ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအား ပြင်ဆင်ရန်နှင့် သက်သေခံပစ္စည်း စီမံထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးဥပဒေအား အသစ်ပြဋ္ဌာန်းရမည်

 

နေပြည်တော်  ဩဂုတ်  ၂၁
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးသို့     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်          ပြည်ထဲ ရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ    ဒုတိယဗိုလ်ချုပ်ကြီး    ရာပြည့်၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့်   မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့်   အဂတိ လိုက်စားမှု    တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊    ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ်(၅)ရပ်မှ  ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ငါးဦး၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို      ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့မှ    ဒုတိယ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် ကိုးဦး၊ အထူးဖိတ်ကြား ထားသူ နှစ်ဦး စုစုပေါင်း ၃၂ ဦး တက်ရောက် ခဲ့ကြသည်။    
ညှိနှိုင်းပူးပေါင်းဆောင်ရွက်
အစည်းအဝေးတွင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ      ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က  မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့်          အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု    တိုက်ဖျက်ရေး ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၁၉-၂၀၂၃) သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ လတွင် မဟာဗျူဟာ အကောင်အထည် ဖော်မှုကာလ ပြီးမြောက်ခဲ့ပြီးဖြစ်၍ ဒုတိယ ဝန်ကြီး ဦးဆောင်သည့် အမျိုးသားအဆင့် မဟာဗျူဟာ          ပြန်လည်သုံးသပ်ရေး ကော်မတီအား    ဖွဲ့စည်းတာဝန်ပေးခဲ့ပြီး မဟာဗျူဟာအပေါ် ပြန်လည်သုံးသပ်ခြင်း၊ အမျိုးသားအဆင့်မဟာဗျူဟာ   (၂၀၂၄- ၂၀၂၈) မူကြမ်းရေးဆွဲခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊     အဆိုပါ မူကြမ်းအား     ယခုအစည်းအဝေးတွင် အတည်ပြုသွားမည်ဖြစ်ကြောင်း၊ မူကြမ်း အတည်ပြုပြီးပါက      မဟာဗျူဟာပါ ရည်မှန်းချက်များကို  ထိရောက်အောင်မြင် စွာ          အကောင်အထည်ဖော်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်       အဖွဲ့ အစည်းများက ညှိနှိုင်းပူးပေါင်းဆောင်ရွက် မှု   အားကောင်းကောင်းဖြင့်     ပါဝင် ဆောင်ရွက်သွားကြရန်      တိုက်တွန်းပါ ကြောင်း။
တစိုက်မတ်မတ် အားစိုက်ဆောင်ရွက်
၂၀၂၂ ခုနှစ်   အောက်တိုဘာလတွင် FATF က    မြန်မာနိုင်ငံကို  ဆုံးရှုံးနိုင်ခြေ မြင့်မားပြီး        အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တောင်းဆိုခြင်းခံရသည့် နိုင်ငံ နှင့်   ဒေသများစာရင်းသို့     ပြောင်းလဲ သတ်မှတ်ခဲ့ပါကြောင်း၊ FATF ၏ မြန်မာ နိုင်ငံအပေါ်      လိုက်နာမှုအားနည်းချက် ရှစ်ချက်ကို            အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ    ၂၀၂၂   ခုနှစ် အောက်တိုဘာ  ၂၆   ရက်တွင်   မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ   ဦးဆောင် သော ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ကို    ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့အား   ဖွဲ့စည်းတာဝန်ပေးအပ် ခဲ့ကြောင်း၊ လုပ်ငန်းအဖွဲ့အနေဖြင့်လည်း တစိုက်မတ်မတ်   အားစိုက်ဆောင်ရွက်ခဲ့ ကြောင်း၊ ၂၀၂၄   ခုနှစ်  ဇွန်  ၂၈ ရက်တွင် စင်ကာပူနိုင်ငံ၌    ကျင်းပခဲ့သည့်   FATF မျက်နှာစုံညီအစည်းအဝေး၏   ထုတ်ပြန် ချက်အရ အလေးထားစိစစ်မှုများပြုလုပ် ရန် တောင်းဆိုခြင်းခံရသည့် နိုင်ငံနှင့်ဒေသ များ    စာရင်းမှ   ပြောင်းလဲပေးခြင်းမရှိ ကြောင်း၊ ၂၀၂၄ ခုနှစ်  အောက်တိုဘာလ အတွင်း      တိုးတက်ဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ခြင်းမရှိပါက   FATF   မှ တိုးမြှင့်အရေးယူ       ဆောင်ရွက်မှုများ လုပ်ဆောင်ရန်    စဉ်းစားသွားမည်ဟု ဖော်ပြခဲ့ကြောင်း။
ထို့ကြောင့်    တိုးတက်ဆောင်ရွက်မှု များ ပြသနိုင်ရန် FATF ၏  Action Plan တွင်   ပါရှိသည့်     အချက်များဖြစ်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး    ဥပဒေကို ပြင်ဆင်နိုင်ရေး         ဆောင်ရွက်လျက်ရှိ ကြောင်း၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေအား   ပြင်ဆင်ရန်နှင့်    သက်သေခံ ပစ္စည်း စီမံထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေး ဥပဒေအား       အသစ်ပြဋ္ဌာန်းရမည်ဖြစ် ကြောင်း၊ ၂၀၂၄ ခုနှစ်  အောက်တိုဘာလ မတိုင်ခင်  တိုးတက်မှုပြသနိုင်ရန် Action Plan    တွင်     ပါရှိသည့်အချက်များကို သက်ဆိုင်ရာဌာနများအလိုက်   အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွား ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍      ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့      အဖွဲ့ဝင်များ၊ အမျိုးသားအဆင့်  မဟာဗျူဟာနယ်ပယ် (၅)ရပ်နှင့် ငွေကြေးခဝါချမှုနှင့်   အကြမ်း ဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက် ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့တို့မှ တက်ရောက် လာသူများက  မိမိတို့ တာဝန်ယူထားသည့် ကဏ္ဍအလိုက်       ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များ ကို တင်ပြဆွေးနွေးခဲ့ကြပြီး    အမျိုးသား အဆင့်   မဟာဗျူဟာ    (၂၀၂၄-၂၀၂၈) (မူကြမ်း)အား        အတည်ပြုခဲ့ကြပြီး  အစည်းအဝေးကို       ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်