
နေပြည်တော် စက်တင်ဘာ ၁၅
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၀ ရက် နံနက် ၁၁ နာရီတွင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင်သွား ကားလမ်းပေါ်ရှိ မရမ်းချောင် ပူးပေါင်းစစ်ဆေး ရေးစခန်း၌ စစ်တောင်းတံတား ဘက်မှ ကျိုက်ထိုဘက်သို့ မြင့်ကို မောင်းနှင်၍ ဒေါ်မီမီအေး (ခ)မီမီအေးကျော် လိုက်ပါလာသည့် Alphard ယာဉ်က ဦးဆောင်ပြီး စိုးသူရ မောင်းနှင်၍ မင်းထင်နှင့် စောမြင့်တို့ လိုက်ပါလာသည့် ခြောက်ဘီးယာဉ်တို့ကို စစ်ဆေး ရှာဖွေရာ ခြောက်ဘီးယာဉ်၏ နောက်ခန်းတွင် စားသောက် သီးနှံများဖြင့် ဖုံးအုပ်သယ်ဆောင် လာသည့် ဆာလာအိတ် ၅၂ အိတ်အတွင်းမှ ငွေကျပ် ၄၁ ဒသမ ၁၇၅ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ကီလို ၁၀၀၀၊ ကက်တမင်း ၄၇ ကီလိုနှင့် Alphard ယာဉ်အတွင်း မှ ငွေကျပ် ၅၁၇ ဒသမ ၂၈ သိန်းတို့ အား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရ မူးယစ် ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သူ ကျော်ဇောဝင်း (ခ) သားသားကို စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် မြန်မာ ပလာဇာ၌ ထပ်မံဖမ်းဆီးရမိ ခဲ့သည်။
စစ်ဆေးဖော်ထုတ်လျက်ရှိ
စစ်ဆေးဖော်ထုတ်ချက်များ အရ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ် ကျေးသီးမြို့နယ်မှ တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့သို့ သယ်ဆောင်ပြီး ပင်လယ် ရေကြောင်းမှတစ်ဆင့် မလေးရှား ရေပိုင်နက်သို့ ပို့ဆောင်မည် ဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့ ခြောက်ဦးကို ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများ ဆက်လက် စစ်ဆေး ဖော်ထုတ်လျက်ရှိ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
သတင်းစဉ်
n