
အဒစ္စအဘာဘာ ဖေဖော်ဝါရီ ၄
အီသီယိုပီးယား ဝန်ကြီးချုပ် အဘီအာမက်သည် ပြီးခဲ့သည့် နှစ်က နှစ်နှစ်တာ ပဋိပက္ခကို အဆုံးသတ်နိုင်ခဲ့ပြီးနောက် ပထမ ဆုံးအကြိမ်အဖြစ် တီဂရေး ပြည်သူ့လွတ်မြောက်ရေးတပ်ဦးမှ ခေါင်းဆောင်များနှင့် ဖေဖော်ဝါရီ ၃ ရက်တွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာ တွင် ဖော်ပြထားသည်။
နိုဝင်ဘာလအတွင်း အစိုးရ နှင့် သူပုန်အုပ်စုတို့ ပဋိပက္ခ အဆုံးသတ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ မှုများ ပေးပို့နိုင်ရေးတို့အတွက် သဘောတူစာချုပ် ချုပ်ဆိုပြီး နောက်သုံးလအကြာတွင် အစည်း အဝေးပြုလုပ်ခဲ့သည်။
တီဂရေး ပြည်သူ့လွတ်မြောက် ရေးတပ်ဦးမှ ခေါင်းဆောင်များ ပါဝင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီမှ အကြီး အကဲများနှင့် အီသီယိုပီးယား ဝန်ကြီးချုပ်တို့သည် နိုင်ငံ အနောက်တောင်ပိုင်း ဒါဝူရိုဇုန် တွင် တွေ့ဆုံခဲ့ကြသည်ဟု နိုင်ငံ ပိုင် အီသီယိုပီးယန်း သတင်း အေဂျင်စီတွင် ဖော်ပြထားသည်။
ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များ အတွက် နှစ်ဖက်စလုံးမှ ဆွေးနွေး ခဲ့ကြသည်။ ၂၀၂၀ ပြည့်နှစ် နိုဝင် ဘာလမှစတင်ကာ အာဖရိကရှိ ဒုတိယလူဦးရေ အများဆုံးနိုင်ငံ ဖြစ်သည့် အီသီယိုပီးယားနိုင်ငံ တွင် အစိုးရကို သစ္စာခံသော တပ်များနှင့် တီဂရေးပြည်သူ့ လွတ်မြောက်ရေးတပ်ဦးကို သစ္စာ ခံသောတပ်တို့ကြား ကြောက်မက် ဖွယ်တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ပြီး လူဦးရေထောင်နှင့်ချီ၍ သေဆုံးခဲ့ ရသည်။
ယင်းသို့ တိုက်ပွဲများကြောင့် သန်းနှင့်ချီသည့် ပြည်သူများမှာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများအရေးပေါ် လိုအပ်လျက်ရှိသည်။
ဆင်ဟွာ