
မိုးမြင့်
ထူးခြားသတင်းတစ်ပုဒ် တွေ့လိုက်ရပါတယ်။
နိုဘယ်ဆုပေးရေး ငါးဦး ကော်မတီထံကို ဩဇာတိက္ကမကြီးလှတဲ့ ကမ္ဘာ့နိုဘယ်ငြိမ်းချမ်းရေး ဆုကြီးပေးဖို့အတွက် မြန်မာနိုင်ငံက ပြည်ဖျက် ပြည်ပြေးအဖွဲ့တစ်ဖွဲ့ရဲ့ အမည်စာရင်းတင်သွင်း လိုက်တဲ့ကိစ္စပါ။
တင်သွင်းတဲ့အဖွဲ့က မြန်မာနိုင်ငံကို အမြဲတမ်း ဆန့်ကျင်၊ မြန်မာအတိုက်အခံ မှန်သမျှကို အားပေး ထောက်ခံနေတဲ့ နော်ဝေနိုင်ငံက ပါတီငယ်လေး တစ်ခုဖြစ်တဲ့ နော်ဝေ လစ်ဘရယ်ပါတီ ဖြစ်ပါတယ်။ ဗဟိုလစ်ဘရယ်ဆန်ဆန် လူထုထောက်ခံမှု ၄ ဒသမ ၆ ရာခိုင်နှုန်းလောက်နဲ့ နော်ဝေပါလီမန်မှာ နေရာ ၈ နေရာလောက်သာရတဲ့ အတိုက်အခံပါတီငယ် လေးတစ်ခု သာသာရယ်ပါ။
ယှဉ်ပြိုင်စာရင်းသွင်းခံရတဲ့ အနေအထား လေ့လာကြည့်ပြန်တော့ အမေရိကန်ကို ဆန့်ကျင် တဲ့ ရုရှားယိမ်း ဘီလာရုစ်နိုင်ငံက အတိုက်အခံ ခေါင်းဆောင်တစ်ဦး၊ ပုပ်ရဟန်းမင်းကြီး၊ ပတ်၀န်း ကျင်နဲ့ သဘာ၀ပတ်၀န်းကျင်ရေးရာမှာ တက်တက် ကြွကြွလှုပ်ရှားနေတဲ့ အသက် ၁၉ နှစ်လောက် သာရှိသေးတဲ့ လူငယ်မိန်းကလေး ဂရီတာသန်း ဘာဂ်၊ နောက်တစ်ယောက်က ဘာသာမဲ့ သက်သတ် လွတ်သမား၊ အောင်မြင်မှုဆုလာဘ်တွေ အများ ကြီးရထားသူ ဒေးဗစ်အက်တန်ဘရော့ခ်ျ စတဲ့ ပုဂ္ဂိုလ်အကျော်အမော်တွေပဲ ဖြစ်ပါတယ်။
ဒီလိုပုဂ္ဂိုလ်တွေနဲ့အတူ မြန်မာနိုင်ငံကနေ ဘယ်မှာမှန်းမသိ အဝေးရောက် ပုန်းအောင်း တိမ်းရှောင်နေရပြီး မကြာခင်ကမှ ကချင်အပါအ၀င် တိုင်းရင်းသား ၁၃၅ မျိုး စုပေါင်းနေထိုင်ကြတဲ့ နိုင်ငံတွင်းမှာ ပြည်တွင်းစစ်ကြီးဆင်နွှဲဖို့ ဆော်ဩ ခဲ့တဲ့ ဆန့်ကျင်ဘက် ပြည်ဖျက်အဖွဲ့တစ်ခုကို ကမ္ဘာ့ငြိမ်းချမ်းရေး၊ မြန်မာနိုင်ငံနဲ့ပြည်သူတွေ အတွက် ငြိမ်းချမ်းရေး ဖန်တီးရှင်အဖြစ်ပုံဖော်တော့မယ်ဆိုလေတော့.... ။
အရူးဘုံမြှောက်၊ မျောက်အုန်းသီးရသလိုဖြစ်မယ်
အခုလို နိုင်ငံတကာက ခပ်ကြောင်ကြောင် နိုင်ငံ ရေးသမားတွေက သူတို့နိုင်ငံရေးမှာ နာမည်ရဖို့၊ ပါလီမန်မှာ အမတ်နေရာတိုးရဖို့ နိုင်ငံရေး တိုက်ကွက်ဖော်တာက အရေးမကြီးဘူး၊ ကျွန်တော် တို့နိုင်ငံက အကြမ်းဖက်သမားတွေအတွက်တော့ အရူးဘုံမြှောက်၊ မျောက်အုန်းသီးရသလိုဖြစ်ပြီး တိုင်းရင်းသားပြည်သူအားလုံး ဒုက္ခတွင်းထဲက မထွက်နိုင်ဖြစ်ကြမှာကိုလည်း အစိုးရိမ်ကြီး စိုးရိမ် မိပါတယ်။ အားလုံးသိတဲ့အတိုင်း ကျွန်တော် တို့နိုင်ငံဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပြည်တွင်းပြည်ပ ဖိအားအနှောင့်အယှက်များစွာ ကြားက ကြိုးစားပမ်းစားဆောင်ရွက်နေရတဲ့နိုင်ငံပါ။
ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေး ၊ အေးချမ်းရေး ၊ တိုးတက်ဖွံ့ဖြိုးရေး ဘယ်သူတွေ ဦးဆောင်လုပ်နေ သလဲ၊ အဖျက်သမားတွေကြောင့် ဘယ်သူတွေ ဒုက္ခရောက်နေကြသလဲ၊ ထမင်းစားသူတိုင်း သိပါ တယ်။ ဒီလိုပြည်ဖျက်အဖွဲ့မျိုးကိုမှ အမည်စာရင်း တင်သွင်းခြင်းကို လက်ခံစဉ်းစားပေးတဲ့ အဖွဲ့ အစည်းမျိုး၊ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလား တဲ့ မြန်မာပြည်သူတွေအတွက် လုံး၀စိတ်မပူ၊ မစာနာတတ်တဲ့ အဖွဲ့အစည်းမျိုးကိုလည်း ဩချ လောက်တဲ့အဖွဲ့လို့ပဲ ဆိုရမှာပါပဲ။ ချီးမြှင့်ထိုက် သူကို ချီးမြှောက်ခြင်းဟာ မင်္ဂလာတစ်ပါးတော့ဖြစ်ပါ တယ်။ ဒါပေမယ့် ချီးမြှောက်သူမှာ ချီးမြှောက်နိုင်တဲ့အရည်အချင်းနဲ့ တွေးခေါ် ဆင်ခြင်တုံတရားမရှိရင် တော့ ချီးမြှင့်ခံရသူရော၊ ချီးမြှင့်ခံရသူနဲ့ ဆက်နွှယ် ပတ်သက်နေတဲ့ အသိုင်းအဝိုင်းမှာပါ ဒုက္ခလှလှကြီး တွေ့ရတတ်တယ်ဆိုတာ သမိုင်းစဉ်အရရော လက်တွေ့မှာပါ အတွေ့အကြုံတွေရှိပြီးလောက်ပြီ ထင်ပါတယ်။
အဖိုးတန်ဂုဏ်ဒြပ်တွေနဲ့ အနှစ်သာရရှိသောဆုများဖြစ်
အားလုံးက နိုဘယ်ဆုဆိုရင် ငြိမ်းချမ်းရေးနဲ့ ယှဉ်တွဲပြီးမြင်ကြပါတယ်။ နိုဘယ် ငြိမ်းချမ်းရေးဆု သည်ပင်လျှင် နိုဘယ်ဆု ငါးဆုအနက် တစ်ခုပါ။ ကျန်တဲ့ဆုတွေက ဓာတုဗေဒ၊ ရူပဗေဒ၊ ဆေးပညာ သို့ ဇီ၀ကမ္မဗေဒ၊ စာပေဆုများဖြစ်ပါတယ်။ ကမ္ဘာ ကြီးနဲ့ ကမ္ဘာ့လူသားတွေအကျိုးအတွက် ဆောင်ကြဉ်းပေးနိုင်တဲ့ အဖိုးတန်ဂုဏ်ဒြပ်တွေနဲ့ ပြည့်နေတဲ့ အနှစ်သာရရှိတဲ့ ကမ္ဘာ့ဆုတွေပါ။ ငြိမ်းချမ်းရေးဆုရဲ့သဘောက ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးကို မြှင့်တင်ဖော်ဆောင်နိုင်သူ၊ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ လက်နက်ကိုင်အဖွဲ့ အစည်းတွေ လျော့နည်းပပျောက်ချုပ်ငြိမ်းရေး၊ ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံမှုတွေကို လျော့ကျစေပြီး ပဋိပက္ခမဖြစ်အောင် စတဲ့ ငြိမ်းချမ်းရေးကိစ္စတွေ မှာ စွမ်းစွမ်းတမံ ပါ၀င်ဆောင်ရွက်သူတွေအတွက် ချီးမြှင့်ခြင်းဖြစ်ပါတယ်။ အဓိပ္ပာယ်က အင်မတန် လေးနက်ပါတယ်။ ၁၉၀၁ ခုနှစ်မှစပြီး မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသမီးတွေ၊ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေများစွာ ချီးမြှင့်ခံခဲ့ရပြီးလည်းဖြစ်ပါတယ်။
ငြိမ်းချမ်းရေးအတွက် စဉ်ဆက်မပြတ်စတေးခံသူတွေနဲ့သာ ထိုက်တန်သောဆု
ဒီနေရာမှာ နိုဘယ်ဆုများရဲ့ သမိုင်းဖြစ်တည်ရာ ဆွီဒင်နိုင်ငံသားဖြစ်တဲ့ ပေါက်ကွဲနိုင်တဲ့ ဒိုင်းနမိုက် ယမ်းဘီလူးကို တီထွင်နိုင်ခဲ့သူ အယ်လ်ဖရက် နိုဘယ်ကိုတော့ မမေ့သင့်ပါဘူး။ အကြောင်းက မစ္စတာနိုဘယ်ဟာ သူ့ရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ ကမ္ဘာကြီးနဲ့ လူသားတွေ ငြိမ်းချမ်းသာယာ၀ပြော ရေးကနေ သွေဖည်သွားခဲ့တဲ့အတွက် သူ့ကိုယ်သူ အပြစ်ရှိသူတစ်ယောက်အဖြစ် ခံယူပြီး ဖြေဆည် တဲ့အနေနဲ့ သူ့ရဲ့ သေတမ်းစာအရ သာမန်လူတွေ ထားနိုင်ခဲတဲ့ စိတ်သဘောထားမြင့်မြတ်ရက်ရောမှုနဲ့ ဒီလိုနိုဘယ်ဆုများကို နောင်လာ နောက်သား တွေအတွက် ထူထောင်နိုင်ခဲ့လို့ပါပဲ။
အထူးသဖြင့် နိုဘယ်ငြိမ်းချမ်းရေးဆုဆိုတာ ကမ္ဘာပေါ်မှာ ဩဇာတက္ကိမ အကြီးဆုံး ဆုကြီးတစ်ခု ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် စတေးခံသူတွေနဲ့သာ ထိုက်တန်ပါတယ်။ ဒီလို ခံယူချက်မျိုးထားနိုင်မှသာ နိုဘယ်ဆုများရဲ့ ဖခင် အယ်လ်ဖရက်ကိုရော၊ မငြိမ်း ချမ်းသေးတဲ့ ဒေသတွေက ငြိမ်းချမ်းရေးအရသာကို ပြည့်ပြည့်၀၀ မခံစားရသေးတဲ့ လူသားတွေအတွက် ပါ ကျေးဇူးဆပ်ရာရောက်မှာဖြစ်ပါတယ်။
နိုင်ငံရေးပယောဂတွေယှက်နေတဲ့ ငြိမ်းချမ်းရေးဆု
သို့ပေမယ့် နိုဘယ်ဆုရဲ့ ကောင်းမြတ်ခြင်းတွေ ဟာ ပယောဂတချို့ကြောင့် အငြင်းပွားစရာ၊ ဝေဖန်စရာတွေ ရှိလာနေတာကိုလည်း နောက်ပိုင်း မှာ တွေ့လာနေရပါတယ်။ ရသင့်ရထိုက်သူ မရတာ၊ မရသင့်သူတွေရသွားတာ၊ အကြမ်းမဖက် လှုပ်ရှား မှုကို ဦးတည်ပေမယ့် အကြမ်းဖက်မှုနဲ့ငြိမ်းချမ်းရေးရောယှက်ပြီး အကြမ်းဖက်မှုကို အားပေးသလို ဖြစ်လာနေတာတွေဟာ နိုဘယ်ငြိမ်းချမ်းရေးဆုကြီး ကို အလွန်အရုပ်ဆိုး အကျည်းတန်စေပါတယ်။ ပေးခဲ့တဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုတချို့ဟာဆိုရင် နိုင်ငံရေးအရ လှုံ့ဆော်မှုတွေနဲ့ ပါ၀င်ပတ်သက်နေပါ တယ်၊ လတ်တလော နိုင်ငံရေးလိုလားချက် သို့မဟုတ် အနာဂတ်အတွက် နိုင်ငံရေးပုံဖော်လိုမှု တစ်ခုခုအတွက် ကြိုတင်မျှော်တွေး ရည်ရွယ်ပြီး ပေးအပ်တာတွေလည်း တွေ့နေရပါတယ်။
ဆုချီးမြှင့်ရေးဘုတ်အဖွဲ့၀င်တွေရဲ့ သမာသမတ် ကျမှုဟာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း၊ သူတို့ ရဲ့အမြင်တွေကို ကျယ်ကျယ်ပြန့်ပြန့် တင်ပြခွင့်မရ တဲ့ အခြေအနေတချို့ကို ဘုတ်အဖွဲ့၀င်တွေ ကိုယ်တိုင် ပြန်လည်ပြောပြချက်တွေလည်း ရှိပါ တယ်။ အထူးသဖြင့် သူတို့လွှမ်းမိုးလိုတဲ့ နိုင်ငံ တစ်နိုင်ငံ၊ အစိုးရတစ်ရပ်မှာ သူတို့ဩဇာခံယူပြီး ထင်ရှားကျော်ကြားတဲ့ အတိုက်အခံခေါင်းဆောင် တွေကို ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးခေါင်းစဉ် တပ်ပြီး ဆုပေးအပ်လေ့ရှိပါတယ်။ ဒါကြောင့် အချို့ သော နိုဘယ်ငြိမ်းချမ်းရေးဆုပေးအပ်ခြင်းတွေဟာ ရိုးသားခြင်းရှိမရှိ၊ ထိုက်တန်ခြင်းရှိမရှိအပေါ် ဆန်းစစ်သုံးသပ် ဝေဖန်မှုတွေ များသထက် များလာနေပါတယ်။
ဆုပေးခံလူပုဂ္ဂိုလ်၊ နိုင်ငံ၊ အဖွဲ့အစည်း စသဖြင့် နှစ်စဉ်ရှိရာမှာ အများစုဟာ အမေရိကန်နဲ့ အနောက်အုပ်စုယိမ်းသူ၊ ဩဇာခံသူ၊ လစ်ဘရယ် ဆန်သူ ဆိုရှယ်ဒီမိုကရက် စသဖြင့် တွေ့ရသလို ယခင်ဆိုဗီယက်နဲ့ အရှေ့အုပ်စုကိုဆန့်ကျင်သူ၊ ယခု ရုရှားဆန့်ကျင်သူ၊ တရုတ်ဆန့်ကျင်သူ တစ်နည်း အားဖြင့် ဘယ်လိုလူပုဂ္ဂိုလ် ဘယ်လိုအဖွဲ့အစည်း နိုင်ငံပင်ဖြစ်ပါစေ၊ အမေရိကန်ကိုလိုလားသူဖြစ်ရင် ဒါမှမဟုတ် ရုရှား၊ တရုတ်နဲ့ အခြား အမေရိကန် ဆန့်ကျင်တဲ့ ဘယ်နိုင်ငံကပဲဖြစ်ဖြစ် အဲဒီနိုင်ငံ အစိုးရကို ဆန့်ကျင်သူ အတိုက်အခံ လူပုဂ္ဂိုလ်အဖွဲ့ အစည်းဟာ နိုဘယ်ဆုတံဆိပ်ကပ် ချီးမြှင့်ခံထိုက်သူဖြစ်သွားတတ်တာကို လေ့လာအကဲခတ်မိပါ တယ်။
ယမန်နှစ်ပေးပြီးတဲ့ နှစ်ကာလတွေအထိ သတိ ထားမိသလောက် ရုရှား၊ တရုတ် စတဲ့ အမေရိကန်နဲ့ သဟဇာတမဖြစ်တဲ့ ဘယ်နိုင်ငံ ဘယ်ပုဂ္ဂိုလ်ကမှ နိုဘယ်ငြိမ်းချမ်းရေး ဆုရခဲ့တာ မတွေ့ဖူးသေးပါဘူး။ ကျူးဘားဒုံးပျံအရေးအခင်းကြောင့် ဆိုဗီယက်နဲ့ အမေရိကန် တတိယကမ္ဘာစစ်ဖြစ်အံ့ဆဲဆဲ လက်မတင်လေး နိုင်ငံကြီးနှစ်နိုင်ငံအကြား ညှိနှိုင်း ပေးပြီး စစ်ကြီးကို ရှောင်လွှဲပေးခဲ့တဲ့ မြန်မာနိုင်ငံ သား ဦးသန့်တောင် နိုဘယ်ဆု မရခဲ့ပါဘူး။ အကြမ်းမဖက် ဆန္ဒပြတဲ့နည်းနဲ့ ဗြိတိသျှကို ဆန့်ကျင်သူ အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင် ကြီး မဟတ္တမဂန္ဒီဆိုရင်လည်း နိုဘယ်ဆုနဲ့ မနီးစပ် ခဲ့ပေမယ့် တရုတ်နိုင်ငံကို ဆန့်ကျင်တဲ့ တိဗက် ခေါင်းဆောင် ဒလိုင်းလားမားကျပြန်တော့ ငြိမ်းချမ်း ရေးဆုကြီးနဲ့ ထိုက်တန်သွားပြန်ပါတယ်။
၁၉၉၀ ပြည့်နှစ်က ဆိုဗီယက်မှာ ခေါင်းဆောင် ပြုပြင်ပြောင်းလဲရေးသမား မီခေးလ် ဂေါ်ဘာချော့ကို နိုဘယ်ဆုပေးလိုက်တဲ့အခါ နောက်ဆက်တွဲ ဆိုဗီယက်နိုင်ငံကြီးဟာ ၁၅ နိုင်ငံအဖြစ် အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲသွားခဲ့ရပြီး ကမ္ဘာမှာ အမေရိကန် တစ်ဦးတည်း ခေါင်းဆောင်ဖြစ်လာခဲ့တာလည်း သာဓကတစ်ခုပါပဲ။ ယခုတော့ ဆိုဗီယက်နိုင်ငံ ဟောင်း ခွဲထွက် ယူကရိန်းကစပြီး ကမ္ဘာ့စစ်မီး ထတောက်တော့မလားမသိ။ ထိုနည်းတူ ငြိမ်းချမ်း ရေးဆုတွေပေးပြီးမှ မငြိမ်းချမ်းသေးတဲ့ ယနေ့ကမ္ဘာ့ ဖြစ်စဉ်တွေလည်း အများအပြားရှိပါတယ်။
၁၉၉၄ ခုနှစ်မှာ နိုဘယ်ဆုတွေရခဲ့တဲ့ အစ္စရေး- ပါလက်စတိုင်း ခေါင်းဆောင်တွေကြောင့် ယနေ့ အရှေ့အလယ်ပိုင်း ပဋိပက္ခချုပ်ငြိမ်းသွားပြီလား၊ စစ်ပွဲတွေရပ်သွားပြီလား၊ စဉ်းစားစရာပါ။ အာဖဂန် နစ္စတန်မှာ တာလီဘန်ကိုဆန့်ကျင်ပြီး မာလာလာကို နိုဘယ်ဆုပေးခဲ့ပေမယ့် လက်ရှိ အာဖဂန်မှာ ငြိမ်းချမ်းရေးမရသေးပါ။ တာလီဘန်တွေ အာဏာ ပြန်ရတာပဲ အဖတ်တင်ကျန်ရစ်ခဲ့တာ တွေ့ရပါမယ်။
မှတ်မှတ်ရရ အသိအမှတ်ပြုစရာဆိုလို့ အာဖရိကမှာ အသားအရောင်ခွဲခြားမှု ချုပ်ငြိမ်း အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဘုန်းတော်ကြီးဒက်စ် မွန်တူးတူးတို့၊ တောင်အာဖရိကမှာပဲ သွေးချောင်းစီး စစ်ပွဲကြီးမဖြစ်အောင် ရပ်တန့်နိုင်ခဲ့တဲ့ ၂၇ နှစ် ထောင်နန်းစံ နယ်လ်ဆင်မင်ဒဲလားနဲ့ သမ္မတ အင်္ဂလိပ်လူမျိုး ဖရက်ဒရစ်ဝီလျံဒီကလပ်တို့လို ခေါင်းဆောင်မျိုးတွေကို ချီးမြှင့်တာကတော့ သဘာ၀လည်းကျ၊ ချီးကျူးဂုဏ်ယူစရာလည်း ဖြစ်ပါတယ်။
ဝေဖန်စရာတွေကတော့အများကြီးပါပဲ။ ဒီအထဲ မှာ အမေရိကန်သမ္မတ ဂျင်မီကာတာ၊ အိုဘားမား၊ တရုတ်အတိုက်အခံ လူဇောင်ဘို၊ အဖွဲ့အစည်း အနေနဲ့ဆိုရင် EU စသည်ဖြင့် အငြင်းပွားစရာတွေများစွာရှိပါတယ်။ အိုဘားမားဆိုရင် ဆုကိုလက်ခံ လိုက်ရပေမယ့် ဘာကြောင့် ရတယ်ဆိုတာကိုတော့ သူကိုယ်တိုင်တောင် နားမလည်ကြောင်း ၀န်ခံ ပြောကြားဖူးပါတယ်။ ၂၀၂၁ ခုနှစ်မှာပဲ ဆုပေးခဲ့တာ ကြည့်ပါ။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့လုပ်ရပ်ကို ဆန့်ကျင်တဲ့ သတင်းသမား မာရီယာရီဆာ၊ ရုရှား အတိုက်အခံသတင်းနဲ့ နိုင်ငံရေးသမား ဒီမီထရီမူရာ တော့ဗ် စသည်ဖြင့် ပုဂ္ဂိုလ်မျိုးတွေ၊ ဒီဆုရှင်တွေ ကြောင့် ကမ္ဘာမှာငြိမ်းချမ်းရေးရပြီး စစ်ပွဲတွေလျော့ သွားပြီလား။ အာမမခံနိုင်ပါဘူး။
သူခိုးဓားရိုးကမ်းသလိုဖြစ်စေမယ့် မြှောက်ပင့်သွေးထိုးမှု
အမှန်စဉ်းစားရမှာက နိုဘယ်ဆုကော်မတီ အနေနဲ့ ကိုယ်ပေးလိုက်တဲ့ဆုကြောင့် သူများ တိုင်းပြည်နဲ့ လူမှုအသိုက်အဝန်းပျက်စီးသွား မယ်ဆိုရင် ဒီအပေါ်မှာ တာ၀န်ယူ ၊ တာ၀န်ခံရမှာ ဖြစ်ပါတယ်။ တိုင်းဖျက်ပြည်ဖျက်တွေကို မထိုက် တန်တဲ့ မတန်မရာ မပေးမိဖို့ လိုပါတယ်။ တိုင်းပြည် ဖျက်ရုံတင်မက ကိုယ့်အမျိုးအချင်းချင်းတောင် အမုန်းတရားတွေပွားအောင်၊ မငြိမ်းချမ်းအောင် လုပ်နေသူတွေ၊ သတ်ဖြတ်နေသူတွေကို ပေးမယ် ဆိုတာ ဘယ်လိုမှ စဉ်းစားလို့မရနိုင်ပါဘူး။ ယခု မြန်မာနိုင်ငံ လက်ရှိအနေအထားက ဒီမိုကရေစီ အရေးလည်းမဟုတ်တော့ပါဘူး၊ ပြည်တွင်းပြည်ပ ပူးပေါင်းပြီး ရေရှည်ပြည်ဖျက် ပျက်သုဉ်းရေး အစီအမံပေါ်မှာ လတ်တလော မဲမသမာမှု အကြောင်းတရားက ထပ်ဆင့်လိုက်တဲ့ နောက်ဆက် တွဲ တိုင်းပြည်နဲ့လူမျိုး အလုံးစုံပျက်သုဉ်းရေး၊ ပြည်ပ ရဲ့ မြှောက်ပင့်သွေးထိုးမှုပုံစံအမျိုးမျိုးနဲ့အတူ ပြည်တွင်းအဖျက်သမားတွေရဲ့ အကြမ်းဖက် အစီအစဉ်များပဲ ဖြစ်ပါတယ်။
အကြမ်းဖက်လုပ်ရပ်မျိုးစုံနဲ့ တာ၀န်ရှိနေတဲ့ အဖွဲ့ကို ငြိမ်းချမ်းရေး ခေါင်းစဉ်အောက်မှာ ငြိမ်းချမ်း ရေးဆုပေးခြင်းဟာ သင့်ပါရဲ့လား၊ စဉ်းစားစေချင်ပါ တယ်။ အမှားနဲ့ အမှန် ခွဲခြား မဆုံးဖြတ်နိုင်လောက် အောင် အမည်စာရင်းတင်သွင်းသူတွေမှာ bias (ဘက်လိုက်မှု) တွေရှိနေတာ သိသာလွန်းနေပါ တယ်။ ဒီလိုအကြမ်းဖက် အစီအစဉ်တွေအပေါ်မှာ သူခိုးဓားရိုးကမ်းသလို ဖြစ်စေမယ့် နိုဘယ်ဆု ကော်မတီရဲ့ မြှောက်ပင့်သွေးထိုးမှု ဖြစ်နိုင်ခြေကို လည်း မြင်တတ်ဖို့ လိုပါမယ်။
တကယ်တမ်း ပေးချင်လွန်းလို့ NUG ကို ငြိမ်းချမ်းရေးနိုဘယ်ဆုပေးမယ်ဆိုရင်လည်း ပေးပါ။ NUG ၊ သူ့ရဲ့ လက်အောက်ခံ PDF အကြမ်းဖက်အဖွဲ့နဲ့ အပေါင်းပါ အကြမ်းဖက်အဖွဲ့များရဲ့ ငြိမ်းချမ်းရေးနဲ့ ဆန့်ကျင်ဘက် အဖျက်လုပ်ရပ်တွေ မြန်မာပြည် တွင်းမှာ ဘယ်လောက်လုပ်ထားပြီလဲဆိုတာတော့ သိသင့်တယ်လို့ ယူဆပါတယ်။ NUG နဲ့ ဆက်စပ် အကြမ်းဖက်အဖွဲ့တွေ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်အထိ ဖျက်ဆီးခဲ့တဲ့ စာသင်ကျောင်း၊ ပညာရေး အဆောက် အအုံ ၅၀၄ လုံး ရှိခဲ့ပါတယ်။ သတ်ဖြတ်ခံရတဲ့ ရဟန်း ၊ သံဃာအပါး ၂၀ ကျော်နဲ့ အစိုးရဝန်ထမ်း ၉၅ ဦးရှိပြီး ဒဏ်ရာရ ၁၅၀ ကျော် ရှိပါတယ်။ တစ်နှစ်တာအတွင်း အကြမ်းဖက်မှုပေါင်း ၉၄၃၀ ကျော် ပြုလုပ်ခဲ့ပါတယ်။
သူတို့ အကြမ်းဖက်အဖျက်လုပ်ရပ်တွေ လုပ်ဖို့ စုဆောင်းထားတဲ့ လက်နက်တွေ ဖမ်းဆီးရမိမှုက ကြောက်ခမန်းလိလိ ဖြစ်ပါတယ်။ လက်နက်မျိုးစုံ သိမ်းဆည်းရမိမှု ၅၆၀၀ ကျော်၊ ခဲယမ်းမျိုးစုံ ၁၆၀၀၀၀ ကျော်၊ လက်ပစ်ဗုံး ၁၈၉၀ ၊ လက်လုပ်မိုင်း/ ဗုံး ၁၁၀၀၀ ကျော် ရှိပါတယ်။ ဒါတွေကိုသာ လုံခြုံ ရေးအဖွဲ့တွေက ဖမ်းဆီးရမိခြင်းမရှိရင် အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်တွေ ဘယ်လောက်တောင် ဆုံးရှုံးရမလဲဆိုတာ တွက်ကြည့်နိုင်ပါတယ်။ ဒါကြောင့် NUG ဟာ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့အဖွဲ့လား ၊ အကြမ်းဖက်အဖွဲ့လားဆိုတာ အလွယ် တကူ ခွဲခြားသိမြင်နိုင်ပါတယ်။
Video clip တစ်ခုရဲ့ ပြောပြချက်
The News Atlas သတင်းဌာနရဲ့ Indepen- dent Geopolitical researcher ဖြစ်တဲ့ Brian Berletic (ဘရိုင်ယန်ဘာလက်တစ်) ရဲ့ ၉ မိနစ်ကြာ short video လေးတစ်ခုမှာ လက်ရှိမြန်မာနိုင်ငံရေးအခြေအနေကို ထင်ဟပ်တဲ့ သူ့ရဲ့အပြုသဘော အမြင်ကို ဖော်ပြထားပါတယ်။ “ လက်ရှိအကြမ်းဖက် အဖွဲ့တွေနဲ့ နိုဘယ်ငြိမ်းချမ်းရေးဆု ဆက်စပ်နေမှု ကို ဘယ်လိုမှလျစ်လျူရှုလို့မရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံနဲ့ မြန်မာ့နိုင်ငံရေးအခြေအနေ ဟာ အရှေ့တောင်အာရှနိုင်ငံတွေ၊ ဒေသတွင်း ကျန်အာရှနိုင်ငံတွေသာမက အမေရိကန်နိုင်ငံကြီးရဲ့ အကျိုးစီးပွားကိုပါ ခြိမ်းခြောက်နေတဲ့ သဘော အနောက်နိုင်ငံတွေက ပုံဖော်နေကြလို့ပဲဖြစ်ပါတယ် ဆိုတာ အနောက်နိုင်ငံ သတင်းအရင်းအမြစ်တွေ အရ သိရတယ်” လို့ ၎င်းသုတေသီက ဆိုပါတယ်။ အဓိကအချက်က မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဆုတ်ယုတ်ပျက်စီးသွားပြီး အတိုက်အခံနဲ့ ပြည်သူ တွေကို ဖိနှိပ်နေတဲ့ စစ်အစိုးရအဖြစ် နိုင်ငံတကာ အလယ်မှာ အထင်မှားအမြင်မှားဖြစ်အောင် ပုံဖော် နေကြခြင်းသာဖြစ်ပါတယ်။
“အဓိကအချက်က မြန်မာနိုင်ငံဟာ ဒေသ တွင်းမှာ အလွန်အချက်အချာကျတဲ့ ပထဝီ၀င် အနေအထားကြောင့်ဖြစ်ပါတယ်။ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ အန္တိမရည်မှန်းချက်က တဖြည်း ဖြည်းနဲ့ အမေရိကန်ရဲ့ပြိုင်ဘက်ဖြစ်လာတဲ့ တရုတ် နိုင်ငံကြီးကို ဝိုင်းပတ်ပိတ်ဆို့ ထိန်းချုပ်နိုင်ရေးပဲ ဖြစ်ပါတယ်။ ထိုရည်မှန်းချက်အောင်မြင်ဖို့ရန် တရုတ်ရဲ့အဓိက ၀င်ပေါက် တံခါး၀ဖြစ်တဲ့ မြန်မာ နိုင်ငံမှာ အမြဲမတည်မငြိမ်ဖြစ်အောင်၊ အမေရိကန် လိုလားတဲ့ အစိုးရတစ်ရပ် အုပ်ချုပ်ခွင့်ရအောင်၊ လိုချင်တာတွေမရရင် နိုင်ငံအလုံးစုံပျက်သုဉ်း ပျက်စီးအောင်အထိ ပြုလုပ်သွားဖို့အစီအစဉ်ရှိပြီး လက်ရှိလည်း လုပ်ဆောင်နေတဲ့အဖျက်သဘော တွေဟာ ထင်သာမြင်သာရှိလာနေပြီ” လို့လည်း ဆိုထားပါတယ်။
မြန်မာနိုင်ငံ ပျက်စီးရေးအစီအမံဟာ ဒေသတွင်း ပြိုကွဲပျက်စီးဖို့အထိ ရည်မှန်းထားတဲ့ အမေရိကန်နဲ့ OIC ၊ ဂျော့ဆိုးရော့စ်တို့ရဲ့ စီမံကိန်းများစွာရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ ဒီအချက်ကို ထိုင်းနိုင်ငံ ဘန်ကောက်ရှိ အမေရိကန်သံရုံး၊ ဟင်းနရစ်ဘောက် ဖောင်ဒေးရှင်းတို့ရဲ့လှုပ်ရှားမှု တွေက သက်သေခံနေပါတယ်။ သူတို့ဟာ ဂျာမနီရှိ Green party နဲ့ လည်း ချိတ်ဆက်မှုရှိပြီး နိုင်ငံ အချို့မှာ အစိုးရဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေထံ ရန်ပုံငွေထောက်ပံ့မှုများပေးပြီး မတည်မငြိမ်ဖြစ် အောင်လုပ်နေတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ဘုရင်စနစ်နဲ့ အစိုးရကိုဆန့်ကျင်တဲ့အုပ်စုတွေရဲ့ ဆူပူဆန္ဒပြမှုတွေအတွက် ရန်ပုံငွေထောက်ပံ့မှုပြု ပြီး စွက်ဖက်ခဲ့တာဟာ ဒီအဖွဲ့အစည်းတွေရဲ့ လက်ချက်ပဲဖြစ်ပြီး မြန်မာနိုင်ငံအပါအ၀င် ဒေသ တစ်ခုလုံး မတည်မငြိမ်ဖြစ်ခြင်းနဲ့ ဒီလိုဆက်စပ်မှု အကြား ခိုင်မာတဲ့သက်သေတွေအဖြစ် မြင်လို့ရ ပါတယ်။
အရှေ့တောင်အာရှမှာ အကောင်းဆုံး နမူနာ အဖြစ် မြန်မာနိုင်ငံရဲ့ဖြစ်အင်ကို အလွယ်တကူ မြင်နိုင်ပါတယ်။ မြန်မာနိုင်ငံ ဘယ်လောက်တောင် အဖျက်ဆီးခံနေရပါသလဲ။ ဒါပေမယ့် အမေရိကန် အနေနဲ့ မြန်မာနိုင်ငံကိုလည်း လစ်ဗျားမှာလုပ်ခဲ့ သလိုပဲ Failed state ပုံစံမျိုး မြန်မာနိုင်ငံကြီး အလုံးစုံပျက်သုဉ်းဖို့ နည်းလမ်းကို ရှာဖွေနေဆဲ ဖြစ်မယ်လို့ယုံကြည်ရပါတယ်။ မြန်မာကို လစ်ဗျားလိုဖြစ်သွားစေလိုတဲ့သဘောပါပဲ။ ဖျက်ဆီးရေး နည်းလမ်းပေါင်းများစွာထဲက တစ်ခုကတော့ နိုဘယ်ငြိမ်းချမ်းရေးဆုကို အသုံးချဖို့ တွေ့လာနေ ရပါပြီ။ သုတေသီ ဘရိုင်ယန်ရဲ့ ပြောစကားတွေမှာ NUG ရဲ့လက်အောက်ခံ PDF ကို အကြမ်းဖက်အဖွဲ့လို့ သုံးနှုန်းသွားတာ သတိထားမိပြီး ၎င်းအဖွဲ့ရဲ့ လှုပ်ရှားမှုအားလုံးကိုလည်း အကြမ်းဖက်မှုများသာ ဖြစ်တယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။
တကယ်တော့ ယခုလို အကြမ်းဖက်အဖွဲ့တစ်ခုကို နိုဘယ်ငြိမ်းချမ်းရေးဆုပေးဖို့ အဆိုတင်သွင်းတာ ဟာ မြန်မာနိုင်ငံကို ထပ်မံကျွန်ပြုလိုတဲ့ ရည်ရွယ် ချက်ပါပဲ။ မြန်မာအစိုးရပြုတ်ကျပြီး တစ်နိုင်ငံတည်း မှာ နိုင်ငံသားအချင်းချင်း တစ်ဦးနဲ့တစ်ဦး အမုန်း အာဃာတတွေ ပွားလာအောင်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ သတ်ကြဖြတ်ကြ ၊ တိုက်ခိုက်ကြနဲ့ အလုံးစုံပျက်စီး ဖို့ အမေရိကန်ရဲ့ တိုက်ရိုက်ညွှန်ကြားချက်နဲ့ ကျောထောက်နောက်ခံပြု အတုအယောင်ဆုတစ်ခု သာလျှင် ဖြစ်ပါလိမ့်မယ်။ ဒီဗီဒီယိုလေးကမြန်မာ ပြည်သူတွေအနေနဲ့စည်းလုံးကြဖို့၊ နွေးနွေး ထွေးထွေးနဲ့ ငြိမ်းချမ်းကြဖို့၊ အမေရိကန်နဲ့ အနောက် အုပ်စုနိုင်ငံတွေ၊ အဖွဲ့အစည်းတွေ ၊ ပြည်ပမီဒီယာနဲ့ အနောက်အုပ်စုအထောက်အပံ့ခံ မဇ္ဈိမကဲ့သို့ ပြည်တွင်းမီဒီယာတွေရဲ့ သပ်လျှိုသွေးခွဲမှုတွေကို သတိပေးစကား ပြောကြားသွားခဲ့တာကိုလည်း သတိထားမိပါတယ်။
အချုပ်အားဖြင့်တော့ မြန်မာနိုင်ငံသည်ပင် နိုဘယ်ငြိမ်းချမ်းရေးဆုနဲ့ မကင်းတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးဆုကြီးပိုင်ဆိုင်ထားတဲ့သူတစ်ဦးရှိနေတဲ့ ကျွန်တော်တို့ နိုင်ငံမှာ ယခုအချိန် အထိ သွေးချောင်းစီးလူသတ်ပွဲတွေနဲ့ မငြိမ်းချမ်း သေးဘဲ အပြစ်မဲ့ပြည်သူတွေသေကျေနေရတာတွေ၊ ဒုက္ခတွေ အတောမသတ်နိုင်သေးတာ အလွန် ၀မ်းနည်းစရာကောင်းပါတယ်။ ဒီဆုကြီးကြောင့် မြန်မာနိုင်ငံငြိမ်းချမ်းနေပြီလား၊ အေးချမ်းသာယာ သွားပြီလား၊ လက်ရှိအခြေအနေအရရောကျွန်တော်တို့ပြည်သူတွေဟာ ဒီနိုဘယ်ဆုကြီးနဲ့ ထိုက်တန်ပါရဲ့လား အကဲဖြတ်ဆန်းစစ်စေလိုပါ တယ်။
ယခုတော့ ငြိမ်းချမ်းရေးဆုကြီးနဲ့ ဘာမှမဆိုင် သလို မြန်မာပြည်သူ တိုင်းရင်းသားတွေဟာ ငြိမ်းချမ်းမှုနဲ့ အလှမ်းဝေးနေဆဲဖြစ်တယ်လို့ ခံစား မိပါတယ်။ နိုဘယ်ဆုကော်မတီအနေနဲ့လည်း ကမ္ဘာ့ဂုဏ်သိက္ခာရှိ ဂုဏ်ဆောင်ကော်မတီတစ်ရပ် ဖြစ်ဖို့ ကိုယ့်အဖွဲ့တန်ဖိုး ကိုယ်သိပြီး မြန်မာနိုင်ငံနဲ့ ပြည်သူတွေရဲ့ဘ၀တွေကို ထပ်ပြီးမဖျက်ဆီးမိစေဖို့ တိုက်တွန်းလိုပါတယ်။
ဘယ်သူ့ဩဇာမှမခံတဲ့၊ တရားမျှတတဲ့ မစ္စတာ နိုဘယ်ရဲ့ မူလရည်မှန်းချက်တွေကို ဖြည့်ဆည်းပေး မယ့် အဖွဲ့တစ်ခုအဖြစ် ရပ်တည်နေရပါမယ်။ ကိုယ့်အဖွဲ့ကိုယ် လေးစားတန်ဖိုးထားမှလည်း အများရဲ့ယုံကြည်လေးစားခြင်းကို ရရှိနိုင်မှာဖြစ် ပါတယ်။ လက်ရှိမှာ တော့ နိုဘယ်ငြိမ်းချမ်းရေးဆိုတာ စကားလုံးအရာအားဖြင့်တော့ လှပါရဲ့၊ ဒါပေမယ့် ဘာဝိသေသလက္ခဏာမှမရှိတဲ့ အရာတစ်ခုလို ခံစားမိပါကြောင်း ..... ။ ။
- Log in to post comments