ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်  မတ်   ၁၄


ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို       ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ  အသိပညာ မြှင့်တင်ရေးဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၌ ကျင်းပသည်။


တက်ရောက်


ဆွေးနွေးပွဲသို့ ငွေကြေးခဝါချ မှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂတိ လိုက်စားမှု      တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်   ဦးကျော်ဝင်း သိန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ   ဒေါက်တာလင်း အောင်၊   မြန်မာနိုင်ငံတော်ဗဟို ဘဏ်မှ ညွှန်ကြားရေးမှူးချုပ်များ နှင့်   အရာထမ်းများ၊   ဘဏ်များ၊ ငွေရေးကြေးရေး   ကုမ္ပဏီများ၊ ပြည်ပငွေလွှဲလုပ်ငန်း လိုင်စင်ရရှိ သူများ၊  မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသူများနှင့် Money Changer များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 


အကြံပြုချက်များဆောင်ရွက်


ဆွေးနွေးပွဲတွင် အဂတိလိုက် စားမှုတိုက်ဖျက်ရေး    ကော်မရှင် အဖွဲ့ဝင်က       မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက် ရေးနယ်ပယ်တွင်  ဆောင်ရွက်ခဲ့မှု လုပ်ငန်းစဉ်များ၊ ငွေကြေးဆိုင်ရာ အရေးယူ  ဆောင်ရွက်ရေးအဖွဲ့ (FATF)  ၏  အကြံပြုချက်များ အပေါ်    အကောင်အထည်ဖော် ဆောင်ရွက်မှု   အခြေအနေများ၊ အာရှ-ပစိဖိတ်  ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့  (APG)  ၏ အဖွဲ့ဝင်နိုင်ငံအဖြစ်      ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်   အခြေ အနေများ၊ မြန်မာနိုင်ငံအနေဖြင့် FATF ၏    ပူးပေါင်းဆောင်ရွက် မှုမရှိသော     နိုင်ငံများစာရင်း (NCCT) အပါအဝင် ဆုံးရှုံးနိုင်ခြေ မြင့်မားသော နိုင်ငံများစာရင်းမှ လွတ်မြောက်ရေး   ကြိုးပမ်းခဲ့မှု အခြေအနေများကို   ဆွေးနွေး ပြောကြားသည်။ 


သင်တန်းများသင်ကြားပို့ချ


ထို့နောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်     ဒုတိယဥက္ကဋ္ဌက မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေ ဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်း ဖက်မှုကို   ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးအတွက်  ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများအပေါ်    ကြီးကြပ်စစ်ဆေးမှုနှင့် ကြပ်မတ်ကွပ်ကဲမှု   ဆောင်ရွက် လျက်ရှိသည့်အခြေအနေများနှင့် AML/CFT ဆိုင်ရာ လုပ်ငန်းများကို ပိုမိုထိရောက်စွာအကောင်အထည် ဖော် ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံတော်     ဗဟိုဘဏ်မှ ဦးဆောင်၍ အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာနနှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU) တို့ဖြင့် ပူးပေါင်းညှိနှိုင်းပြီး သင်တန်း များ သင်ကြားပို့ချခြင်းနှင့်   ယခု ကဲ့သို့     အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားမည့်   အခြေ အနေများကို ဆွေးနွေးပြောကြား သည်။ 


အသိပညာပေးရှင်းလင်း


ငွေကြေးခဝါချမှုနှင့် အကြမ်း ဖက်မှုကို   ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ    အသိပညာ မြှင့်တင်ရေးဆွေးနွေးပွဲတွင် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၊  ငွေကြေး ဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ  အရာရှိကြီးများက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက် မှုကို         ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ    ကိစ္စရပ် များအပေါ်    နားလည်သဘော ပေါက်စေရန်အတွက်    ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ကို On-site ကြီးကြပ်စစ်ဆေးရာ တွင် အဓိကစစ်ဆေးသည့်အချက် များ၊ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် သတင်း ပို့ရန်  တာဝန်များ၊   ဘဏ်များမှ သတ်မှတ်ပမာဏထက်   ကျော် လွန်သော   သတင်းပေးပို့ချက် များ (TTR)  နှင့်   သံသယဖြစ်ဖွယ် ငွေကြေးလွှဲပြောင်းဆောင်ရွက်မှုများ (STR)ပေးပို့မှုအခြေအနေများ၊  လူအများအပြား သေကျေစေသော လက်နက်များ    ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက် ရေးဆိုင်ရာ အရေးယူပိတ်ဆို့ခြင်း ကိစ္စရပ်များ၊ လက်ငင်းရလဒ် (I.O) ၃.၄    နှင့်စပ်လျဉ်း၍   အကောင် အထည်ဖော်ခြင်း ဆောင်ရွက်ချက် များနှင့်   ဆက်လက်ဆောင်ရွက် ရမည့်   အချက်များ၊    ငွေကြေး သို့မဟုတ် တန်ဖိုးလွှဲပြောင်းရေး ဝန်ဆောင်မှုများ    (Money or Value Transfer Services- MVTS) နှင့် ပြည်ပငွေလွှဲလုပ်ငန်း လိုင်စင် ရရှိသူ (Remittance Business License-RBL)   များက  လိုက်နာ ဆောင်ရွက်ရမည့်    အချက်များ အား   အသိပညာပေးရှင်းလင်း ဆွေးနွေးကြပြီး တက်ရောက်လာ ကြသူများက AML/CFT ဆိုင်ရာ သိရှိလိုသည့်    အချက်များအား မေးမြန်းခြင်းနှင့်  သက်ဆိုင်ရာ တာဝန်ရှိသူများက    ပြန်လည် ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြသည်။ 


သိရှိလိုသည်များမေးမြန်း


ထို့ပြင် ဆွေးနွေးပွဲတွင် ဘဏ် များ၊ ငွေရေးကြေးရေးကုမ္ပဏီများ၊ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်  ရရှိ သူများ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးသူများနှင့် Money Changer တို့မှ တာဝန်ရှိသူများ က ငွေကြေးခဝါချမှုနှင့်   အကြမ်း ဖက်မှုကို  ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ   သိရှိလို သည်များကို  ပြန်လည်ဆွေးနွေး မေးမြန်းခဲ့ကြပြီး  ဆွေးနွေးပွဲကို ရုပ်သိမ်းကြောင်း    သတင်းရရှိ သည်။          

            
သတင်းစဉ်