နေတိုးအတွင်းရေးမှူးချုပ်က ယူကရိန်းပဋိပက္ခအကျပ်အတည်းကို သံတမန်နည်းလမ်းဖြင့်ဖြေရှင်းရန် တိုက်တွန်း

 

တယ်လင်    မတ်   ၂  


အလည်အပတ် ရောက်ရှိလာသော မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့  (နေတိုး)၏  အတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘာ့ဂျ်က ဆက်လက် ဖြစ်ပွားနေသည့် ယူကရိန်းပဋိပက္ခ အကျပ်အတည်းကို     သံတမန် နည်းလမ်းဖြင့်       ဖြေရှင်းရန် တိုက်တွန်းသွားမည် ဖြစ်ကြောင်း မတ်   ၁  ရက်က      ပြောကြား လိုက်သည်။ 

 


အက်စ်တိုးနီးယား   မြောက် ပိုင်း တာပါစစ်ဘက် အခြေစိုက် စခန်း၌ အလည်အပတ် ရောက်ရှိ နေသော      ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့်  အက်စ်တိုး နီးယားဝန်ကြီးချုပ် ကာဂျာကယ် လက်စ်တို့နှင့်အတူ ပူးတွဲသတင်းစာ ရှင်းလင်းပွဲပြုလုပ်နေစဉ်      စတို တန်ဘာ့ဂျ်က ထိုသို့မှတ်ချက်ပြု ပြောကြားလိုက်ခြင်းဖြစ်သည်။ 

 


ယူကရိန်းတွင်     ဖြစ်ပွားနေ သော စစ်ပွဲများ ချက်ချင်းရပ်ဆိုင်း ရန်၊    ရုရှားတပ်ဖွဲ့များကို   စစ်ပွဲ အတွင်းမှ     ဆွဲထုတ်သွားရန်နှင့်    သံတမန်နည်းလမ်းကို အားပေး လုပ်ဆောင်သွားရန်     ၎င်းက    တိုက်တွန်းပြောကြားလိုက်သည်။ 
လွန်ခဲ့သော      သီတင်းပတ် များက ယူကရိန်းကို တိုက်ခိုက်နေ သော ရုရှားတပ်ဖွဲ့၏ တိုက်ခိုက်မှု ကို  တုံ့ပြန်သောအားဖြင့်   မိမိတို့ ၏      ခံစစ်ဖြန့်ကြက်မှုများကို မြေပြင်၊ ဝေဟင်နှင့် ပင်လယ်ပြင် ထိပါ တိုးမြှင့်ထားကြောင်း ၎င်းက ပြောသည်။ 

 


မတူညီသော နေရာပေါင်း ၃၀ တွင်  ဂျက်လေယာဉ်အစင်း ၁၀၀ ကျော်ကို အဆင့်မြင့်ဆုံး တပ်လှန့် ထားပြီး ဘောလ်တစ်ပင်လယ်မှ သည် မြေထဲပင်လယ်အထိသင်္ဘော ပေါင်း  ၁၂၀ ကျော်ကို ဖြန့်ကြက် လွှမ်းခြုံထားကြောင်း  စတိုတန် ဘာ့ဂျ်က ပြောကြားလိုက်သည်။ ထို့အပြင်   ဗြိတိန်၊    အမေရိကန် ပြည်ထောင်စုနှင့်     တခြားမဟာ မိတ်များသည် အရှေ့ဘက်ပိုင်းသို့ တပ်ဖွဲ့ဝင် ထောင်ချီဖြန့်ကြက်ထား ကြောင်း    ၎င်းက   ဆက်လက် ပြောကြားသည်။ 
မိမိတို့၏ သမိုင်းတွင် ပထမ ဆုံးအကြိမ်အဖြစ် နေတိုးတန်ပြန် တပ်ဖွဲ့များကို  တပ်ဖြန့်ထားခြင်း ဖြစ်ကြောင်း နေတိုးအကြီးအကဲ က ပြောကြားလိုက်သည်။ 


ဆင်ဟွာ