
ပူတာအို စက်တင်ဘာ ၂၃
ကချင်ပြည်နယ် ပူတာအိုမြို့နယ် ရေနီတိုကျေးရွာအ၀င် ရေနီတိုချောင်းတွင် ဒေသခံ ပြည်သူများသွားလာရေး အဆင်ပြေချောမွေ့စေရန်နှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်လာစေရန် ဆောက်လုပ်ရေး၀န်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏၂၀၂၀-၂၀၂၁ ပြည်နယ်ဘဏ္ဍာ ခွင့်ပြုရန်ပုံငွေဖြင့် သံကူကွန်ကရစ်တံတားအကောင်အထည်ဖော်တည်ဆောက်လျက်ရှိရာ ယခုအခါ လုပ်ငန်းရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ယင်းရေနီတိုချောင်းကူးတံတားကို ကျေးလက် လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ပြည်နယ် ဘဏ္ဍာ ခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း ၁၄၇ ဒသမ ၇၄၂ သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သည့်ကုမ္ပဏီက တံတားအရှည်ပေ ၄၀ ၊ အကျယ်ပေ ၂၀ နှင့် ချဉ်းကပ် လမ်းအပါ သံကူကွန်ကရစ်တံတားအမျိုးအစားကို ဇန်နဝါရီ ၁၅ ရက်မှစတင်၍ ဆောက်လုပ်ခဲ့ရာ စက်တင်ဘာ ၁၆ ရက်တွင် လုပ်ငန်းရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ယခင်က ရေနီတိုချောင်းကူးတံတားသည် ပျဉ်တံတားဖြစ်ခြင်းကြောင့် သုံးဘီးဆိုင်ကယ်နှင့် လူများသာ ဖြတ်သန်းသွားလာနိုင်ခဲ့ပြီး ကုန်တင် ယာဉ်ကြီးယာဉ်ငယ်များသည် ချောင်းကိုဖြတ်၍ တံတားရှောင်ကွင်းလမ်းဖြင့် သွားလာရပြီး မိုးတွင်း ကာလတွင် ကုန်တင်ယာဉ်ကြီးယာဉ်ငယ်များ သွား လာရာတွင် များစွာအခက်အခဲများ ဖြစ်ပေါ်ခဲ့ရာ ယခု အခါ သံကူကွန်ကရစ်တံတား ဆောက်လုပ်ပြီးစီး ခြင်းကြောင့် ကုန်တင်ယာဉ်ကြီးယာဉ်ငယ်များနှင့် သုံးဘီးဆိုင်ကယ်များ သွားလာရေးတွင် ယခင်က ထက် အဆင်ပြေချောမွေ့နေပြီဖြစ်ကြောင်း သိရ သည်။
အဆိုပါတံတား ဆောက်လုပ်ပြီးစီးခြင်းကြောင့် ပမ္မတီးကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက် သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတို့ အတွက် များစွာအထောက်အကူပြုမည့်အပြင် ပူတာ အိုလွင်ပြင် ပတ်လမ်းပေါ်ရှိ အရေးပါသောတံတားတစ်စင်းဖြစ်ခြင်းကြောင့် ခရီးသွားပြည်သူများ ခရီး သွားလာရာတွင် အဆင်ပြေချောမွေ့လာမည်ဖြစ်ပြီး ဒေသ၏ထွက်ကုန်များ မြို့ပေါ်သို့ တင်ပို့ရာတွင်လည်း အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်နိုင်တော့မည်ဖြစ် ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ဖုန်ကန်(ပူတာအို)