ငွေတိုး စီမံကိန်းများကြောင့် ပြည်သူများ ဝင်ငွေတိုးတော့မည်

Type
1

 

မောင်ကျော်မိုး (SSID)
 

မောင်တိုး။    ။    အဘိုးရေ…အဘိုး၊ အဘိုးရေ…အဘိုး။
ဦးငွေ    ။    ။    ဟ ဘာလဲကွာ၊ ရေးကြီးသုတ်ပျာနဲ့ ဘာလို့ အဆက် မပြတ် အော်ခေါ်နေရသလဲကွ။
မောင်တိုး    ။    ။    အဘိုးရေ ကျွန်တော်အခုပဲ မြို့ကပြန်လာတာ။ အဘိုး အတွက် စားစရာတွေလာပို့ရင်း သတင်းထူးတစ်ခု
ကြားလို့   အဘိုးကို   လာပြောတာပါဗျ။ အဘိုးက ရှေးရှေးကတည်းက
စာတတ်ပုဂ္ဂိုလ်လည်းဖြစ်၊  ရွာကလည်း  လေးစားရတဲ့သူတစ်ယောက်မို့
ပါဗျ။

 

ဦးငွေ    ။    ။    အေးပါကွ၊ ကိုယ့်အဘိုးကို အဲဒီလောက်အမွှမ်းတင်နေ စရာ မလိုပါဘူးကွာ၊ ပြောစရာ ရှိတာသာပြောပါ။
မောင်တိုး    ။    ။    ကျွန်တော် မြို့သွားတုန်းက မြို့ကလက်ဖက်ရည်ဆိုင် မှာ  လူတွေပြောနေကြတာ       နားထောင်ကြည့်ရင်း
ကြားခဲ့ရတာဗျ။   အခုတလော   နိုင်ငံတော်ဝန်ကြီးချုပ်က   MSME
လုပ်ငန်းတွေ ဖွံ့ဖြိုးရေးဆောင်ရွက်ဖို့  နိုင်ငံအနှံ့သွားရင်း လမ်းညွှန်မှု
တွေ ပြုလုပ်နေတာ အဘိုးလည်း   သိတယ်မဟုတ်လား။

 

ဦးငွေ    ။    ။        အေးလေ တီဗွီတွေထဲမှာ  နေ့တိုင်းနီးပါး  တွေ့နေရ တော့ ငါလည်း သိပြီးပါပြီ။
မောင်တိုး     ။    ။        အခုဟာက ပိုထူးတယ်အဘိုးရေ… ကျွန်တော်တို့ ရွာတွေမှာ ကိုယ့်အားကိုယ်ကိုးနဲ့    အိမ်တွင်းစက်မှု
လက်မှုလုပ်ငန်းလေးတွေ ရွာတိုင်းရှိနေတာ အဘိုးလည်း သိနေတာပဲ။
အခုက အဲဒီလိုကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်အားကိုယ်ကိုး လုပ်နေကြ
တဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်အောင်
သမဝါယမနှင့်   ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန    အောက်မှာရှိတဲ့
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကျေးရွာတစ်ရွာ ငွေကျပ်
သိန်း ၁၀၀ ထောက်ပံ့ကူညီပေးမယ့်အစီအစဉ်ရှိတယ်လို့ ကြားလို့ဗျ။
ကျွန်တော်တို့ရွာက အသေးစားစက်မှုလက်မှုလုပ်ငန်း လုပ်နေသူတွေ
ကို ရစေချင်လို့ပါ အဘိုးရ။

 

ဦးငွေ    ။    ။    အေးပါကွာ… ဒါဆိုမင်းက ပြည့်ပြည့်စုံစုံမေးခဲ့လို့လားကွ၊ မင်းကလည်း နိုင်ငံတော်က ကျေးရွာတိုင်း
တစ်ရွာကို ငွေကျပ်သိန်း ၁၀၀  ဘယ်လိုလုပ် အလကားပေးနိုင်မှာလဲကွ။
မောင်တိုး    ။    ။        ကျွန်တော်ကလည်း အဘိုးမြေးပါဗျ။ လက်ဖက်ရည် ဆိုင်က သတင်းကြားကြားချင်း   မြို့က    အသေးစား
စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးမှာ    သေသေချာချာ  မေးခဲ့တာပါ
အဘိုးရ။
ဦးငွေ    ။    ။        အေး…ဒါဆို အသေးစိတ်ပြောပြစမ်းပါဦး။
မောင်တိုး    ။    ။        အဓိကကတော့ ကျေးရွာမှာ အသေးစားကုန်ထုတ် လုပ်ငန်း တကယ်လုပ်ကိုင်လိုတဲ့သူတွေကို ထောက်ပံ့
ပေးမှာတဲ့။ ရွာအလိုက် အသေးစားကုန်ထုတ်လုပ်ငန်း လုပ်ကိုင်လိုသူ
တွေက အရင်ဆုံး  အစုအဖွဲ့တွေဖွဲ့ရမယ်။  ပြီးရင်     သူတို့လုပ်ချင်တဲ့
ကုန်ထုတ်လုပ်ငန်း အမျိုးအစားကို အသေးစား စက်မှုလက်မှုလုပ်ငန်း
ဦးစီးဌာနမှ  ကျွမ်းကျင်ပညာရှင်တွေက နည်းပညာပေး သင်တန်းပို့ချ
ပေးမယ်တဲ့။ ပို့ချပေးလို့     တတ်မြောက်ကျွမ်းကျင်သွားရင်    သူတို့
လုပ်မယ့် လုပ်ငန်းအတွက် လိုအပ်မယ့်     လုပ်ငန်းသုံးပစ္စည်းတွေကို
လူတစ်ဦးကို  ငွေကျပ် ၁၀  သိန်းနှုန်းနဲ့ ညီမျှတဲ့ပစ္စည်းတွေ   ထောက်ပံ့
ပေးမယ်။  သင်တန်းတက်တဲ့ သူတွေထဲက  ငါးဦးကိုပဲ  ထောက်ပံ့ပေးမှာ
တဲ့ဗျအဘိုးရ။

 

ဦးငွေ    ။    ။        ဟေ…ဒါဆို   မင်းပြောတော့ တစ်ရွာကို   ငွေကျပ် သိန်း ၁၀၀ ဆိုကွ၊ အခုက ငွေသိန်း  ၅၀ တည်းပေးသလို
ဖြစ်နေတယ်။

 

မောင်တိုး    ။    ။        ဟာ... အဘိုးကလည်း ဒါကို ကျွန်တော် သေချာရှင်းပြ ပါ့မယ်။ ကျန်တဲ့ငွေကျပ်သိန်း  ၅၀  က   သင်တန်းပေးရ
ဦးမှာလေ။ သင်တန်းကုန်ကျစရိတ်ကို ငွေကျပ်သိန်း  ၅၀  လျာထား
ပါတယ်တဲ့။ သင်တန်းမှာ ကုန်ကြမ်းဝယ်တာတွေ အပါအဝင် အဲဒီသိန်း 
၅၀  လုံးကို   ရွာက ဖွဲ့စည်းထားတဲ့   အဖွဲ့ကပဲ ငွေစာရင်း     စနစ်တကျ
ရေးဆွဲပြီး   ထိန်းသိမ်းသုံးစွဲရမှာတဲ့   အဘိုးရ။ ဒါ့အပြင် သင်တန်းက
တစ်ကြိမ်တည်းမဟုတ်ဘဲ  ကုန်ထုတ်လုပ်တဲ့     နည်းပညာတွေအပြင်  
ဈေးကွက်နဲ့   ဆိုင်တာတွေ၊    အရည်အသွေး      ထိန်းသိမ်းနည်းတွေ၊
စားသုံးတဲ့သူတွေဘေးဥပဒ်အန္တရာယ် ကင်းရှင်းအောင် ဆောင်ရွက်မယ့် 
နည်းလမ်းတွေကို ဆိုင်ရာဘာသာရပ်အလိုက်     ကျွမ်းကျင်ပညာရှင်
ဆရာ ဆရာမတွေက လာသင်ပေးဦးမှာတဲ့ အဘိုးရ…။

 

ဦးငွေ    ။    ။    ဟေ...ဒါဆို အသေးစားကုန်ထုတ်လုပ်သူတွေအတွက် ဘာလိုဦးတော့မလဲကွ၊ အတော်ဟန်ကျတာပဲ။

 

မောင်တိုး    ။    ။        ဟုတ်တယ် အဘိုးရေ… နည်းပညာလည်း စနစ်တကျ သင်ခွင့်ရမယ်။ သင်တန်းပြီးရင်    ရင်းနှီးပစ္စည်းတွေ
လည်း   ရမယ်ဆိုတော့ လုပ်ငန်းလုပ်လိုတဲ့သူတွေအတွက်   “ရေကန်
အသင့် ကြာအသင့်”ပဲပေါ့ အဘိုးရေ။  ဒါတင်မဟုတ်ဘဲနဲ့  ထုတ်လုပ်
လိုက်တဲ့ ကုန်ပစ္စည်းတွေ   ရောင်းချဖို့အတွက်လည်း ဓာတ်ခွဲစမ်းသပ်
ပေးတာတွေ၊ မြို့က Super Market ကြီးတွေမှာ   တင်ပြီး  ရောင်းချဖို့
အတွက် လုပ်ငန်းမှတ်ပုံတင်လုပ်ပေးတာတွေလည်း  ဌာနက  ကူညီ
ဆောင်ရွက်ပေးဦးမှာတဲ့ဗျ။     ဒါ့ပြင်       အခါအားလျော်စွာလုပ်တဲ့
အသေးစားထုတ်ကုန်ပစ္စည်း  ဈေးရောင်းပွဲတော်တွေမှာလည်း    အခမဲ့
ကြော်ငြာပြီး ရောင်းချခွင့်ပေးဦးမှာတဲ့ အဘိုးရေ။

 

ဦးငွေ    ။    ။        အေး... ဒါဆိုရင် MSME လုပ်ငန်းလုပ်လိုတဲ့ တို့ရွာက သူတွေကို ကြိုပြီး အသိပေးဦးမှပေါ့ မောင်တိုးရေ။

 

မောင်တိုး    ။    ။    အဲဒါကြောင့် အဘိုးကို  ပြေးပြီးလာပြောရတာပေါ့ အဘိုးရာ။

 

ဦးငွေ    ။    ။    အေးပါကွာ ငါ့မြေးရာ… မင်းလိုလူငယ်တွေ တို့ရွာမှာ အများကြီးလိုအပ်တယ်ကွ။ ဒါနဲ့ငါတို့နိုင်ငံမှာကျေးရွာ
ပေါင်း ၆၄၀၀၀ ကျော် ရှိတယ်ဆိုတော့ ရွာတိုင်းရမှာလားကွ မောင်တိုး
ရ။

 

မောင်တိုး    ။    ။        အဲဒါပြောမလို့ အဘိုးရေ…  ရွာတိုင်းမရဘူးတဲ့။ တကယ်လုပ်ငန်း  ထူထောင်လိုတဲ့      ရွာတွေထဲက
ရွာပေါင်း ၁၅၅   ရွာတည်း ရမှာတဲ့၊     ရှေ့ပြေးစမ်းသပ်စီမံကိန်းဆိုလား
တဲ့ဗျာ။

 

ဦးငွေ    ။    ။    ‌‌‌သြော်...အဲဒီလိုလားကွ၊ ဒါဆိုတို့ရွာမှာ အဲဒီ “ငွေတိုး” (Ngwe Toe) စီမံကိန်း လုပ်လို့ရအောင် ရွာကသူတွေ
ကို ညကျစုပြီး ရှင်းပြလိုက်မယ်ကွာ။ သူတို့ တကယ်လုပ်ချင်တယ်ဆိုရင်
တော့ ငါလည်းရွာထဲက လူကြီးတချို့ခေါ်ပြီး မင်းနဲ့အတူ မြို့ကိုတက်ရ
တော့မှာပဲ။  အသေးစားဌာနက လူကြီးတွေကို အမြန်သွားတွေ့ပြီး
မြန်မြန်ကြိုတင်စီစဉ်မှပဲ မောင်တိုးရေ။ တော်ကြာ   ငါတို့ရွာ ဖွံ့ဖြိုးဖို့
အဓိကလိုအပ်တဲ့ အသေးစားကုန်ထုတ်လုပ်ငန်းတွေအတွက် အကူ
အညီပေးတာ “ပေးကားပေး၏မရ” ဖြစ်နေလိမ့်မယ်။

 

မောင်တိုး    ။    ။        ဟုတ်ပါ့ အဘိုးရေ… အမြန်ဆုံး စီစဉ်ကြရအောင်ဗျ။
            မဝေးတော့တဲ့  အနာဂတ်မှာ    အသေးစား ကုန်ထုတ်
လုပ်ငန်းတွေ ဖွံ့ဖြိုးမှုကနေ   နိုင်ငံတော်ရဲ့     စီးပွားရေးဖွံ့ဖြိုးမှုဆီသို့
ဦးတည်နေပါပြီလော။    ။