရက်က ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်း မောင်က သင်တန်းဆင်း အမှာ စကားပြောကြားရာတွင် ငါး လုပ်ငန်းဦးစီးဌာန အလုပ်သင် (နေ့စား) ဝန်ထမ်းများအား လုပ်ငန်းခွင် သင်တန်း (၁/၂၀၂၂)ကို နေပြည်တော်တွင်သာမက တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှာ တပြိုင်တည်း ဖွင့်လှစ်ခဲ့ပါကြောင်း၊ သင်တန်း တွင် ငါးလုပ်ငန်းများနှင့် ပတ်သက် သည့် စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ရုံးလုပ်ငန်းဆိုင်ရာများ၊ ငွေစာရင်း ပိုင်းဆိုင်ရာများ၊ ဒေသအလိုက် ဆောင်ရွက်လျက်ရှိသည့် ငါး လုပ်ငန်း ဖွံ့ဖြိုးရေးဆိုင်ရာများကို ပိုမိုစနစ်တကျသိရှိလာနိုင်စေရန်အတွက် နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန အသီးသီးတွင် ငါးရက် ကြာပို့ချပေးခဲ့ပါကြောင်း၊ လုပ်ငန်းခွင်ဝင်သင်တန်းမှ ပို့ချ သင်ကြားပေးခဲ့သည့် ပညာရပ်များ ကို အသုံးချပြီး ငါးလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေး အတွက် မိမိတို့တစ်ဦးချင်းအလိုက် ကြိုးစားလုပ်ကိုင်ဆောင်ရွက်ကြစေရန် တိုက်တွန်းပြောကြားခဲ့ပြီး သင်တန်းဆင်း လက်မှတ်များကို ချီးမြှင့်ပေးသည်။
ပြည်ထောင်စု နယ်မြေ (နေပြည်တော်) အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် လည်း အလုပ်သင် (နေ့စား)ဝန်ထမ်းများ လုပ်ငန်းခွင်ဝင် သင်တန်းကို ဇွန် ၆ ရက်မှ ၁၀ ရက်အထိ သင်ကြားပို့ချပေးခဲ့ပြီး အဆိုပါ သင်တန်းသို့ ငါးလုပ်ငန်း ဦးစီးဌာန (ရုံးချုပ်) အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ သင်တန်းသား သင်တန်းသူ ၁၆၃ ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။
သတင်းစဉ်