
တိုကျို ဖေဖော်ဝါရီ ၁၆
ငလျင်ဒဏ် ခံစားခဲ့ရသည့် တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့သို့ အရေးပေါ် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူ အညီအဖြစ် အမေရိကန်ဒေါ်လာ ၂၇ သန်းတန်ဖိုးရှိသည့် အကူ အညီများ ထောက်ပံ့ပေးသွား မည်ဟု ဂျပန်အစိုးရက ကတိပြု ပြောကြားခဲ့သည်။
ကမ္ဘာ့စားနပ်ရိက္ခာ အစီ အစဉ်နှင့် အစိုးရမဟုတ်သော ဂျပန်အဖွဲ့အစည်းများမှတစ်ဆင့် နှစ်နိုင်ငံစလုံးသို့အကူအညီများပေးပို့သွားမည်ဟု နိုင်ငံခြား ရေးဝန်ကြီး ဟာယာရှီ ယိုရှီ မက်ဆာက ပြောသည်။ ကူညီမှု အစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ် အစီအစဉ်များကို အရာရှိများက ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း ၎င်းကပြောသည်။
ငလျင်နှင့် အခြားသော သဘာဝဘေးများ တွေ့ကြုံ ရမှုတွင် အတွေ့အကြုံများကို အခြေခံကာ ဂျပန်နိုင်ငံမှ ကယ်ဆယ်ရေး လုပ်သားများကို ငလျင်ဒဏ်ခံဒေသသို့ စေလွှတ် နိုင်ရေးကိုလည်း အစွမ်းကုန် ကြိုးပမ်းသွားမည်ဟု ဂျပန် နိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။
ပြည်သူများ လိုအပ်နေသည့် လိုအပ်ချက်များကို ဖြည့်ဆည်း ပေးရန် ဂျပန်နိုင်ငံသည် လျင်မြန်စွာ ကူညီပေးသွားမည်ဟု ၎င်းက ဆက်ပြောသည်။ ဆီးရီးယားနိုင်ငံ တွင်မူ အစိုးရဆန့်ကျင်ရေးတပ် များ ထိန်းချုပ်ထားသည့် ဒေသများတွင် ငလျင်ဘေးဒဏ် ခံပြည်သူများကို အကူအညီများ ပေးအပ်နိုင်ရန်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်နေသည်။
အင်န်အိတ်ချ်ကေ