ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဥပဒေ အသိပညာပေး

 

ရန်ကုန်   ဒီဇင်ဘာ  ၁


မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးအသင်း(MRPDA) ရန်ကုန်တိုင်းက ကြီးမှူး ၍   ငွေကြေးခဝါချမှုနှင့်   အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု   တိုက်ဖျက်ရေးဥပဒေ အသိပညာပေးသင်တန်း(၉/၂၀၂၂)ကို နိုဝင်ဘာ ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး   တာမွေ မြို့နယ်ရှိ Sky Star ဟိုတယ်၌ ဖွင့်လှစ်သည်။

 


“ငွေကြေးခဝါချမှု      တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီးတော့ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းလုပ်ကိုင်နေတဲ့ သူတွေမှာ မဖြစ်မနေ ဒီသင်တန်းကို တက်ရောက်ဖို့ လိုအပ်လာတာ ကြောင့် ဒီသင်တန်းကို စီစဉ်ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါတယ်။  ဒီသင်တန်းတွေက နောက်ပိုင်းမှာ ကျွန်တော်တို့အသင်းရဲ့အသိအမှတ်ပြု အိမ်ခြံ မြေအကျိုးဆောင် လက်မှတ်ရဖို့အတွက်လည်း အထောက်အကူပြုပါတယ်”ဟု မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်ထွန်းက ပြောသည်။ 
သင်တန်းကို   ဌာနဆိုင်ရာတာဝန်ရှိသူ များက    သင်တန်းသားအကျိုးဆောင်များ အတွက် ပို့ချပေးခဲ့ရာ အသင်းဝင်   အိမ်ခြံမြေ အကျိုးဆောင်များ၊   အသင်းဝင်မဟုတ်သည့် အိမ်ခြံမြေအကျိုးဆောင်များ      အပါအဝင် သင်တန်းတက်ရောက်သူ  ၁၀၀၀ ခန့်   စာရင်း ပေးတက်ရောက်ကြသည်။ အသင်းအနေဖြင့် ယခု ကိုးကြိမ်မြောက်        သင်တန်းအပါအဝင် သင်တန်းသား ၃၀၀၀ ကျော်အား သင်တန်း ဆင်းလက်မှတ်  ပေးအပ်နိုင်မည်ဖြစ်ကြောင်း   သိရသည်။

 

 
အဆိုပါ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဥပဒေ အသိပညာပေးသင်တန်းအား ဒီဇင်ဘာ ၃ ရက် တွင်လည်း မန္တလေးမြို့ရှိ Great Wall ဟိုတယ် ၌  ဆက်လက်ဖွင့်လှစ်ပို့ချမည်ဖြစ်သည်။ ထို သင်တန်းများဖွင့်လှစ်ပေးခြင်းဖြင့် အိမ်ခြံမြေ အလုပ်လုပ်ကိုင်နေကြသည့် အကျိုးဆောင်များ အတွက်   ဆောင်ရန်၊ ရှောင်ရန်အချက်များ အပါအဝင် နိုင်ငံတော်၏ အကျိုးကိစ္စရပ်များကို တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်နိုင်ကြ ရန် ရည်ရွယ်ကြောင်း သိရသည်။                

မင်းခ