
ရန်ကုန် နိုဝင်ဘာ ၄
၂၀၂၃ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၉) နောက်ဆုံးနေ့ကို နိုဝင်ဘာ ၄ ရက်က သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပရာ ဒဂုံစတား အသင်းက အား/ကာသိပ္ပံအသင်း ကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့ သည်။
အား/ကာသိပ္ပံအသင်း နိုင်ပွဲရ ရန် ကြိုးပမ်းသော်လည်း အဆုံး သတ် အားနည်းခြင်းကြောင့် ဒုတိယပိုင်းတွင် ပေးလိုက်ရသည့် ဂိုးဖြင့် အရေးနိမ့်ခဲ့ရသည်။ ဒဂုံ စတားအသင်းသည် နောက်ခံလူ ငြိမ်းချမ်း၏ ခေါင်းတိုက်ဂိုးဖြင့် နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဒဂုံစတား အသင်းသည် သိန်းသန်းဝင်း၊ ငြိမ်းချမ်း၊ ဇေယျာနိုင်၊ ဝေလင်းအောင်၊ မင်းမြတ်စိုးတို့ဖြင့် ပွဲထွက်ခဲ့ပြီး
အား/ကာ သိပ္ပံအသင်းမှာလည်း လန်းဆန်းအောင်၊ ကြည်စိုး၊ နိုင်နိုင်ကျော်၊ ခိုင်ရဲဝင်း၊ မျိုးဆွေ အောင်တို့ဖြင့် လူစုံခဲ့သည်။ အား/ကာသိပ္ပံအသင်းသည် ယခုပွဲတွင် ဂိုးရနိုင်သည့် အခွင့်အရေး သုံး ကြိမ်ထက်မနည်း ရခဲ့သော်လည်း အသုံးမချနိုင်သဖြင့် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ ဒဂုံစတား အသင်းအတွက် အနိုင်ဂိုးကို ၅၂ မိနစ်တွင် ငြိမ်းချမ်းက ခေါင်းတိုက် သွင်းယူခဲ့ခြင်းဖြစ်သည်။ ယခုပွဲ အတွက် အကောင်းဆုံးကစား သမားဆုကို အနိုင်ဂိုးသွင်းယူခဲ့ သည့် ငြိမ်းချမ်းက ရရှိခဲ့သည်။
ပွဲစဉ် (၁၉) အပြီးတွင် ရှမ်း ယူနိုက်တက်အသင်းက ရမှတ် ၅၀ ဖြင့် ဆက်လက်ဦးဆောင်နေပြီး ရန်ကုန်အသင်းက ၄၄ မှတ်၊ ဟံသာဝတီအသင်းက ၃၄ မှတ်၊ အား/ကာသိပ္ပံအသင်းက ၂၅ မှတ်၊ မဟာယူနိုက်တက်အသင်းက ၂၄ မှတ်၊ ဒဂုံစတားနှင့် မြဝတီအသင်း က ၂၂ မှတ်စီ၊ ရခိုင်ယူနိုက်တက် အသင်းက ရမှတ် ၂၀၊ ရတနာပုံ အသင်းနှင့် ဧရာဝတီအသင်းက ၁၉ မှတ်စီ၊ GFA အသင်းက ၁၂ မှတ်၊ ကချင်ယူနိုက်တက်အသင်း က ၁၀ မှတ် ရရှိထားသည်။ MNL ပြိုင်ပွဲကို နိုဝင်ဘာ နိုင်ငံတကာ ရက်သတ္တပတ်ကြောင့် ခေတ္တ ရပ်နားမည်ဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ် သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MNL