
နေပြည်တော် မေ ၁၁
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေး အစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ “ငွေတိမ်ယံအငြိမ့်” ဖျော်ဖြေပွဲကို မေ ၁၄ ရက် (စနေနေ့) ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့် ပြသမည်ဖြစ်သည်။
ယင်းဖျော်ဖြေမှုကို လုံမေပျိုက စီစဉ်ပြီး မြန်မာ့အသံဆိုင်းဝိုင်းကြီးအဖွဲ့၏ တီးခတ်မှုနှင့်အတူ ခေါင်းဆောင်မင်းသမီး ဇင်ယော်မေ၊ ရှေ့ထွက် မင်းသမီး မေဇူလိုင်ဦး၊ လူရွှင်တော်များဖြစ်ကြသည့် ပေါ်ဦး၊ မိုးပွင့်၊ ပေါ်လာနှင့် ရွှေကျီးတို့က ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။
ထိုသို့တင်ဆက်မှုကို မေ ၁၅ ရက် (တနင်္ဂနွေနေ့) မွန်းလွဲပိုင်း National News အင်္ဂလိပ်ဘာသာ သတင်းအစီအစဉ်အပြီးတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်