ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပ

နေပြည်တော်   ဇွန်   ၂၀
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက် မှုကို       ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး     လုပ်ငန်းအဖွဲ့၏ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း က  မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပပြုလုပ်သည်။ 
အစည်းအဝေးသို့    လုပ်ငန်း အဖွဲ့ဥက္ကဋ္ဌ      မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊  လုပ်ငန်းအဖွဲ့ဒုတိယဥက္ကဋ္ဌ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်    ဦးကျော်ဝင်းသိန်း၊ လုပ်ငန်းအဖွဲ့     အတွင်းရေးမှူး ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်း ရေးအဖွဲ့            အဖွဲ့ခေါင်းဆောင် ယာယီရဲမှူးချုပ်  သန့်လွင်မောင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အရာရှိ ကြီးများ၊     ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို         ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ဝင်များ     ဖြစ်သည့် ပြည်ထောင်စုတရားလွှတ်တော် ချုပ်၊       အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊  အထူးစုံစမ်းစစ်ဆေးရေး        ဦးစီးဌာန၊     ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး    ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊  ပြည်တွင်း အခွန်များဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှု နှင့်    ကုမ္ပဏီများ   ညွှန်ကြားမှု ဦးစီးဌာန၊    မြန်မာ့ကျောက်မျက် ရတနာ   ရောင်းဝယ်ရေးလုပ်ငန်း၊ သစ်တောဦးစီးဌာန၊  ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊       မြန်မာနိုင်ငံ      ရဲတပ်ဖွဲ့ဌာနချုပ်၊ အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်၊ မူးယစ် ဆေးဝါး         တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့်        ငွေကြေးဆိုင်ရာ    စုံစမ်းထောက်လှမ်းရေး   အဖွဲ့တို့မှ         တာဝန်ရှိသူများ     တက်ရောက် ကြသည်။
အစည်းအဝေးတွင်      မြန်မာ နိုင်ငံတော်ဗဟိုဘဏ်    ဥက္ကဋ္ဌက (၁၁) ကြိမ်မြောက်  မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက် ရေးဆိုင်ရာ တိုးတက်မှုအစီရင်ခံစာ အပေါ် အာရှပစိဖိတ်ဒေသ ပူးပေါင်း အဖွဲ့နှင့် ပြုလုပ်ခဲ့သည့်   မျက်နှာ ချင်းဆိုင်         အစည်းအဝေးတွင် ဆွေးနွေး     ဆုံးဖြတ်ချက်များအရ APJG  မှ  အကဲဖြတ်သူများအနေဖြင့် မြန်မာနိုင်ငံ၏    အကောင်အထည် ဖော်      ဆောင်ရွက်မှုများသည် တိုးတက်မှုရှိကြောင်းနှင့် ကြိုးပမ်း ဆောင်ရွက်မှုများအပေါ် အသိအမှတ် ပြုခဲ့ကြောင်း၊     ရလဒ်ကောင်းများ အနေဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် အထိ        အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အစီအမံ(၅)ခု သည်        ကြီးမားစွာ    လိုက်နာ ဆောင်ရွက်ရေးအဆင့်သို့ တိုးမြှင့် ရရှိခဲ့ကြောင်း၊     အသိအမှတ်ပြု တိုးတက်မှုများ ရရှိခဲ့သော်လည်း ပြည်သူလူထု၏   အကျိုးစီးပွားကို ထိခိုက်စေရန်   Media    များဖြင့် တိုက်ခိုက်မှုများ      ရှိနေကြောင်း၊ ယင်းအပေါ်  AML/ CFT ဆိုင်ရာ အကောင်အထည်ဖော်   တိုးတက် ဆောင်ရွက်များကို  အများပြည်သူ သိရှိစေရန် သတင်းထုတ်ပြန်ချက် များနှင့်         ရှင်းလင်းခဲ့ကြောင်း၊ စင်ကာပူနိုင်ငံတွင် မကြာမီ ကျင်းပ ပြုလုပ်မည့်       ငွေကြေးဆိုင်ရာ အရေးယူ    ဆောင်ရွက်ရေးအဖွဲ့ (FATF)  ၏  မျက်နှာစုံညီအစည်း အဝေးနှင့်    အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု      လေ့လာ သုံးသပ်ရေးအဖွဲ့  (ICRG) လုပ်ငန်း အဖွဲ့အစည်းအဝေးများသို့ မြန်မာ ကိုယ်စားလှယ်များ တက်ရောက် ရာတွင် အဓိကဆွေးနွေးသင့်သည့် အချက်များကို     သိရှိထားရန် လိုအပ်ကြောင်း။  
APJG  သို့  လေးလတစ်ကြိမ် တင်ပြရသည့် တိုးတက်မှုအစီရင် ခံစာနှင့်စပ်လျဉ်း၍    ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက် ရန် ကျန်ရှိသည့်အစီအမံများအား အဆင့်သတ်မှတ်ချက်    ပိုမိုရရှိ ရေး  ကြိုးပမ်းဆောင်ရွက်ရန်နှင့်  တရားမဝင်   ဒစ်ဂျစ်တယ်ငွေကြေး များ    ရောင်းဝယ်လဲလှယ်ခြင်း နှင့်   နိုင်ငံခြားငွေကြေးကစားနေသူ များနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက် နေသူများကို    တရားဝင်လိုင်စင် မရှိဘဲ      ဆောင်ရွက်နေသည့် အတွက် ငွေကြေးခဝါချမှုတိုက်ဖျက် ရေးဥပဒေနှင့်    ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်အညီ        အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။ 
ဆက်လက်၍ ငွေကြေးခဝါချ မှုနှင့်  အကြမ်းဖက်မှုကို  ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်း အဖွဲ့၏ ဒုတိယဥက္ကဋ္ဌနှင့် အတွင်း ရေးမှူးတို့ကလည်း FATF နှင့် ICRG အစည်းအဝေးများတွင် တင်ပြရန် အချက်များနှင့် APJG သို့ လေးလ တစ်ကြိမ်တင်ပြရသည့် တိုးတက် မှုအစီရင်ခံစာနှင့်   စပ်လျဉ်း၍ ဆက်လက်      ဆောင်ရွက်ရမည့် အချက်များကို ဖြည့်စွက်ဆွေးနွေး ခဲ့ကြကြောင်း   သတင်းရရှိသည်။ 
သတင်းစဉ်